OnePlus X လိုမျိုးနောက်တစ်လုံးထွက်ပေးဖို့ ငိုကြွေးနေတဲ့ Android လောက

0
2122

သုံးသိန်းခွဲတန် OnePlus X ဟာ ၂၀၁၅ခုနှစ်ရဲ့ အလတ်တန်းစား စမတ်ဖုန်းတွေအတွက် အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး။ ဈေးနှုန်းနဲ့ညီတဲ့ ထူးခြားမှုတွေမရှိခဲ့ပါဘူး။ သေးငယ်တဲ့ ၅လက်မ display နဲ့ သူ့ရဲ့စနစ်ဟာ လူတိုင်းရဲ့စိတ်ကို မဖမ်းစားနိုင်ခဲ့ပါဘူး။ သူ့မှာကောင်းမွန်တဲ့အချက်လေးတွေကတော့ ရှိနေသေးပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ hardware ၊ ရှင်းလင်းတဲ့ software ၊ AMOLED မျက်နှာပြင် ၊ ကောင်းမွန်တဲ့အရည်အသွေးတည်ဆောက်မှုတွေကို ဈေးနှုန်းနဲ့ လိုက်ဖက်အောင်တွေ့မြင်ရပါတယ်။

လေးသိန်းအောက်ဖုန်းတွေမှာ ကောင်းမွန်တဲ့ hardware တွေပေးစွမ်းခဲ့တာဟာ OnePlus တစ်ခုတည်း မဟုတ်ပါဘူး။ Motorola ၊ Lenovo ၊ Xiaomi ၊ Meizu နဲ့ အခြားသောဖုန်းထုတ်လုပ်သူများကလည်း ဒီစေးနဲ့ သိသာထင်ရှားတဲ့ဟန်းဆက်တွေကို ထွက်ရှိပေးခဲ့ပါတယ်။ တန်ဖိုးနည်းဈေးကွက်မှာ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ အများကြီးတွေ့ခဲ့ရပါတယ်။

အလတ်တန်းဈေးကွက်မှာလည်း တဖြည်းဖြည်းနဲ့ဈေးနှုန်းတွေကလည်း တဖြည်းဖြည်းတက်လာပါတယ်။ OEM တွေကလည်း စူပါအလတ်တန်းစား ဒါမှမဟုတ် ကောင်းသက်သာပစ္စည်းတွေဘက်ကို ဦးတည်လာကြတာမို့ ကုန်ကျစရိတ်တွေက ၇သိန်းဝန်းကျင်လောက်အထိ ဖြစ်လာပါတယ်။ OnePlus ရဲ့နောက်ဆုံးထွက်ဖုန်းဖြစ်ဖြစ် ၊ Samsung ရဲ့ Galaxy A7 ၊ A8 ကိုကြည့်လိုက်ပါ။ ဒါကြောင့် တန်ဖိုးသက်သာတဲ့ အလတ်တန်းစားတွေဟာ တဖြည်းဖြည်းပျောက်လာပါတယ်။

အဟောင်းနဲ့ အသစ်ဘယ်လိုကွာသလဲ

အဲဒီဈေးနဲ့ ကောင်းမွန်တဲ့ဟန်းဆက်တွေလို့ ဆိုရမှာပါ။ ဘတ်ဂျက်အတွက်ကတော့ ယှဉ်နိုင်စွမ်းရှိတဲ့ဈေးကွက်ပါပဲ။

Lenovo ရဲ့လမ်းညွှန်မှုအောက်မှာ ဘတ်ဂျက် Motorola လိုင်းတွေဟာ မှီငြမ်းမှုတွေနည်းပါးလာပါတယ်။ Moto G5S Plus ရဲ့ဒီဇိုင်းဟာ သတ္ထုနဲ့လုပ်ထားပေမယ့်လည်း မလှပပါဘူး။ သူ့ရဲ့ဘောင်တွေဟာ ထူပြီးတော့ ၂၀၁၆မှာလည်း ဒီအတိုင်းပါပဲ။ သူ့ရဲ့ hardware တွေကလည်း နှစ်နှစ်ကြာနေတဲ့ OnePlus X ထက် မြန်ခြင်းမရှိပါ။ Samsung Galaxy A စီးရီးဟာ flagship အချက်အလက်တွေပါဝင်ပြီးတော့ ဒီဇိုင်းလှပါတယ်။ ဒါပေမယ့် J စီးရီးကတော့ display resolution နဲ့ ပရိုဆက်ဆာတွေအပိုင်းမှာတော့ အားနည်းနေပါသေးတယ်။

ဒီကနေ့ခေတ်ရဲ့ သုံးသိန်းတန်ဟန်းဆက်ဈေးကွက်နဲ့ OnePlus X ပေးခဲ့တဲ့အရာတွေကြားက ကွာဟနေတာ နှစ်ခုရှိပါတယ်။ display resolution နဲ့ processing power ဖြစ်ပါတယ်။ X မှာတော့ အရာတိုင်းမရှိပါဘူး။ သူဟာ NFC ၊ IP rating ဆိုတဲ့ ဒီနေ့ခေတ်ဈေးသက်သာတဲ့ဖုန်းတွေမှာ တွေ့မြင်နိုင်တဲ့ အဲဒီအချက်တွေ မပါဝင်ခဲ့ပါဘူး။ အောက်မှာပေးထားတဲ့ ဇယားကတော့ သင့်ကိုရှင်းလင်းစေမှာပါ။

OnePlus X Moto G5S Plus Galaxy A3 2017 Nokia 6 Honor 7x
Display 5.0-inch 1080p AMOLED 5.5-inch 1080p LCD 4.7-inch 720p AMOLED 5.5-inch 1080p LCD 5.9-inch 2160×1080 LCD
SoC Snapdragon 801
4x Krait 400 @ 2.3 GHz
Adreno 330
Snapdragon 625
8x Cortex-A53 @ 2.0 GHz
Adreno 506
Exynos 7870
8x Cortex-A53 @ 1.6 GHz
Mali-T830 MP1
Snapdragon 430
8x Cortex-A53 @ 1.4 GHz
Adreno 505
Kirin 659
8x Cortex-A53 @ 2.3 / 1.7 GHz
Mali-T830 MP2
RAM 3 GB 3 /4 GB 2 GB 3 / 4 GB 3 / 4 GB
Storage 16 GB 32 / 64 GB 16 GB 32 / 64 GB 32 / 64 GB
Cameras 13 MP rear
8 MP front
Dual 13 MP rear
8 MP front
13 MP rear
8 MP front
16 MP rear
8 MP front
Dual 16 MP rear
8 MP front
Launch Price $250 $250 £279 ($250) $229 $200

OnePlus X ရဲ့ hardware တွေကတော့ သူ့ရဲ့ဂျူနီယာတွေနဲ့ ယှဉ်နိုင်တုန်းပါပဲ။ ဒီနေ့ခေတ်ရဲ့ mid-range ဖုန်းတွေကတော့ တွန်းအားပေးဖို့လိုနေပါတယ်။

လက်ရှိ mid-range ဖုန်းတွေကတော့ OnePlus X ထက်သာလွန်ပါတယ်။ ကင်မရာ၊ မမ်မိုရီ၊ processing hardware တွေလည်းပိုကောင်းလာပါတယ်။ ဆန်းသစ်ကောင်းမွန်တဲ့ software တွေကိုတောင် တချို့ဟန်းဆက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက OnePlus X ဟာ flagship အသေးစားလေးဖြစ်ခဲ့တာပါ။ Xperia Compa စီးရီးနဲ့တောင် နီးကပ်ခဲ့ပါတယ်။ ဈေးနှုန်းကလည်း သက်သာပါတယ်။ သုံးသိန်းတန်ဖုန်းမှာ Snapdragon 835 ဒါမှမဟုတ် 660 သုံးထားတာမမြင်ရပါဘူး။ ဒါဟာ ဈေးကွက်အရသက်သာတယ်လို့ မဆိုနိုင်တော့ပါဘူး။ OnePlus X ဟာ မေ့မရနိုင်တဲ့အရာတစ်ခုပါ။ high-end processor တွေကို ဈေးလည်းသက်သာကောင်းလည်းကောင်းတဲ့ ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ဖို့တွန်းအားပေးရမယ်ထင်ပါတယ်။

ပြိုင်ဘက်တွေနဲ့တောင် ယှဉ်နိုင်လာတယ်

နောက်ပိုင်းမှာတော့ တချို့ mid-tier ဟန်းဆက်ကောင်းကောင်းတွေဟာ ဈေးကွက်ကို ၀င်ရောက်လာပြီးတော့ ၂၀၁၈ဟာ နှစ်ကောင်းတစ်နှစ် ဖြစ်လာပါတယ်။ OnePlus X လိုမျိုးဖုန်းတွေကိုပြောရမယ်ဆိုရင် Huawei ရဲ့ Honor နဲ့ Xiaomi တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေကို ယူအက်စ်မှာသာရနိုင်တာကို သတိထားမိမှာပါ။ ဥရောပကိုရောက်ဖို့ဆိုတာကတော့ မလွယ်သေးပါဘူး။ နိုကီရာဟာ သူ့ရဲ့ဒီဇိုင်းကြောင့် ချီးကျူးခံရပေမယ့်လည်း အတွင်းပိုင်း processing hardware တွေကတော့ နောက်ကျန်နေဆဲပါပဲ။

mid-tier ပိုင်းမှာ ပြီးပြည့်စုံတဲ့ ဟန်းဆက်တစ်ခို့လည်းရှိပါတယ်။ ဥပမာ Honor 7X ဟာ ခေတ်မီတဲ့ဒီဇိုင်း၊ display ကောင်းကောင်း ၊ ကင်မရာနှစ်လုံးပါဝင်ပါတယ်။ ဒါပေမယ့်လည်း ပိုဈေးကြီးတဲ့ Honor 9 ၊ View 10 တို့ကို ကိုင်ချင်မှာပါ။ ယူအက်စ်ကနေ Huawei ကို ပယ်ချရခြင်းက သူတို့နိုင်ငံအတွက် carrier အဆင်မပြေလို့ပါပဲ။

Honor နဲ့ Xiaomi တို့ကလည်း သုံးသိန်းနဲ့ အကောင်းဆုံးဖုန်းတွေပေးအပ်နေပါတယ်။ ဒါပေမယ့် ယူအက်စ်အတွက် တရားဝင်တော့မဟုတ်သေးပါဘူး။

Xiaomi Redmi Note 5 နဲ့ Pro မော်ဒယ်လ်တွေကလည်း အိန္ဒိယအတွက်ကတော့ တန်ဖိုးသင့်ပါတယ်။ display ကြီးတာကို ကြိုက်တဲ့သူအတွက်ကတော့ အိုကေပါပဲ။ ဒါပေမယ့်လည်း processing hardware ကောင်းကောင်း ၊ IP rating လို feature တွေကတော့ ပျောက်နေပါတယ်။ သုံးသိန်းတန် Redmi Note 5 စီးရီးကတော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်ဈေးကွက်ကတော့ လက်ရှိဈေးနဲ့ high-end hardware အသုံးပြုဟန်းဆက်တွေကို ထုတ်ပေးနေပါတယ်။ ဒါပေမယ့်လည်း ဖြန့်ချိပေးနေတဲ့ဈေးကွက်ကတော့ မကျယ်ပြန့်သေးပါဘူး။ လူကြိုက်များတဲ့အနောက်တိုင်း brand တွေဟာ စိန်ခေါ်မှုတွေ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ဒီတရုတ်ဖုန်းတွေကို တင်သွင်းဖို့လမ်းကြောင်းရှာရတော့မှာပါ။

အားလုံးအကြိုက်တော့မဖြစ်နိုင်ပေမယ့်လည်း OnePlus X ကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ လုံးဝခြားနားနေတာပါ။ flagship processing hardware တွေကို စတိုင်လ်မိုက်မိုက်ဟန်းဆက်ထဲမှာ ထည့်သွင်းပေးထားပြီးတော့ ဈေးနှုန်းကလည်း အလတ်တန်းစားဖုန်းပါပဲ။ နှစ်နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် အခုအချိန်ထိအောင် ကောင်းမွန်နေတဲ့အခြေအနေကို ထိန်းထားနိုင်တာက တော်ရုံစကေးလား။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာ ဒီလိုမျိုးဘတ်ဂျက်ဖုန်းလောကမှာ အချိန်ကြာမြင့်စွာရပ်တည်နိုင်တဲ့ဖုန်းမျိုး ပေါ်မလာဘူးလို့မပြောနိုင်ပါဘူး။ ဒီလောက်ဈေးနဲ့ feature ကောင်းကောင်းတွေ ယူဆောင်လာပေးမယ့်ဖုန်းတွေကို များများ ထွက်ပေါ်လာစေချင်မိပါတယ်။

၂၀၁၈ဟာ OEM တွေအတွက် mid-tier ဖုန်းပိုင်းမှာ ပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ့်နှစ်ဖြစ်နိုင်ပါတယ်။ hardware က အဓိကအချက်ဖြစ်နေတာမို့ OEM တွေသာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် Oneplus X လိုမျိုးဖုန်းတွေဟာ ဒီနေ့ခေတ်မှာ ပြန်ပေါ်လာနိုင်မှာပါ။ စိတ်မကောင်းစရာတစ်ခုက Oneplus ကလည်း ဒါမျိုးဖုန်းကို ထပ်မထုတ်သေးပါဘူး။ ဒီတော့ မျှော်လင့်ရုံမှတစ်ပါး။