အမြင့်စား Android One ဖြစ်တဲ့ Nokia 8 Sirocco hands-on

0
623

နိုကီရာဟာ MWC 2018 ပွဲမှာ ဖုန်းအသစ်တွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအထဲမှာ Android အလန်းစားတွေလည်း ပါဝင်ခဲ့ပါတယ်။ Nokia 8110 ဆိုတဲ့ အနိမ့်စားဖုန်းတွေကနေ အလတ်တန်းစား flagship Nokia 7 Plus အထိ စုံလင်ပါတယ်။

အဲဒီပွဲရဲ့ စတားကတော့ brand-new Nokia 8 Sirocco ပါပဲ။ brand နာမည်ကို ပြန်လည်ထွန်းတောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

glass-and-steel ကိုယ်ထည်ကွေးဟာ အနားသတ်တွေကို ထက်စေပြီးတော့ စတိုင်လ်ကျလှပစေပါတယ်။ အနားသတ်တွေဟာ ထက်နေတဲ့အတွက် ကိုင်ရတာခက်ခဲပါတယ်။ ဒါပေမယ့်လည်း Nokia 8 Sirocco ကတော့ ကြည့်လို့ကောင်းနေဆဲပါပဲ။

အဲဒီဖုန်းမှာ ကြိုးမဲ့အားသွင်းစနစ်၊ IP67 ရေစိမ်ခံ တို့ပါဝင်ပေမယ့်လည်း နိုကီရာဟာ သုံးစွဲသူတချို့မကြိုက်နိုင်တဲ့အရာကို လုပ်ထားပါတယ။် ဒါကတော့ 3.5 mm headphone jack မပါဝင်ခြင်းပါပဲ။ ပြီးတော့ မနှစ်က Qualcomm Snapdragon 835 processor ကို အသုံးပြုထားတဲ့အတွက်ကြောင့်ပါ။

ကျန်တဲ့အချက်အလက်တွေကတော့ ဒီဇိုင်းပိုင်းမှာ အမြင့်စားတွေပါပဲ။ အဲဒီဖုန်းမှာ 6 GB RAM ၊ 128 GB သိုလှောင်မှု ၊ ၅.၅လက်မ Quad HD pOLED display ကတော့ အံ့သြစရာကောင်းလှပါတယ်။ 16:9 aspect ratio display ပါဝင်တဲ့အတွက်ကြောင့် ဈေးကွက်ထဲကအခြားသောဖုန်းတွေထက် ထူးခြားနေပါတယ်။ ကာလာတွေကတောက်ပြီးတော့ vivid ဖြစ်ပေမယ့်လည်း 2017 flagship ထက်တော့ ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို တပ်ဆင်ထားပြီးတော့ Zeiss optics ရဲ့ လက်ရာဖြစ်ပါတယ်။ 12 နဲ့ 13 MP sensor ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းကို အပြည့်အ၀မစမ်းသပ်ခဲ့ရပါဘူး။ ဒါပေမယ့် second ကင်မရာရဲ့ 2X optical zoom ကတော့ အမြင်ပိုင်းဆိုင်ရာ အရည်အသွေးမှာ အာရုံစူးစိုက်ထားတယ်ဆိုတာ ပြသနေပါတယ်။

Hardware ပိုင်းမှာလည်း ကောင်းမွန်ပြီးတော့ Android One ကိုမောင်းနှင်ထားပါတယ်။ ဒါဟာ Android ရဲ့ အရှင်းလင်းဆုံးဗားရှင်းပါပဲ။ ဒါဟာ Google Pixel ဖုန်းတွေထက်တောင် ပိုရှင်းလင်းပါသေးတယ်။ Sirocco ဟာ ဘူးထဲကထွက်ထွက်ချင်း app ၁၈ခုသာ install လုပ်ပေးထားပါတယ်။ နိုကီရာဟာ ဒီဇိုင်းပိုင်းမှာ အဓိကအားဖြင့် ရှင်းလင်းအောင်လုပ်ဆောင်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သူဟာ ဈေးကွက်ထဲမှာရနိုင်တဲ့ အမိုက်စား Android One တစ်လုံးလို့ ဆိုနိုင်ပါတယ်။ Nexus တွေထက်မလာတော့မှန်းသိနေတော့ ဒါထက်ကောင်းတာမရှိနိုင်တော့ပါဘူး။

၁၂သိန်းခွဲနဲ့ဆိုတော့ Nokia 8 Sirocco ဟာ ဈေးအကြီးဆုံး Android One ဖုန်းဖြစ်ပါတယ်။ အမိုက်စား အချက်အလက်တွေ၊ cutting edge ဒီဇိုင်း၊ Android ရဲ့အရှင်းလင်းဆုံးဗားရှင်းတွေနဲ့ဆိုတော့ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

ဒီနှစ် ဧပရယ်မှာ launch လုပ်မှာဖြစ်ပြီးတော့ အပြည့်အစုံကို မကြာခင်မှာတင်ဆက်ပေးသွားမှာပါ။