Enterprise Gadget Trending

ကလေးတွေကို လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်းအတွက် ပြင်ဆင်ဖို့ အဖြေရှာနေတဲ့ ဖေ့စ်ဘုတ်

အရွယ်ရောက်အမျိုးသားတစ်ယောက်နဲ့ အသက်ငယ်ငယ်မိန်းကလေးတစ်ဦးကြားကဖြစ်ရပ်တစ်ခုကို တင်ပြပြီးတော့ စစ်တမ်းကောက်ခဲ့တဲ့ဖြစ်ရပ်ကတော့ ပြောစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ တုံ့ပြန်မှုအနေနဲ့ကတော့ ဒီဖြစ်ရပ်ဟာ အမှားတစ်ခုသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Jonathan Haynes ကတော့ ဒီစစ်တမ်းကို တွစ်တာပေါ်မှာ မေးခွန်းတွေ၊ အဖြေတွေနဲ့တကွ တင်ပေးထားခဲ့ပါတယ်။

ဖေ့စ်ဘွတ်အတွက်ပေါ်လစီတွေကို သတ်မှတ်တဲ့အခါမှာ အောက်ပါဖြစ်ရပ်ကို သင့်အနေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ – အရွယ်ရောက်အမျိုးသားတစ်ယောက်က အသက်၁၄နှစ်အရွယ်ကောင်မလေးကို လိင်ပိုင်းဆိုင်ရာပုံတွေ တောင်းနေတဲ့ မက်ဆေ့ခ်ျတစ်စောင်ပို့တယ်။

မေးခွန်းက မကောင်းဘူးထင်နေရင် အဖြေတွေကို ကြည့်သင့်ပါတယ်။

အဲဒီနောက်မှာတော့ သုံးစွဲသူတုံ့ပြန်မှုတွေကို မေးမြန်းခဲ့တဲ့မေးခွန်းတွေလည်း တွေ့ရပါသေးတယ်။ ဒါပေမယ့် သိတယ်မလား။ ဖေ့စ်ဘွတ်အပေါ်မှာမူတည်တာမဟုတ်ပါဘူး။ ရှေးရိုးဆန်တယ်ပဲပြောပြော ၊ ဒီကိစ္စဟာ ဥပဒေရေးဆွဲသူတွေအတွက် လုပ်ရမယ့်ကိစ္စပါပဲ။ အရွယ်ရောက်ပြီးသူနဲ့ ကလေးတွေကြားက ကိစ္စတွေကို သူတို့လုပ်ပါလိမ့်မယ်။

ဒီအကြောင်းတွေကို ဘာလို့မေးသလဲဆိုတာကို အကြောင်းပြချက်ကောင်းကောင်း လိုအပ်ပါတယ်။ ဒါပေမယ့် ပထမဆုံးမေးခွန်းရဲ့ ပထမဆုံးအဖြေကို ရွေးလိုက်တဲ့သူတွေကတော့ စဉ်းစားလို့ကိုမရပါဘူး။ ဘယ်လိုဖြစ်နေသလဲဆိုတော့ ဆေးလိပ်သောက်တဲ့ စစ်တမ်းကောက်သူတစ်ယောက်က နေရာတိုင်းက ဆေးလိပ်သောက်သူတွေကို စော်ကားလိုက်သလိုပါပဲ။

ဖေ့စ်ဘွတ်ရဲ့ ထုတ်ကုန်ပိုင်းက ဒုတိယဥက္ကဌ Guy Rosen ကတော့ Haynes ရဲ့ တွစ်တာစာသားကို အမှားအယွင်းတစ်ခုပါလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီစစ်တမ်းဟာ အတော်လေးပြင်းထန်သွားတယ်ဆိုတာကို နားလည်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း မရည်ရွယ်ထားခဲ့ပါဘူး။ ဒါကြောင့် စစ်တမ်းကိုရပ်လိုက်ပါပြီ။ အစောပိုင်းနေ့တွေကတည်းက ကလေးတွေကို ဒီလိုလုပ်ခွင့်ပေးမထားပါဘူး။ ဒီဟာကိုပြောင်းမှာလည်း မဟုတ်ပါဘူး။ ဒီအကြောင်းကို ရဲတွေနဲ့ပူးပေါင်းပြီးတော့ တရားမျှတမှုတွေရှိအောင် လုပ်ဆောင်သွားမှာပါ။

ပေါ်လစီမပြောင်းဘူးဆိုတော့ ဖေ့စ်ဘွတ်အတွက် ပျော်မိပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် စစ်တမ်းကို ဖန်တီးလိုက်သလဲဆိုတာ မပြောသွားပါဘူး။ တစ်ယောက်က ဒီကိစ္စကိုထိုင်စဉ်းစားပြီးတော့ သုံးစွဲသူတွေထံကို ပို့လိုက်တယ်။ ဘာကြောင်လဲဆိုတာကို သိချင်မိပါတယ်။ အဖြေတွေကို စုဆောင်းထားဖို့ ရည်ရွယ်ထားလေသလား။ ကျွန်တော်တို့ ဒီအဖြေကိုရဖို့အတွက် ဆက်သွယ်ထားပါတယ်။ ဒီတော့ ပြန်လာခဲ့ပါ့မယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org