ဒီနှစ်မှာထုတ်လုပ်မယ့် အကြီးဆုံး iPhone D33

0
1726

အကြီးမားဆုံး iPhone ကို launch လုပ်ဖို့အတွက် အားယူနေတဲ့ Apple ပါ။

ဒီနှစ်အတွက် iPhone လိုင်းအသစ်ကို သုံးမျိုးထုတ်လုပ်ဖို စီစဉ်ထားပြီးတော့ လက်ရှိ iPhone X ကို အဆင့်မြှင့်တင်ထားပြီး အရွယ်အစားတူတစ်လုံး၊ ဈေးသက်သာတဲ့ဗားရှင်းနဲ့၊ အကြီးမားဆုံးဖုန်းလည်း ပါဝင်မယ်လို့ သိထားပါတယ်။

ဒီနှစ်မိုးရာသီမှာ ဆိုင်တွေပေါ်ကိုရောက်လာလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်နေပါတယ်။

Apple ဟာ ကုန်ပစ္စည်းထောက်ပံ့သူတွေနဲ့ ထုတ်လုပ်မှုတွေကို စမ်းသပ်နေပါပြီ။ ဒါပေမယ့်လည်း ထုတ်လုပ်မှုစီမံကိန်းဟာ ပြောင်းလဲနိုင်သေးတယ်လို့ သတင်းရထားပါတယ်။ Apple ဟာ plablet ကြိုက်နှစ်သက်သူတွေအတွက် စိတ်ကျေနပ်အောင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အကြီးဆုံး iPhone ဆိုတာကတော့ ၆.၅လက်မ ဖြစ်နိုင်ပြီး codename ကတော့ D33 လို့အမည်ပေးထားပါတယ်။ iPhone ရဲ့ မျက်နှာပြင်ကြီးကြီးအတွက် ပုံတွေဟာလည်း ပေါက်ကြားနေပါတယ်။ MacX forums မှာ တင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဖျက်ချသွားပါတယ်။ MacRumors ကတော့ ပုံတွေကို သိမ်းထားခဲ့ပြီး အဲဒီမျက်နှာပြင်တွေကို လာမယ့်မော်ဒယ်လ် iPhone X Plus မှာ အသုံးပြုသွားနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

‘D33’ ရဲ့ ကိုယ်ထည်ကတော့ iPhone 8 Plus နဲ့ အတူတူလောက်ပါဘဲ။ ဒါပေမယ့်လည်း edge-to-edge screen ကြောင့် အကြီးမားဆုံး iPhone ဖြစ်လာနိုင်ပါတယ်။ ယှဉ်ကြည့်ဖို့ပြောရရင် iPhone X ရဲ့ မျက်နှာပြင်က ၅.၈ လက်မသာရှိပါတယ်။ iPhone 8 Plus လိုပဲ iPhone အကြီးဟာလည်း split-screen mode ပါဝင်လာနိုင်ပါတယ်။

iPhone X ရဲ့ ၉၉၉ဒေါ်လာကိုလည်း မတတ်နိုင်၊ ပရီမီယမ် feature တွေကိုလည်းအသုံးပြုချင်တဲ့သူတွေကို Apple က ကူညီပေးတော့မှာပါ။ ဒါကြောင့်လည်း ဈေးသက်သာတဲ့ဖုန်းကို စီစဉ်ပေးထားတာပါ။ သူ့မှာ edge-to-edge screen ၊ facial recognition နည်းပညာ၊ fingerprint sensor တွေကို တွေ့မြင်ရမှာပါ။ သူ့ကိုတော့ ‘D32’လို့ နာမည်ပေးထားကြောင်း သတင်းရထားပါတယ်။

လာမယ့်ဖုန်းတွေအတွက် OS ကိုလည်း iOS 12 အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။’Peace’ ကိုလည်း သုံးသွားမယ်လို့ ပြောနေပါတယ်။ ‘Peace’ ကတော့ AR နည်းပညာကို ပြောတာဖြစ်နိုင်ပါတယ်။ Apple ရဲ့ Siri ကို အတွင်းပိုင်းအထိပေါင်းစပ်ပြီးတော့ ကျန်းမာရေးစောင့်ကြည့်မှုတွေ၊

FaceTime မှာ Animojis တွေအသုံးပြုတာတွေအထိ လုပ်ဆောင်နိုင်စေဖို့ အသုံးပြုမှာဖြစ်နိုင်ပါတယ်။

၂၀၁၈ မှာ Apple ဘာတွေလုပ်နေသလဲ

KGI လုံခြုံရေးမှ Ming-Chi Kuo ကတော့ ၂၀၁၈ မှာ မျက်နှာပြင်ပြည့်ဖုန်းနှစ်လုံး ထွက်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ Apple ဟာ ၆.၅လက်မ iPhone ကိုထုတ်မယ်လို့ အစီရင်ခံစာတစ်ခုမှာ ပါဝင်လာတဲ့အတွက် သူ့ရဲ့ဟောကိန်းက မှန်လောက်ပါတယ်။ ဈေးသက်သာတဲ့ iPhone X ကတော့ ဒေါ်လာ ၆၄၉ နဲ့ ၇၄၉ ကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သူ့မှာ organic LED screen ပါဝင်နိုငပြီး resolution ကတော့ နိမ့်နိုင်ပါတယ်။

ဖုန်းအားလုံးမှာကတော့ iPhone X လိုမျိုး အဟိုက်လေးပါဝင်လာမှာပါ။ ဆယ်နှစ်ပြည့် iPhone X ကတော့ မနှစ်က စက်တင်ဘာလမှာ ထုတ်ပြခဲ့ပြီးတော့ သူဟာ စမတ်ဖုန်းတွေရဲ့ အနာဂတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

iPhone X ဟာ Face ID နည်းပညာ၊ AR sensor ၊ organic LED screen တွေ၊ အရောင်တောက်ပနက်ရှိုင်းမှုတွေကြောင့် ကင်မရာပိုင်းမှာ အားသာချက်တွေ မနည်းမနောပါပဲ။ ဒါပေမယ့် သူ့ကိုမှန်းထားသလောက်တော့ မရောင်းချခဲ့ရပါဘူး။ Apple ဟာ ၂၀၁၇ခုနှစ်မှာ iPhone အလုံးရေ၇၇.၃မီလျံရောင်းချခဲ့ရပြီးတော့ သူတို့မှန်းထားတဲ့ ၈၀.၂မီလျံအောက် လျော့နည်းခဲ့တာဖြစ်ပါတယ်။

အများစုပြောနေကြတာကတော့ ဒီနှစ်ရဲ့ ဘတ်ဂျက် iPhone X လေးက ရောင်းအားကို မှန်းထားသလောက်ဖြစ်စေနိုင်မယ်တဲ့။

iphone D33 ဆိုတာ က codename ဖြစ်ပါတယ်။