ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းအား အဆုံးသတ်စေမည့် ခရက်ဒစ်ကတ် အရွယ်ဖုန်း

0
1682

စမတ်ဖုန်းတွေကို တော်လှန်လိုပြီးတော့ gadget တွေရှုပ်ယှက်ခတ်နေခြင်းမှ လွတ်မြောက်နိုင်ဖို့အတွက် start up လုပ်ငန်းတစ်ခုမှ ထုတ်လုပ်လိုက်တဲ့ ခရက်ဒစ်ကတ်အရွယ်ဖုန်းလေးဟာ နောက်ထပ်ဗားရှင်းတစ်ခုကို ထုတ်လုပ်လိုက်ပါပြီ။ သူ့ကို Light Phone 2 လို့အမည်ပေးထားပါတယ်။ သူဟာ အရင် Light Phone လိုပဲ ဆိုရှယ်မီဒီယာတွေ၊ ၀က်ဘ်ဆိုက်တွေအတွက် အသုံးမပြုနိုင်ပါဘူး။ အရင်ဗားရှင်းနဲ့မတူတာကတော့ ဖုန်းခေါ်ဆိုမှုအပြင် မက်ဆေ့ခ်ျနဲ့ alarm ပေးနိုင်ခြင်းတို့ကို အသစ်ထည့်သွင်းပေးထားပါတယ်။

ဒီဖုန်းလေးကတော့ စမတ်ဖုန်းအသုံးပြုကို အတန်အသင့်လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင်ချစ်မြတ်နိုးတဲ့အလုပ်တွေ၊ သင်တန်ဖိုးထားရတဲ့အလုပ်တွေကို ပိုမိုအာရုံစိုက်နိုင်စေမှာဖြစ်ပြီးတော့ သင့်အတွက်တန်ဖိုးရှိလှတဲ့အချိန်တွေကို ကောင်းမွန်စွာအသုံးချနိုင်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ Light Phone ဆိုတဲ့အတိုင်း ပေါ့ပါးတာကို ခံစားကြရမှာပါ။ မူလ Light Phone ကို kick starter မှ စတင် launch လုပ်ခဲ့ပြီး ၀ယ်ယူခဲ့သူပေါင်းက ၁၀ ၀၀၀ ရှိခဲ့တယ်လို့သိရပါတယ်။

Light Phone 2 ဟာ လက်ရှိမှာတော့ prototype အဆင့်မှာသာရှိနေသေးတာပါ။ သူ့ကို နောက်ပိုင်းမှာ direction ၊ calculator ၊ weather ၊ music အစရှိတာတွေကို ထည့်သွင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်စနစ်တွေကို ဘယ်တော့မှထည့်သွင်းသွားမှာ မဟုတ်ပါဘူး။

သူ့ရဲ့ဒီဇိုင်းလေးကတော့ အဖြူနဲ့အမည်းသာအသုံးပြုထားတာမို့ အမြင်ရှင်းပါတယ်။ 4G ချိတ်ဆက်မှုရရှိထားပြီးတော့ Amazon Kindle လိုမျိုး E-ink display ကို အသုံးပြုထားပါတယ်။ ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင်တော့ iPhone နဲ့ ဆင်တူပါတယ်။ သူ့မှာ ပါဝါခလုတ်က အပေါ်ဘက်မှာရှိပြီးတော့ မိုက်ခရိုဖုန်းကလည်း display အပေါ်နားမှာရှိပါတယ်။ အောက်မှာတော့ headphone jack ၊ USB Type-C အားသွင်းပေါက်၊ နဲ့ နောက်ထပ်မိုက်ခရိုဖုန်းလည်း ပါဝင်ပါတယ်။ ညာဘက်မှာတော့ ခလုတ်နှစ်ခုပါဝင်ပြီး အပေါ်အောက်ဆွဲဖို့အသုံးပြုရမှာပါ။ nano SIM ကိုအသုံးပြုထားတာမို့ carrier မလိုအပ်ပါဘူး။

သူ့ရဲ့ feature နဲ့ ပါဝင်မှုလေးတွေကို လေ့လာကြည့်ရအောင်။

  • Dimensions: 91mm x 55mm x 6.5-7.5mm thick
  • OS: LightOS (modified Android)
  • Connectivity: 4G LTE, Wifi, GPS
  • Memory: 1 GB DDR3 RAM / 8GB eMMC
  • Sensor: Proximity
  • Battery: 500mAh
  • Color: Black/White
  • Material: Anodized Aluminum
  • Weight: 80g (estimation)
  • Processor: Qualcomm MSM8909W
  • Display: E-Ink
  • Battery: 5 days standby; A few hours talk time.
  • SIM Card: Nano SIM
  • Connector: USB-C
  • Language: English
  • Other: Vibrator, Loud Speaker, Headset jack

ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ဖြစ်ပြီး လျှော့ဈေး ဒေါ်လာ၂၅၀ ကိုတော့ အချိန်အကန့်အသတ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၉ ဧပြီလလောက်မှာ ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။ ဒီဖုန်းကို ထုတ်လုပ်ရခြင်းကတော့ စမတ်ဖုန်းတွေကို အိမ်မှာထားခဲ့ပြီးနေနိုင်အောင် ကူညီပေးဖို့နဲ့ ဖုန်းအသုံးပြုမှုကို လျှော့ချစေလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သူတို့တွေဟာ Google ရဲ့ စမတ်ဖုန်း app ဒီဇိုင်းအတွက် ကမ်းလှမ်းခြင်းကိုခံရပါတယ်။ ဒါပေမယ့် သူတို့ဟာ ရေးဖို့ဆန္ဒမရှိတာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စမတ်ဖုန်းတွေကို အိမ်မှာထားနိုင်ဖို့ရည်ရွယ်ပြီးတော့ Light Phone ကို စတင်စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Light Phone ဟာ စမတ်ဖုန်းအားလုံးရဲ့ နေရာကိုအစားထိုးသွားမှာတော့ မဟုတ်ပါဘူးလို့လည်း ပြောထားပါသေးတယ်။

သုံးစွဲသူတွေအနေနဲ့ကတော့ Light Phone ဟာ ဆိုရှယ်မီဒီယာတွေ၊ network တွေကနေ ခဏရှောင်ထွက်ရာ ဖုန်းတစ်လုံးအဖြစ်နဲ့ ရှုမြင်ကြမယ်လို့ ယူဆမိပါတယ်။ သင်ရော ဆိုရှယ်မီဒီယာကို ဖြတ်ဖို့စိတ်ကူးနေလား။ ဒါပေမယ့် ဒေါ်လာ ၄၀၀ ဆိုတော့ နည်းနည်းတော့ များနေသလားလို့။