စက်ဘီးစီးနင်းမှုကို လုံခြုံစေမယ့် Blinkers system

0
420

စက်ဘီးမှာ အလင်းတွေထည့်ခြင်းက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဘီးရဲ့စွမ်းအားတွေကို စုဆောင်းပြီးတော့ ဆိုလာအလင်းတွေနဲ့ပေါင်းစပ်ပြီးတော့ လုပ်ဆောင်ခြင်းကနေ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပလုပ်ငန်းတစ်ခုကနေပြီးတော့ စက်ဘီးစီးနင်းမှုကို ပိုမိုလုံခြုံစေနိုင်မယ့်စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ Blinker တွေရဲ့အစလည်း ဖြစ်ပါတယ်။

Blinker စနစ်တွေရဲ့ မိတ်ဆက်ခြင်း

ဆွစ်ဇာလန်နိုင်ငံမှ Velohub ရဲ့ စွန့်ဦးလုပ်ဆောင်မှုနဲ့အတူ Blinker ဆိုတာကတော့ စက်ဘီးတွေအတွက် အရှေ့ရောအနောက်မှာပါဝင်မယ့် blinker တွေလို့ မြင်မိမှာပါ။ ဒါပေမယ့် developer တွေဟာ အဲဒီ gadget တွေကို အခြားသူတွေနဲ့ မတူညီအောင် နည်းပညာသစ်လေးတွေကို အသုံးပြုထားပါတယ်။

မြင်သာနိုင်စွမ်းမြင့်မားတဲ့ LED strip လေးကို အသုံးပြုထားတဲ့အပြင် အဲဒီစနစ်မှာ အရှေ့အတွက်မီး၊ အနောက်အတွက်မီးလေးတွေလည်း ပါဝင်ပါသေးတယ်။

ရှေ့မီးကတော့ mode သုံးမျိုးရှိပါတယ်။ အနောက်မီးကတော့ built-in accelerometer ကိုအသုံးပြုပြီးတော့ ဘီးရဲ့အရှိန်ကျသွားတဲ့အခါ ဘရိတ်အလင်းကို သိရှိအောင် ပြသပေးမှာပါ။ စက်ဘီးသမားတွေ ကွေ့တဲ့အခါမှာလည်း လုံခြုံစေဖို့အတွက် အလင်းလေးတွေက ကူညီပေးဦးမှာပါ။

Blinker စနစ်ရဲ့ အဓိကနည်းပညာကတော့ လောဆာထုတ်လုပ်ခြင်းပါပဲ။ သူတို့ရဲ့ ဆန်းသစ်တဲ့အပိုင်းကတော့ ညအချိန်မှာ bike အနောက်မှာ လေဆာနဲ့ထိုးပြပေးမှာပါ။

ဒါကြောင့် ဘေးနားကဖြတ်သွားတဲ့ ဆိုင်ကယ်တွေ၊ အခြားသောစက်ဘီးသမားတွေကိုလည်း မြင်သာစေနိုင်ပါတယ်။ အဲဒီ ဒီဇိုင်းကတော့ ကန့်သတ်ထားတဲ့ဘောင်တွေကို ပြသပေးပြီးတော့ လုံခြုံအောင်ဖန်တီးပေးခြင်းပါပဲ။

ပါဝါနဲ့ပတ်သတ်လာရင်တော့ Blinkers စနစ်ဟာ အားပြန်သွင်းနိုင်တဲ့ စနစ်တစ်ခုဖြစ်ပြီးတော့ micro USB နဲ့ သွင်းရမှာပါ။ သူကတော့ လက်ရှိမျိုးဆက် လက်ပ်တော့၊ desktop ၊ power adapter အားလုံးနဲ့ ကိုက်ညီပါတယ်။ built-in LED screen ပါဝင်ပြီးတော့ အားသွင်းနေချိန်မှာလည်း လက်နေမှာပါ။ အားပြန်သွင်းနိုင်တဲ့ ဘတ်ထရီတွေကတော့ တစ်ခါအားသွင်းပြီးရင် ခန့်မှန်းချေ ၇နာရီကြာပါတယ်။

Install လုပ်ရတာကလည်း လွယ်ကူပါတယ်။ လုပ်ဆောင်ရမယ့်ပစ္စည်းတွေက သံလိုက်တွေဖြစ်တဲ့အတွက် စက်ပြင်အသိ ရှိစရာမလိုအပ်ပါဘူး။ Velohub ကလည်း Blinkers စနစ်ကို သုံးစွဲသူတွေနဲ့ရင်းနှီးမှုရှိအောင် လုပ်ဆောင်ထားပါတယ်။ ဒါကြောင့် အောင်မြင်မှုရရှိခဲ့တာပေါ့။

Blinkers စနစ်ရဲ့ အကြီးမားဆုံးအားနည်းချက်ကတော့ ကုန်ကျစရိတ်ပါပဲ။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၂၅၀ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ စက်ဘီးကိုရူးသွပ်သူများနဲ့ ကျန်းမာရေးဂရုစိုက်သူများအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဘတ်ဂျက်သမားတွေအတွက်ဆိုရင်တော့ အရှေ့ဘက် blinker ၊ အနောက်ဘက် blinker စသဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

စက်ဘီးဟာ နေ့စဉ်သွားလာရေးအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့အတွက် Blinkers စနစ်ဟာလည်း စီးနင်းသူတွေကို လုံခြုံစွာနဲ့ သွားလိုရာရောက်အောင် ကူညီပေးမှာပါ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း health & fitness app တွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

Velohub ဆိုတဲ့လုပ်ငန်းအကြောင်းကိုလည်း သိသင့်တာပေါ့။ သူတို့ဟာ သေးငယ်တယ်ဆိုပေမယ့်လည်း Velohub ဟာ Blinkers စနစ်ဖန်တီးခြင်းအတွက် လူသိများတဲ့သူ ဖြစ်ပါတယ်။ CEO Javier Fernandez de Alegria ဦးဆောင်ပြီးတော့ အရောင်းပိုင်း၊ လျှပ်စစ်ပိုင်း၊ မားကတ်တင်း၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာနဲ့ တိုက်ရိုက်ရောင်းချမှု စတဲ့လူတွေနဲ့ ပေါင်းခြောက်ယောက်သာ ရှိပါတယ်။ သေးငယ်တဲ့အုပ်စုလေးဆိုပေမယ့် သူတို့မှာ ပန်းတိုင်ကြီးတွေရှိပါတယ်။ ရအောင်လည်းလုပ်နိုင်ဖို့ လမ်းကြောင်းပေါ်ရောက်နေပါပြီ။

ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့စာသားတွေအရ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ “စမတ်နည်းပညာကိုအသုံးပြုပြီးတော့ စက်ဘီးသမားတွေကို အဆင်ပြေချောမွေ့အောင်လုပ်ပေးချင်”တာပါ။ စက်ဘီးသမားတွေကို ပိုမိုကျန်းမာအောင်၊ ဈေးသက်သာပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းပြီးသားဖြစ်တဲ့ စက်ဘီးလေးကို စီးနင်းတဲ့နေရာမှာ လုံခြုံစိတ်ချရအောင် ကူညီပေးတာဖြစ်ပါတယ်။ သူတို့အကြောင့်ကိုသိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ official website ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။