Samsung Galaxy S9 ကင်မရာကို စမ်းကြည့်ခြင်း

0
1696

Mobile World Congress ပြီးသွားတဲ့အခါမှာ Galaxy S9 လေးကို စမ်းသပ်ခွင့်ရခဲ့ပါတယ်။ ဥရောပရဲ့ ဆွဲဆောင်မှုအရှိဆုံးတစ်နေရာဖြစ်တဲ့ ဘာစီလိုနာမှာ လည်ပတ်ရင်းအသုံးပြုခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ ရိုက်ကူးခဲ့တဲ့ပုံလေးတွေနဲ့ ကင်မရာကို ခန့်မှန်းကြည့်နိုင်ဖို့အတွက် ရေးသားတင်ပြလိုက်ရပါတယ်။ Galaxy S9 ဟာ Selfie Focus mode နဲ့ပတ်သတ်လို့ကတော့ Pixel 2 ရဲ့ အရှေ့ဘက် portrait mode လိုမျိုးအသုံးပြုထားပါတယ်။ တစ်ချိန်တည်းမှာ ဖုန်းနှစ်လုံးကို စမ်းလို့မရခဲ့တာကြောင့် ယှဉ်မပြောပြနိုင်တာကို နားလည်ပေးစေချင်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8 MP ဖြစ်ပြီးတော့ သိထားပြီးသားလို့လည်း ယူဆပါတယ်။ Mode လေးတွေအကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

Selfie camera and beauty mode:

AR Emojis လေးတွေပါဝင်ပြီးတော့ အဲဒီအကြောင်းကိုတော့ မကြာခင်မှာပြောပြပေးပါတယ်။ အခုတော့ makeup တွေလိမ်းထားသလိုမျိုးနဲ့ ရိုက်ထားတဲ့ပုံလေးတွေကို စမ်းကြည့်ကြမယ်။ ဟုတ်ပါတယ်။ အရှေ့ကင်မရာဟာ Bixby ရဲ့ AI လုပ်ဆောင်ချက်ကိုအသုံးပြုထားပြီး ကင်မရာapp ထဲမှာ မိတ်ကပ်တွေလိမ်းပေးနိုင်ပါတယ်။ ပုံထဲမှာ အတော်လေးချောနေတာကို တွေ့ရမှာပါ။

 

အနောက်ကင်မရာကို ပြောရအောင်။ Galaxy S9 ကို mode အမျိုးမျိုးနဲ့ သုံးဖြစ်ခဲ့ပါတယ်။ Super Slow Motion ရိုက်ချက်ကိုတော့ ကြော်ငြာ်တွေထဲမှာ မြင်ပြီးလောက်ပါပြီ။ အခုတော့ zoom lens တွေနဲ့ multi-frame တွေအကြောင်းကို သိချင်လို့ လေ့လာရအောင်။

Zoom vs standard:

S9 ထွက်လာတော့ အတော်လေးပျော်မိပါတယ်။ dual aperture ပါနေတယ်လေ။ f/1.5 aperture ဟာ အတော်လေးအားကောင်းနေပြီးတော့ အလင်းရောင်တွေလည်း ပေးစွမ်းနိုင်တာမို့ အလင်းအားနည်းချိန်မှာတောင် ရိုက်ချက်ကောင်းကောင်းလေးတွေ ရစေနိုင်ပါတယ်။ ညဘက်အပြင်ထွက်ချိန်မှာလည်း ရိုက်ချက်လှလှလေးတွေကို ပြတ်သားစွာ တွေ့မြင်ရမှာပါ ။

Mixed and low light:

food mode ကတော့ စားသောက်ဖွယ်ရာတွေကို ကောင်းကောင်းရိုက်ကူးနိုင်ပြီးတော့ Instagram တင်ဖို့အိုကေပါတယ်။ နမူနာလေးတွေကို ရိုကကူးပြထားပါတယ်။ အဲဒီ mode ဟာ saturation ပိုင်းမှာ အတော်လေးမြှင့်တင်ထားပြီး ကြည့်ကောင်းစေပါတယ်။

Food mode:

အနောက်ဘက်ကင်မရာရဲ့ Live focus ကတော့ portrait mode ပုံစံပါပဲ။ ဒါကတော့ S9 Plus မှာသာရနိုင်ပြီး telephoto lens ပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ S9 မှာပါတဲ့ Selective Focus နဲ့တော့ မတူပါဘူး။ Selective Focus က software ကို အခြေခံထားပါတယ်။ Selective Focus ကိုတော့ Live Focus နဲ့ ယှဉ်ပြဖို့ မရှိပါဘူး။ ဒါပေမယ့် zoom lens တွေကြောင့် ကွဲပြားနေတယ်ဆိုတာကတော့ တပ်အပ်ပြောနိုင်ပါတယ်။ Selective Focus ဟာ subject တစ်ခုကို သတ်မှတ်တဲ့အခါ နည်းနည်းခက်ခဲတဲ့အချိန်မျိုးတွေရှိပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ Galaxy S9 နဲ့ ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါကတော့ ကင်မရာအတွက် ခြုံပြီးစမ်းသပ်ကြည့်ခြင်းဖြစ်ပြီး ဘာစီလိုနာမှာရှိနေတဲ့ အခိုက်အတန့်လေးမှာ လုပ်ဆောင်ရတာမို့ review အပြည့်အစုံလို့ မသတ်မှတ်လိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့စမ်းသပ်ချက်ရလဒ်တွေကို တင်ပြခြင်းသာဖြစ်ပြီး review ကတော့ သင်ကိုယ်တိုင်လုပ်ရမှာပါ။ ကင်မရာအကြောင်း အများကြီးပြောစရာတွေရှိနေပါတယ်။ ဒါကြောင့် မကြာခင်မှာ review အပြည့်အစုံနဲ့ ပြန်လာခဲ့ပါမယ်။