ဒီလက်ပ်တော့လေးကတော့ Apple နဲ့ Samsung တို့ရဲ့ လက်ပ်တော့တွေကိုယှဉ်နိုင်ဖို့အတွက် ၁၃.၉လက်မ Windows 10 MateBook X Pro ကို မကြာသေးခင်က ထုတ်လုပ်ခဲ့တဲ့ MacBook ထက်ပိုပါးအောင် လုပ်ဆောင်ခဲ့ပါတယ်။ ကင်မရာကိုအသုံးပြုချင်တယ်ဆိုရင်တော့ ကီးဘုတ်ကကီးလေးတစ်ခုကို နှိပ်ရမှာပါ။ privacy နဲ့ပတ်သတ်လာရင် webcam ကို မျက်နှာချငိးဆိုင်ပြီးသုံးနေရတာက အဆင်မပြေတဲ့ကိစ္စတစ်ခုပါ။
Huawei ဟာ touchscreen လက်ပ်တော့လေးတစ်လုံးကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီလက်ပ်တော့မှာ သမားရိုးကျ webcam ကို ကီးဘုတ်တွေအောက်မှာ ထည့်သွင်းပေးထားတဲ့အကြောင်းကို CEO Richard Yu က ရှင်းပြခဲ့ပါတယ်။
ဒီလက်ပ်တော့အသစ်ကို ပုံစံသုံးမျိုးနဲ့ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ဈေးနှုန်းက ဒေါ်လာ ၁၈၄၂ ကနေ ဒေါ်လာ ၂၃၃၄ အတွင်းရှိမယ်လို့ သတ်မှတ်ထားပါတယ်။ super wide မျက်နှာပြင်ကတော့ resolution 2160×1440 pixel တို့ကိုအသုံးပြုထားပြီး အရောင်ကတော့ Space Gray ၊ Prestige Gold ဆိုပြီး နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ RAM ကတော့ 8GB ၊ 16GB တို့ကို ရနိုင်မှာပါ။ ကီးဘုတ်ကလည်း spill proof ကို support ပေးထားပါတယ်။ Matebook X Pro နဲ့ Huawei ဖုန်းတွေအကြားမှာ ဖိုင်တွေပြောင်းနိုင်တဲ့ Software လည်းရှိပါတယ်။
Matebook X Pro ရဲ့ အချက်အလက်လေးတွေကို ကြည့်ရအောင်
Display: 13.9 inches LTPS (3,000 x 2,000); 450 nits, 100% sRGB color
CPU: Core i7-8550U/Core i5-8250U 8th-gen Core processors (Kaby Lake-R)
GPU: Nvidia GeForce MX150, 2 GB GDDR5
Memory: 8GB/16GB LPDDR3
Storage: 256GB/512GB NVMe SSD
Wi-Fi: 802.11ac, 2×2 MIMO, Bluetooth 4.1
Ports: USB-C (2), including 1 with Thunderbolt
Battery: 57.4Wh
Dimensions: 11.97 in. x 8.54 in x 0.57 in., 2.93 pounds
16GB RAM ၊ 512GB SSD ၊ i7 processor – ဒေါ်လာ၂၃၃၄
8GB RAM ၊ 512GB SSD ၊ i5 processor – ဒေါ်လာ ၂၀၈၈
8GB RAM ၊ 256GB SSD ၊ i5 processor – ဒေါ်လာ ၁၈၄၂
ဒီနှစ်နွေမှာ မြောက်အမေရိကကို ဖြန့်ချိပေးသွားမှာပါ။
Huawei ဟာ စမတ်ဖုန်းဈေးကွက်မှာလည်း Apple နဲ့ Samsung တို့ကိုပြိုင်ဆိုင်ပြီးတော့ အတော်လေး လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။ ဒီလက်ပ်တော့လေးဟာ မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ ၉၁% ဖြစ်ပြီးတော့ edge-to-edge display နားကို ရောက်တော့မှာပါ။ ၂၀၁၇ခုနှစ်တုန်းကလည်း စမတ်ဖုန်းအရေအတွက် ၁၅၀မီလျံကို ဖြန့်ချိခဲ့ပါသေးတယ်။ မတ်လအကုန်မှာလည်း flagship တွေကို မိတ်ဆက်သွားဖို့ ရှိပါတယ်။