အပူချိန်ကျဆင်းချိန်မှာတောင် အလုပ်လုပ်နိုင်တဲ့ လီသီယမ်အိုင်းရွန်း ဘတ်ထရီရဲ့စံချိန်သစ်

0
1044

ဘတ်ထရီနည်းပညာအတွက် အသစ်အဆန်းတွေကို တရုတ်ပညာရှင်တွေက ဖန်တီးပေးလိုက်ပါပြီ။

အော်ဂဲနစ်ပစ္စည်းတွေကို အသုံးပြုပြီးတော့ -70°C မှာ အလုပ်လုပ်နိုင်တဲ့ လီသီယမ်အိုင်းရွန်း ဘတ်ထရီတွေကို ကျွမ်းကျင်သူတွေက ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဒါဟာ စံချိန်အသစ်တင်နိုင်ခြင်းပါ။

လီသီယမ်အိုင်းရွန်း ဘတ်ထရီတွေကို စမတ်ဖုန်းမှအစ လျှပ်စစ်ကားတွေအထိ အသုံးပြုနေပေမယ့်လည်း သူတို့ဟာ သုညဒီဂရီရောက်သွားရင် အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ အအေးဓါတ်လွန်ကဲတဲ့နေရာတွေမှာအဆင်ပြေပြေ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီးတော့ ရှာဖွေချက်တွေပြုလုပ်ရင်းနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရှန်ဟိုင်း၊ Fudan တက္ကသိုလ်ရဲ့ ဘတ်ထရီသုတေသနအဖွဲ့ဟာ အခြားသောဘတ်ထရီတွေ မလုပ်နိုင်တဲ့နေရာမှာ အဆင်ပြေပြေအသုံးပြုနိုင်အောင် ဘတ်ထရီဒီဇိုင်းကို ပြင်ဆင်ရေး လုပ်ဆောင်နေကြပါတယ်။ စမ်းသပ်မှုဟာ အော်ဂဲနစ် electrode တွေကို ပေါင်းစပ်အသုံးပြုလိုက်တဲ့အခါမှာ အဆင်ပြေချောမွေ့သွားတာဖြစ်ပါတယ်။ -83.6 °C (-118°F) ရေခဲနေတဲ့အချိန်မှာ အားသွင်းနိုင်သွားပါတယ်။ သာမန်ဘတ်ထရီတွေနဲ့ အော်ဂဲနစ်ပစ္စည်းအသုံးပြုမှုကို ယှဉ်လိုက်မယ်ဆိုရင် ဈေးသက်သာပြီးတော့ ပတ်ဝန်းကျင်ထိခိုက်မှုလည်း နည်းပါးသွားမယ်လို့ သိရပါတယ်။

ဘတ်ထရီတွေကို ရာသီဥတုအေးတဲ့အချိန်မှာ အသုံးပြုနိုင်တယ်ဆိုပေမယ့်လည်း အကန့်အသတ်တော့ ရှိပါသေးတယ်။ -20°C (-4°F) ကို ရောက်သွားတဲ့အချိန်မှာ ၅၀% ခန့်သာ အလုပ်လုပ်တော့မှာပါ။ -40°C (-40°F) ကို ရောက်သွားရင်တော့ ၁၂%ပဲ အလုပ်လုပ်တော့မှာပါ။

အချို့သောဘတ်ထရီသုတေသီတွေဟာ ဒီလိုအရေးကိုဖြေရှင်းနိုင်ဖို့အတွက် ဘတ်ထရီမှာ အပိုပစ္စည်းတွေထည့်ခြင်းကြောင့် အလေးချိန်တိုးလာတယ်လို့ ပြောပြပါတယ်။

Dr Xia နဲ့ သူ့ရဲ့အဖွဲ့ကတော့ ဒီဖြေရှင်းချက်ဟာ အပူချိန်အလွန်အမင်းကျဆင်းတဲ့နေရာတွေအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်။

-70°C (-94°F) အထိ အလုပ်လုပ်နိုင်သလို 55°C (131°F) မှာလည်း အဆင်ပြေပါတယ်။

အခုအသုံးပြုထားတဲ့ပစ္စည်းဈေးဟာ မူလပစ္စည်းဈေးတွေထက် သုံးပုံတစ်ပုံသာရှိပါတယ်။ ဒါပေမယ့်လည်း ဓါတ်ခွဲခန်းထဲက မထုတ်ခင်မှာ ပြင်ဆင်မှုလေးတွေလည်း လုပ်ဆောင်ပေးရဦးမှာပါ။ ဒီတွေ့ရှိမှုကိုတော့ Joule ဂျာနယ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။