iPhone X ဟာ Galaxy S9 ကို စွမ်းရည်ပြိုင်ခြင်း ရဲ့နောက်ကွယ်ကဖြစ်ရပ်များ

0
1851

iPhone X နဲ့ Galaxy S9 တို့ကို performance ပိုင်းမှာယှဉ်ပြခြင်းအားဖြင့် နည်းပညာမီဒီယာတွေဟာ စမတ်ဖုန်းဝယ်ယူသူတွေကို အဆင်ပြေအောင်လုပ်ပေးနေကြတာပါ။ ဒါပေမယ့် brand တစ်ခုချင်းစီရဲ့ hardcore ဖန်တွေကတော့ ဒီလိုနှိုင်းယှဉ်ချက်တွေကို ဂုဏ်ဖော်ပြောနေတယ်လို့ ယူဆကြပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ benchmark တွေဟာ အခိုင်အမာရပ်တည်နေတဲ့ဖန်တစ်ယောက်အတွက်တော့ တစ်ခုကနေတစ်ခုကို ပြောင်းလဲအောင်မလုပ်အောင်နိုင်ပါဘူး။ ဒါပေမယ့်လည်း benchmark တွေက performance နဲ့ experience တွေကို အရေးပေးသူတွေအတွက် အသုံးဝင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

စမတ်ဖုန်းဖန်တွေအတွက် benchmark တွေဟာဘယ်လောက်အသုံးဝင်တယ်ဆိုတာကို အသာထားလိုက်ပါ။ Samsung ရဲ့ Galaxy S9 ၊ Galaxy S9+ တို့ဟာ ဒီတစ်ပတ်ကစပြီးတော့ ကြိုတင်အော်ဒါမှာနိုင်တော့မှာပါ။ benchmark စမ်းသပ်ချက်တွေကလည်း Samsung ရဲ့ flagsip ဖုန်းတွေအတွက် အတော်လေးကို ဟော့ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဘလော့တစ်ခုရဲ့ benchmark တွေကတော့ ပွဲဖြစ်သွားစေခဲ့ပါတယ်။

“မနှစ်က iPhone တွေဟာ Samsung ရဲ့ Galaxy flagship စမတ်ဖုန်းတွေကို benchmark စမ်းသပ်ချက်တွေမှာ ဖျက်ဆီးလိုက်ခြင်း”ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အမျိုးမျိုးသော gadget blog တွေနဲ့ Apple ဖန်တွေက ဒီရက်ပိုင်းအတွင်းမှာ ရေးသားလာကြပါတယ်။ Anandtech ရဲ့ Galxy S9 benchmark ရလဒ်တွေကို ကိုးကားပြီးတော့ ပြောနေကြတာပါ။

အသေးစိတ်တွေထိမဆင်းဘဲကြည့်လိုက်မယ်ဆိုရင် Anandtech  ဟာ ဖျစ်ညှစ်သုံးနေတဲ့အချိန်ကို စမ်းသပ်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကတော့ ချုံ့ပြောလိုက်တာပါ။ Anandtech  ရဲ့ရေးသားသူကတော့ ဒါကိုမျှတအောင် ပြောဆိုထားပါတယ်။ ဒီကိစ္စကိုအကြောင်းပြုပြီးပြန်ရေးတဲ့ blogger တွေက သူတို့ပြောချင်တဲ့ တစ်ပိုင်းလောက်ကိုသာ ယူပြီးပြောနေတာဖြစ်တယ်လို့ ယူဆမိပါတယ်။

Site တချို့ရဲ့စမ်းသပ်ချက်တွေဟာ ဆီလျော်တယ်လို့ထင်ရပြီး အများစုရဲ့ Exynos 9810 အသုံးပြုထားတဲ့ Galaxy S9+  အတွက် ရလဒ်တွေဟာ အတော်လေးကို ဆိုးဝါးလွန်းလှပါတယ်။ တချို့ရလဒ်တွေဟာ မနှစ်ကဖုန်းမော်ဒယ်လ်တွေထက်တောင် ဆိုးဝါးနေပါတယ်။ Galaxy S8 နဲ့တောင် မယှဉ်နိုင်ပါဘူး။ Samsung ရဲ့ Snapdragon နဲ့ Exynos ဗားရှင်းနှစ်ခုဟာ performance ပိုင်းမှာအဲလောက်မကွာပေမယ့်လည်း စမ်းသပ်ချက်ထဲမှာတော့ ရလဒ်နှစ်ခုဟာ လုံးဝကိုမတူညီခဲ့ပါဘူး။


နမူနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Samsung ရဲ့ Exynos အသုံးပြုထားတဲ့ဖုန်းတွေကတော့ Snapdragon ထက် performance ပိုင်းမှာ ပိုကောင်းနေတာကိုတွေ့နေရပါတယ်။ အဲဒီစမ်းသပ်ချက်တွေထဲမှာ Apple iPhone 7 2016 ဟာ Galaxy S9 + ကို စမ်းသပ်ချက်ပေါင်းများစွာမှာ အနိုင်ရနေတယ်လို့ ပြသနေပါတယ်။ နည်းနည်းလောက် သံသယဖြစ်မသွားဘူးလား။

“ကျွန်တော်စမ်းသပ်ထားတဲ့ Exynos 9810 S9+ မှာ တခုခုတော့အတော်လေးမှားနေတယ်လို့ ယူဆမိပါတယ်” လို့ အဲဒီပို့စ်မှာ စမ်းသပ်သူက ရေးသားခဲ့ပါတယ်။ “မနှစ်က Exynos 8895 နဲ့တောင်ခွဲဖို့ခက်လာပါတယ်။ Snapdragon 845 ကိုအသာထားလိုက်ပါဦး။ အများဆုံးက 2.7GHz core frequency ကိုသာ ရောက်ပါတယ်။ အခုအချိန်ပြောနိုင်တာကတော့ DVFS configuration ကိုအသုံးပြုထားတာဖြစ်နိုင်လောက်ပါတယ်။”

Apple blog တွေကတော့ ဒီအောက်ပိုင်းကို မေ့ထားကြပါတယ်။

ဆက်ပြောထားတဲ့အကြောင်းကတော့ “Samsung ရဲ့ ပြောဆိုခွင့်ရှိသူတစ်ဦးကတော့ အစမ်းလုံးတွေဟာ MWC အတွက်ထုတ်ပေးတားတဲ့ သီးသန့် firmware ကြောင့်ဖြစ်နိုင်တယ်။ ဒါတွေက optimize မလုပ်ရသေးပါဘူး။ performance ပိုင်းမှာလည်း အကန့်အသတ်နဲ့ဖြစ်နေတယ်။ confirmation တွေကို Snapdragon performance နဲ့နီးကပ်အောင် Exynosကိုလည်း ပြင်ဆင်မယ်လို့ ကြားထားပါတယ်။  လက်ရှိမှာကတော့ အတော်လေးကွာခြားနေပါသေးတယ်။ ဒါဟာ firmware နဲ့လည်းသက်ဆိုင်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ ”

ဒါကြောင့် Samsung ဟာ ကြိုတင်ထုတ်လုပ်ထားတဲ့ဖုန်းတွေမှာ တစ်ခုခုမှားယွင်းနေတဲ့ပုံပါပဲ။ ဒီလိုသုံးသပ်ချက်တွေ ထွက်ပေါ်လာမယ်ဆိုရင်လည်း ရှင်းလင်းကြစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။