မီးပြင်သမားမလိုဘဲ ပလပ်ပေါက်မှာ USB အားသွင်းခေါင်းတပ်ခြင်း

0
1840

CHARGER Universal Charging Station လေးကတော့ USB အားသွင်းပေါက်နှစ်ခုပါဝင်ပြီးတော့ ဖုန်းနဲ့ တက်ဘလက်တွေကို အားသွင်းတော့မှာပါ။ လုပ်ရမှာကတော့ 3-prong outlet နှစ်ခုပါဝင်တဲ့ ပစ္စည်းလေးမှာတပ်လိုက်ရုံပါပဲ။ အောက်ဘက်မျာပါတဲ့ USB port နှစ်ခုကိုအသုံးပြုပြီးတော့ ပစ္စည်းနှစ်မျိုးကို အားသွင်းနိုင်ပါတယ်။ အဲဒီပစ္စည်းလေးမှာ ပြောင်းနိုင်တဲ့ tip လေးပါဝင်ပါတယ်။ microUSB နဲ့ Lightning tip လေးကို တစ်ခုကနေတစ်ခု ပြောင်းနိုင်ပါတယ်။ အသုံးမပြုလိုတဲ့အချိန်မှာတော့ ပလပ်ပေါက်ရဲ့အနောက်ဘက်မှာ သိမ်းထားနိုင်ပါတယ်။

Universal Charging Station လေးမှာတော့ “Models SP & 2x MOV surge protection” ပါဝင်တဲ့အတွက် ဖုန်းတွေတပ်မယ်ဆိုရင် စိတ်ချရပါတယ်။ သူဟာ အပေါ်ထောင်ပြီးတော့ အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီအားသွင်းပေါက်လေးမှာ အားသွင်းမယ်ဆိုရင်တော့ နံရံနားမှာကပ်သုံးရမှာပါ။ The Grommet မှာ ဒေါ်လာ၃၄.၉၅ နဲ့ ရနိုင်ပါပြီ။