ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်လှမ်းနေတဲ့စနစ်မျိုးလုပ်ဆောင်နေတာမဟုတ်ဘဲ ကမ္ဘာပေါ်ကလူပေါင်းများစွာရဲ့ အင်တာနက်လုပ်ဆောင်မှုတွေကို စောင့်ကြည့်နိုင်ဖို့ လျှို့ဝှက်ဖိုင်တွေကို တည်ဆောက်ထားပါတယ်။ ဇူကာဘတ်ကတော့ ဒီလိုလုပ်ရခြင်းဟာ သင့်ရဲ့အကြိုက်အပေါ်မှာမူတည်ပြီးတော့ ကြော်ငြာတွေနဲ့ content တွေကို ဖော်ပြပေးနိုင်ဖို့၊ လုံခြုံရေးကောင်းမွန်စေဖို့ပါလို့ ပြောထားပါတယ်။
သူတို့ log in လုပ်လိုက်တဲ့အချိန်မှာ စုဆောင်းထားတဲ့ အချက်အလက်တွေကို သုံးစွဲသူတွေကိုလည်း ဒေါင်းလုတ်ပြုလုပ်ခွင့်ပေးထားပါတယ်။ သင်အကြောင်းကို ဖေ့စ်ဘွတ်ကဘာတွေသိထားသလဲဆိုတာကတော့ သိပ်ပြီးပွင့်ပွင့်လင်းလင်းပြောမထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သိသလောက်တော့ ပြောပြသွားမှာမို့ ဆက်လက်ဖတ်ကြည့်ရအောင်။
သူစုဆောင်းထားတဲ့ အချက်အလက်တွေကတော့ သင့်ရဲ့ဒီဂျစ်တယ် identity ၊ chat box history၊ သင်တင်လိုက်တဲ့ ဓါတ်ပုံတွေမှအစ သင်ရှယ်လိုက်တဲ့ပို့စ်တွေ၊ ၀င်ကြည့်ဖြစ်တဲ့ကြော်ငြာတွေ အကုန်ပါပဲ။ third party ၀က်ဘ်ဆိုက်တွေရဲ့ ကွတ်ကီးတွေ၊ plug in တွေကိုအသုံးပြုပြီးတော့ စုဆောင်းခြင်းဖြစ်ပါတယ်။
ဖေ့စ်ဘွတ်မသုံးဘူးဆိုရင်တောင်မှ သင့်လုပ်ရပ်တွေကို သူကသိရှိနေမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ပေါင်း ၁၀ ၀၀၀ကျော်ဟာ မမြင်ရတဲ့ Pixel ထောက်လှမ်းရေးစနစ်တွေရှိပါတယ်။ သင်ဘယ်နေရာမှာရှိသလဲ၊ သင့်ရဲ့ ip ကဘာလဲ၊ သင့်ရဲ့ ISP ကဘယ်သူလဲ အကုန်သိပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ နစ်ဟာ ဖေ့စ်ဘွတ်က သူ့အကြောင်းဘယ်လောက်သိသလဲဆိုတာကို စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အတော်လေးအံ့သြသွားခဲ့ရပါတယ်။ မူကြိုကျောင်းရဲ့ ပထမနေ့မှာ သူ့ကိုကျောင်းလိုက်ပြီး ကျောင်းရှေ့မှာ ဖက်ထားခဲ့တဲ့ဗွီဒီယိုဖိုင်လေးကိုလည်း သူကသိနေပါတယ်။ အင်တာနက်ဝန်ဆောင်မှုအတွက် ကျသင့်တဲ့ငွေကြေး၊ ဘဏ်ငွေလွှဲစာဖြတ်ပိုင်းတွေ၊ အခြားသောဆိုက်တွေရဲ့ သမိုင်းကြောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
သင့်ရဲ့ personal data တွေကို ကြည့်ချင်တယ်ဆိုရင်တော့ ညာဘက်အပေါ်နားက drop down မီနူးလေးကိုနှိပ်ပြီးတော့ settings ထဲကိုဝင်လိုက်ပါ။ Download a copy of your data file ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဖေ့စ်ဘွတ်က သင့်အကြောင်းသူသိထားသမျှတွေကို ထုတ်ပြပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်တဲ့အခါမှာတော့ ဒေါင်းလုတ်ဆွဲချိန်ကြာမြင့်မှာဖြစ်တဲ့အတွက် request ပဲပို့ထားလို့ရပါတယ်။ ဆွဲလို့ရချိန်မှ အီးမေးလ်ထဲကို ပို့ပေးမယ်လို့ ပြောပါတယ်။ မိတ်ဆွေတို့လည်း စမ်းသပ်ကြည့်လို့ရပါတယ်။ သင့်ရဲ့ဖေ့စ်ဘွတ်အကောင့်စဖွင့်ချိန်မှအစတွေ့မြင်ရမယ်လို့ ပြောထားပါတယ်။
ဖေဖော်ဝါရီလတုန်းက ဘယ်လ်ဂျီယံတရားရုံးကနေပြီးတော့ သူတို့နိုင်ငံက အင်တာနက်သုံးစွဲသူတွေကို ထောက်လှမ်းနေတာရပ်မလား ၊ ဒဏ်ကြေး ဒေါ်လာ ၃၀၅ ၀၀၀ ပေးမလားလို့ ရွေးခိုင်းခဲ့ပါတယ်။ သုံးစွဲသူအများစုကတော့ သူတို့ရဲ့အင်တာနက်ပေါ်က လုပ်ဆောင်ချက်တွေကို ပေးမသိချင်ကြပါဘူး။
ဖေ့စ်ဘွတ်ကတော့ သူတို့အသုံးပြုနေတဲ့ cookie တွေနဲ့ pixel တွေဟာ လုပ်ငန်းစံနှုန်းတွေနဲ့ကိုက်ညီတယ်လို့ ပြောထားပါတယ်။ သူတို့အဖွဲ့ဟာ လုံခြုံရေးကိုလည်း အဓိကထားပြီးတော့ လုပ်ဆောင်ကြပါတယ်။ သုံးစွဲသူတွေကိုလည်း ထိန်းချုပ်ခွင့်တွေပေးထားပါတယ်။
သြစတေးလျအစိုးရကတော့ ဖေ့စ်ဘွတ်နဲ့ အခြားသော Platform တွေရဲ့လုပ်ရပ်ကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပါတယ်။ သြစတေးလျမှာ ဖေ့စ်ဘွတ်ကို တစ်ရက် ၁.၇ နာရီလောက်အသုံးပြုနေကြပါတယ်။
ဒီတော့ သင့်ရဲ့ data ဖိုင်လေးကို မဒေါင်းခင် သူသိထားတဲ့အချက်လေးတွေ ဟုတ်သလားဆိုတာကို စစ်ဆေးနိုင်ဖို့ ကြိုတင်ဖော်ပြပေးလိုက်ပါတယ်။ သူကတော့ ၉၈ချက်လို့ပြောထားပါတယ်။ ပြည့်မပြည့် ကိုယ့်ဘာသာ တိုက်ကြည့်ကြပေါ့။
- တည်နေရာ
- အသက်အရွယ်
- မျိုးဆက်
- ကျား၊ မ
- ဘာသာစကား
- ပညာရေး
- လေ့လာမှုနယ်ပယ်
- ကျောင်း
- လူမျိုးစု
- ၀င်ငွေနဲ့ ကြွယ်ဝမှု
- အိမ်ပိုင်ဆိုင်မှု
- အိမ်တန်ဖိုး
- ပိုင်ဆိုင်မှုအရွယ်အစား
- အိမ်အကျယ်အ၀န်း
- အိမ်သက်တမ်း
- လူဦးရေ
- ရက်သုံးဆယ်အတွင်း နှစ်ပတ်လည်ရှိသော သုံးစွဲသူများ
- မိသားစု ဒါမှမဟုတ် မွေးရပ်မြေနဲ့ဝေးကွာနေသော သုံးစွဲသူများ
- မွေးနေ့၊ စေ့စပ်ခြင်း၊ လက်ထပ်ခြင်း၊ သူငယ်ချင်းအချင်းချင်း နှစ်ပတ်လည်နေ့များ
- LDRS ဖြစ်နေသော သုံးစွဲသူများ
- RS အသစ်နဲ့ သုံးစွဲသူများ
- အလုပ်အသစ်နဲ့ သုံးစွဲသူများ
- မကြာခင်ကမှ စေ့စပ်ထားသော သုံးစွဲသူများ
- မကြာခင်ကမှ လက်ထပ်ထားသော သုံးစွဲသူများ
- မကြာခင်ကမှ ပြောင်းရွှေ့လာသော သုံးစွဲသူများ
- မကြာခင်ရောက်တော့မယ့် မွေးနေ့ရှင်များ
- မိဘ
- မျှော်လင့်ထားသောမိဘ
- အမေအမျိုးအစားများ
- နိုင်ငံရေးစိတ်ဝင်စားသူများ
- ရှေးရိုးစွဲနဲ့ လစ်ဘရယ်
- Relationship status
- ၀န်ထမ်း
- လုပ်ငန်း
- ရာထူး
- ရုံးအမျိုးအစား
- စိတ်ဝင်စားမှုများ
- ဆိုင်ကယ်ရှိသူ
- ကားဝယ်ချင်သူ
- မကြာခင်ကမှ ကားနဲ့ဆက်စပ်ပစ္စည်းဝယ်ယူထားသူ
- ကားနဲ့ပတ်သတ်သော ၀န်ဆောင်မှုလိုအပ်နေသူ
- သင်မောင်းနေတဲ့ကားရဲ့ စတိုင်လ်နဲ့ brand
- ကားဝယ်တဲ့ခုနှစ်
- ကားရဲ့သက်တမ်း
- နောက်ထပ်ကားအတွက် ငွေဘယ်လောက်သုံးမလဲ
- ဘယ်နေရာမှာ ၀ယ်ချင်တာလဲ
- သင့်မှာ ၀န်ထမ်းဘယ်လောက်ရှိလဲ
- အသေးစားလုပ်ငန်းရှင်များ
- အမှုဆောင်၊ မန်နေဂျာများ
- လှူဒါန်းနေသူများ
- Operating system
- canvas ဂိမ်းဆော့သူ
- console ဂိမ်းဆော့သူ
- Facebook event ဖန်တီးသူ
- Facebook Payments အသုံးပြုသူ
- Facebook Payments ကိုသာမန်ထက်အသုံးပြုသူ
- Facebook page ကို စီမံနေသူများ
- မကြာခဏဓါတ်ပုံတင်လေ့ရှိသူများ
- Internet browser
- Email service
- နည်းပညာကို နောက်ကျစွာ၊ စောစီးစွာ အသုံးပြုနေခြင်း
- ဘယ်နိုင်ငံက လာလဲ
- ဘဏ်အကြောင်း
- ရင်းနှီးမြှုပ်နှံသူများ
- ခရက်ဒစ်လိုင်းများအကြောင်း
- ခရက်ဒစ်အသုံးပြုသူ
- ခရက်ဒစ်ကက်အမျိုးအစား
- debit card ရှိသူ
- ကက်ထဲမှာ ငွေဘယ်လောက်ကျန်သေးသလဲ
- ရေဒီယိုနားထောင်သူ
- TV shows ကြိုက်နှစ်သက်သူ
- မိုဘိုင်းလ်ဖုန်းသုံးစွဲသူ
- Internet connection အမျိုးအစား
- မကြာသေးခင်ကမှ စမတ်ဖုန်း၊ တက်ဘလက်ဝယ်ယူထားသူ
- စမတ်ဖုန်း၊ တက်ဘလက်မှ အင်တာနက်အသုံးပြုသူ
- ကူပွန်အသုံးပြုသူ
- အိမ်သားတွေရဲ့ ၀ယ်ယူမှုစနစ်
- အိမ်သားတွေဈေးအများဆုံးဝယ်လေ့ရှိတဲ့နှစ်
- ၀ိုင်၊ ဘီယာအများဆုံးဝယ်တဲ့ သုံးစွဲသူများ
- ကုန်ပစ္စည်းဝယ်ယူသူများ
- အလှကုန်ဝယ်ယူသူများ
- ဆေးဝါးပစ္စည်းဝယ်ယူသူများ
- အိမ်သုံးပစ္စည်းအပေါ် ငွေသုံးတတ်သူများ
- ကလေး၊ အိမ်မွေးအကောင်လေးများအတွက် ငွေသုံးတတ်သူများ
- သာမန်ထက် အိမ်သုံးပစ္စည်းကို ၀ယ်ယူသူများ
- အွန်လိုင်ဈေးကို ကြိုက်နှစ်သက်မှုအနေအထား
- စားတတ်တဲ့ စားသောက်ဆိုင်အနေအထား
- သုံးစွဲသူဝယ်ယူတတ်တဲ့ ဆိုင်အမျိုးအစား
- အွန်လိုင်းအာမခံတွေနဲ့ပတ်သတ်လို့ ဘယ်လိုမျိုးနဲ့ ကိုက်ညီမလဲ
- အိမ်မှာနေတဲ့အချိန်အတိုင်းအတာ
- မကြာခင်ပြောင်းရွှေ့တော့မယ့်သူ
- အိုလံပစ်ကို စိတ်ဝင်စားသူ
- မကြာခဏခရီးသွားတတ်သူ
- အလုပ်ဆက်ဆံရေးကောင်းသူ
- သုံးစွဲသူသွားချင်တဲ့ ခရီးအမျိုးအစား
- မကြာခင်ကမှ ခရီးကပြန်လာသူ
- ဘယ်လို ခရီးသွား app တွေကိုအသုံးပြုသလဲ
- timeshare ကို အသုံးပြုသူ