Enterprise Gadget Trending

စမတ်ဖုန်းစံနှုန်းသစ်ကို ပြသလိုက်တဲ့ Vivo စမတ်ဖုန်း

Vivo ရဲ့ စိတ်ကူးကတော့ အနားသတ်ဘောင်တွေဆိုတာ ပြတိုက်မှာသွားကြည့်ရလောက်တဲ့အထိပါပဲ။

ဒါကြောင့်မို့ မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ ပထမဆုံးသော မျက်နှာက်ပြင်တစ်ဝက်အထိ ယူထားတဲ့ လက်ဗွေစနစ်ပါဖုန်းလေးကို မိတ်ဆက်ထားပါတယ်။ concept ဖုန်းအဆင့်ပါ။

ဒါ့ကြောင့် သုံးစွဲသူတွေဟာ ကြီးမားတဲ့လက်ဗွေစနစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် နေရာကို လိုက်ရှာနေစရာမလိုတော့ပါဘူး။ ဒါကြောင့် sensor ၊ ခလုတ်တွေထားတဲ့ ဘောင်နေရာတွေကို ဖယ်ရှားနိုင်တာဖြစ်လို့ မျက်နှာပြင်ပိုကျယ်သွားပါတယ်။

Apex ရဲ့ ဘောင်တွေဟာသေးငယ်လာတဲ့အတွက်ကြောင့် ဆယ်လ်ဖီကင်မရာကို ဖုန်းမျက်နှာပြင်ရှေ့မှာ ထားလို့မရတော့ပါဘူး။ ဒီအရေးကိုဖြေရှင်းဖို့အတွက် ဖုန်းလေးမှာ ဆယ်လ်ဖီကင်မရာကို ဖုန်းအပေါ်မှာထည့်ထားပြီးတော့ လိုတဲ့အချိန်မှ ထွက်လာမှာပါ။ ကင်မရာလေးကတော့ 8-megapixel ဖြစ်ပါတယ်။ အဲဒီဖုန်းလေးကိုတော့ Mobile World Congress မှာ ပြသခဲ့တာဖြစ်ပြီး concept အဆင့်သာရှိသေးတာမို့ ဈေးနှုန်း၊ ရနိုင်တဲ့ဈေးကွက်တွေကိုတော့ မသိရသေးပါဘူး။

Vivo ရဲ့ မျက်နှာပြင်အောက်လက်ဗွေရာစနစ်ဖုန်းဖြစ်တဲ့ X20 Plus UD ကိုတော့ တရုတ်ဈေးကွက်မှာ ဇန်န၀ါရီလက launch လုပ်ပြခဲ့ပါတယ်။ Vivo ရဲ့ မျက်နှာပြင်တစ်ဝက်ယူထားတဲ့ လက်ဗွေစနစ်ကတော့ fingerprint sensor ကို ဖုန်းရဲ့ဘောင်မှာထည့်စရာမလိုတော့သလို ဖုန်းရဲ့အနောက်ဘက်မှာလည်း ထည့်စရာမလိုတော့ပါဘူး။ ဒါကြောင့်သုံးစွဲသူက ဖုန်းကိုကောက်ယူလိုက်တဲ့အချိန်မှာ အလွယ်တကူပဲ unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် လုံခြုံမှုရှိစေဖို့အတွက် ဖုန်းမှာ မတူညီတဲ့ လက်ဗွေတွေကိုတော့ ထည့်သွင်းပေးရပါလိမ့်မယ်။

ဖုန်းအတွက် လက်ဗွေစနစ်ကိုထည့်သွင်းဖို့အတွက် OLED screen လိုအပ်မှာဖြစ်ပြီးတော့ မထိခင်မှာ မျက်နှာပြင်ကိုဖွင့်ဖို့လိုအပ်ပါတယ်။ ဒီကောင်လေးရဲ့ရည်ရွယ်ချက်ကတော့ ဘောင်တွေကိုနည်းပါးသွားစေဖို့ပဲဖြစ်ပါတယ်။

Vivo ရဲ့ Apex ဖုန်းမှာ ဘယ်လို feature တွေပါဝင်မလဲ

Vibrating earpiece – ဘောင်ထဲမှာမြှုပ်ထားမယ့်အစား earpiece လေးတွေဟာ မျက်နှာပြင်ကိုတုန်ခါစေတဲ့အတွက်ကြောင့် စပီကာအနေနဲ့ ဆောင်ရွက်ပေးမှာပါ။

ဘောင်နည်းဒီဇိုင်း – ထိပ်နဲ့ဘေးဘောင်တွေဟာ 8mm ရှိပြီးတော့ အောက်ဘက်မှာတော့ ဘောင်နည်းနည်းကြီးတယ်လို့ဆိုနိုင်တဲ့ 4.3mm ရှိပါတယ်။

မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးကတော့ 98%, အထိရောက်သွားပြီးတော့ တကယ့်ဘောင်နည်းဒီဇိုင်းကို ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ APEX ဟာ ဖုန်းလုပ်ငန်းအတွက် စံနှုန်းအသစ်ကိုပြဌာန်းလိုက်တာဖြစ်ပါတယ်။ ခံစားမှုအမြင့်ဆုံးကို ပေးအပ်နိုင်စေမှာပါ။ အသံ၊ ဓါတ်ပုံ၊ မျက်နှာပြင်အောက် လက်ဗွေစနစ်တွေနဲ့ Vivo ဟာ အနာဂတ်စမတ်ဖုန်းတွေကို ပြသလိုက်တာလည်းဖြစ်ပါတယ်။ ဒါကတော့ ဆန်းသစ်မှုကို ပြသလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့သုံးစွဲသူတွေအတွက်ဖြစ်နိုင်တဲ့ အကောင်းဆုံးသောခံစားမှုတွေကို ချပြသွားမှာပါလို့ ပြောခဲ့ပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org