အင်စတာဂရမ်ကို အထာကျကျ သုံးတတ်စေဖို့ နည်းလမ်းငါးသွယ်

0
1683

Instagram ဆိုတာ လှလှပပပုံလေးတွေကို ရိုက်ကူးပြီးတော့ သူတို့ရဲ့ဖန်တီးမှုလေးတွေကို ပြသချင်တဲ့သူတွေအတွက်ကတော့ app ကောင်းတစ်ခုပါ။ ဒါပေမယ့် သင့်ရဲ့ snap တွေကို လူတိုင်းကိုကြည့်ခွင့်မပေးချင်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ကိုယ်တိုင်ကာကွယ်ခြင်းကလည်း လူမှုကွန်ရက်တွေမှာ အရေးကြီးလာပါတယ်။ Instagram privacy ကလည်း ခြွင်းချက်မရှိပါဘူး။

ဒီတော့ သင့်ရဲ့ပရိုဖိုင်ကို လုံခြုံအောင်ထားနိုင်စေဖို့အတွက် လုပ်ဆောင်ရမယ့်အချက်လေးတွေ ရှိပါတယ်။

Two-Factor Authentication ကို ဖွင့်ထားခြင်း

two-factor authentication ဖွင့်ထားခြင်းအားဖြင့် သင့်ရဲ့ Instagram အကောင့်ကို ဘယ်သူမှ အသုံးပြုလို့မရအောင် ကာကွယ်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက်ကတော့ သင့်ရဲ့ဖုန်းနံပါတ်ကို ထည့်သွင်းပေးရမှာပါ။ ထည့်ပြီးတာနဲ့ password ရော၊ one-time passcode ရော ထည့်ပြီးမှ အကောင့်ကို log in ၀င်လို့ရမှာပါ။

log in ၀င်ဖို့ကြိုးစားတိုင်း password ကို ဖုန်းထဲတိုက်ရိုက်ထည့်ပေးမှာပါ။ ဒါကြောင့် တစ်ယောက်ယောက်ကများ သင့်အကောင့်ထဲကို ၀င်ဖို့ကြိုးစားနေမယ်ဆိုရင်တောင် လုံခြုံပါတယ်။ two-factor authentication ကို ဖွင့်ဖို့အတွက် Instagram ပေါ်က profile tab ကိုသွားလိုက်ပါ။ အဲဒီမှာရှိတဲ့ ညာဘက်အပေါ်နားမှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီးတော့ Options menu ကိုဖွင့်လိုက်ပါ။ Two-Factor Authentication ကို မြင်တဲ့အထိ ရှာပါ။ တွေ့ရင်နှိပ်လိုက်ပြီးတော့ Require Security Code option လေးကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းနံပါတ်ထည့်ပေးပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားလိုက်ပါ။

tag လုပ်ထားတဲ့ပုံတွေကို အတည်ပြုခွင့်ရယူခြင်း

သင်ပါတဲ့ပုံတွေတင်တဲ့အခါ tag လုပ်ခွင့်ရှိတယ်လို့ ထင်နေသူတွေကို စိတ်ပျက်နေပါသလား။ သင်လုပ်နိုင်တဲ့အရာလည်း မတွေ့သေးဘူးဖြစ်နေပါသလား။ ဒီလိုမဖြစ်ချင်တဲ့အခြေအနေကို ရှောင်ရှားဖို့အတွက် tag တိုင်းအတွက် အတည်ပြုပေးလို့ရတာ Instagram တစ်ခုတည်းမဟုတ်ပါဘူး။

Instagram ပေါ်မှာလုပ်ချင်ရင်တော့ Options ထဲကိုဝင်ပြီးတော့ Photos of You ကိုနှိပ်လိုက်ပါ။ ရွေးစရာနှစ်ခုကို မြင်ရမှာပါ။ Add Automatically နဲ့ Add Manually တို့ ဖြစ်ပါတယ်။ Add Manually ကို နှိပ်လိုက်ပါ။

အောက်ခြေမှာ မြင်ရမှာကတော့ tag လုပ်ထားတဲ့ပုံတွေကို ဖျောက်ထားပေးမယ့် Hide Photos option လေးပါပဲ။ အဲဒီ option လေးကတော့ သင့်ကို tag လုပ်ထားတဲ့ပုံတွေကနေ ဖြုတ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် သတိထားပါ။ အဲဒီလိုလုပ်ပြီးသွားရင် ပြန်ဖော်ချင်လို့မရတော့ပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့သူငယ်ချင်းတွေဆီမှာတော့ သင့်ကို tag လုပ်ထားတယ်ပဲ ပေါ်မှာပါ။

နောက်ဆုံးသုံးခဲ့တဲ့အချိန်ကို သူများတွေမမြင်အောင်ထားမယ်

Instagram ဟာ Direct Messages ကိုကြည့်လိုက်ရင် ဘယ်အချိန်နောက်ဆုံးသုံးသလဲဆိုတာကို follower တွေဆီ မြင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် သင့်ရဲ့ ex ဒါမှမဟုတ် သင့်ကိုတစ်ချိန်လုံးကြည့်နေတဲ့ စိတ်ပျက်စရာသူငယ်ချင်းတစ်ယောက်ကို မမြင်စေချင်ဘူးဆိုရင်ရော။

Instagram ကို သွားပြီးတော့ activity status option ကို ပိတ်ရမှာပါ။ အဲဒီလိုလုပ်ချင်ရင်တော့ Options ကိုသွားပြီးတော့ Show Activity Status option ကို လိုက်ရှာပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါဆိုရင်တော့ ဒေါက်ထောက်ကြည့်နေသူတွေဆီကနေ လွတ်မြောက်နိုင်ပါပြီ။

Instagram Stories တွေကို သတ်မှတ်ထားတဲ့သူတွေဆီမှာဖျောက်ထားခြင်း

Instagram ဟာ တစ်ရက်ကြာရင်ပျောက်သွားတဲ့ content လေးတွေကို ပြသပေးနိုင်ပါသေးတယ်။ ဒီနည်းအားဖြင့် Instagram မှာ ပုံမှန်ဓါတ်ပုံတင်ခြင်းအစား သုံးစွဲသူတွေဟာ အဲဒီအချိန်မှာ ဘာလုပ်နေသလဲဆိုတာကို ချက်ချင်းတင်နိုင်တဲ့အနေအထားပါ။

ဒါပေမယ့် သင့်ရဲ့မိသားစုကို မမြင်စေချင်တဲ့ Stories ဖြစ်နေမယ်ဆိုရင်ရော။ သတင်းကောင်းကတော့ သင့်ရဲ့ Stories ကို လူတချို့ဆီကနေ ဖျောက်ထားပေးနိုင်ပါတယ်။

Options ထဲကိုသွားပြီးတော့ Story Settings ကိုရှာလိုက်ပါ။ အဲဒီမှာ story ကိုဘယ်သူတွေဆီကနေ ဖျောက်ထားချင်လဲ ရွေးနိုင်သလို ကွန်မန့်ပေးခွင့်ကိုလည်း ရွေးထားနိုင်ပါတယ်။

သင့်ရဲ့ story ကို အခြားသူတွေ share မလုပ်စေချင်ဘူးလား။ Story Settings ထဲမှာ ပိတ်နိုင်ပါသေးတယ်။

Instagram ဟာ Instagram Stories တွေကို screenshots ရိုက်တဲ့သူတွေကို သိရှိနိုင်စေတဲ့ feature တစ်ခုကို စမ်းသပ်နေပါတယ်။

GPS Tagging ပိတ်ခြင်း

ခြေရာခံသူတွေကို အမှောင်ထဲမှာ ထားလိုက်ပါ။ ဒါကြောင့် check-in ပုံတွေကို ရှောင်ပါ။ Instagram အတွက် Location permission ကို ပိတ်ထားတာမျိုး၊ ဖုန်းရဲ့ Settings>Apps>App permissions ထဲကပိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ကင်မရာ app အများစုကတော့ သင်ရိုက်ခဲ့တဲ့နေရာရဲ့ ကိုသြဒိနိတ်တွေပါ tag လုပ်ထားပါတယ်။ ဒါကြောင့် ခရီးအမျိုးမျိုးရဲ့ပုံတွေကို စုစည်းပေးနိုင်တာပါ။ ဒါပေမယ့်လည်း သင်သွားနေတဲ့လမ်းကြောင်းကို သိရှိချင်သူတွေအတွက်ကတော့ ဂွင်ကောင်းပါပဲ။

stock camera app ထဲမှာ GPS tagging ကို ပိတ်ထားပါ။ Settings ထဲက Apps ကိုသွားပြီးလုပ်နိုင်ပါတယ်။ ပြီးရင်တော့ location permission ကို ပိတ်လိုက်ပါ။

Instagram account ကို private အနေနဲ့ထားခြင်း

သင့်ရဲ့ privacy ကို အရာတိုင်းထက် တန်ဖိုးထားပါသလဲ။ သင့်ရဲ့ Instagram account ကို private အနေနဲ့ထားနိုင်ပါတယ်။ Options ကိုသွားပြီးတော့ Private Account option ကိုရှာပြီး ဖွင့်လိုက်ပါ။

ဖွင့်ပြီးတာနဲ့ သင့်ရဲ့ပို့စ်တွေကို မြင်စေချင်တယ်ဆိုရင် အတည်ပြုပေးရမှာပါ။ ဒါကတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ သင့်မှာ follower အရေအတွက်ကလည်း အကန့်အသတ်နဲ့ပါ။ Instagram ကို သူငယ်ချင်းတွေနဲ့ သုံးမယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

Instagram privacy ကိုပိုကောင်းစေမယ့် နည်းလမ်းငါးခုကို တင်ပြပေးခဲ့တာဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့တစ်ခုမှမလုပ်ရသေးဘူးဆိုရင်တော့ စဉ်းစားသင့်ပါပြီ။