Huawei ရဲ့ Flagship Laptop Matebook X Pro (2018)

0
1252

Mobile World Congress ပွဲမှာ Huawei ရဲ့ခေါင်းစီးဟာ စမတ်ဖုန်းမဟုတ်ဘဲ လက်ပ်တော့ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က Huawei ဟာ ကွန်ပျူတာဈေးကွက်ကို Matebook လိုင်းနဲ့ဝင်ရောက်ခဲ့ပါတယ်။ 2017 အတွက်ကတော့ Huawei Matebook X ဖြစ်ပါတယ်။ 2018 အတွက်ကတော့ Huawei ဟာ Matebook X Pro ကို မိတ်ဆက်ခဲ့ပြီးတော့ သုံးစွဲသူတွေရဲ့စကားသံကိုနားထောင်ခဲ့ပါတယ်။ ဒါကြောင့် ပရီမီယမ်ထုတ်ကုန်အတွက် လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ပြောင်းလိုက်ခြင်းအပြင် ပြောင်းလဲသွားတဲ့အချက်တွေကလည်း မနည်းပါဘူး။

Huawei Matebook X Pro (2018)

X 2017 မော်ဒယ်လ်ထက် Pro 2018 မော်ဒယ်လ်က ဘာတွေကွာသွားသလဲဆိုတော့ Intelရဲ့ 8th generation Core-U processorတွေကို အသုံးပြုထားပါတယ်။ ဒါကိုတော့ Kaby Lake Refresh လို့ သိကြပါတယ်။ ဒါကြောင့် generation တွေကြားမှာ 15W TDP parity တွေအတွက် ဒီဇိုင်းအသစ်က Core i7-8550U ကို အသုံးပြုပြီးတော့ core လေးခုနဲ့ မောင်းနှင်ထားပါတယ်။

Pro 2018 မှာ သုံးစွဲသူတွေဟာ Core i5-8250U (quad-core with HT, 6MB L3) ဒါမှမဟုတ် Core i7-8550U (quad-core with HT, 8MB L3) တို့ကို ရွေးချယ်နိုင်မှာပါ။ Core i7  မော်ဒယ်လ်ကတော့ NVIDIA MX150 graphics GPU တို့ကို အသုံးပြုနိုင်မှာပါ။ 16GB LPDDR3 memory ၊ 512GB  NVMe storage အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Matebook X Pro ရဲ့ feature လေးတွေကို လေ့လာကြည့်လိုက်ရအောင်ပါ။

Huawei Matebook X Pro (2018)
Core i7
With MX 150
Core i5
Without MX 150
Processor CPU Intel Core i7-8550U Intel Core i5-8250U
Cores Quad Core with HT Quad Core with HT
Base Freq 1.8 GHz 1.6 GHz
Turbo Freq 4.0 GHz 3.6 GHz
L3 Cache 8 MB 6 MB
TDP PL1 = 15W PL1 = 15W
Graphics NVIDIA MX150
2GB GDDR5
384 CUDA Cores
~30W TDP
Intel HD 630
24 EUs
300-1100 MHz
Display 13.9-inch 3000×2000 LTPS
100% sRGB
450 nits
1500:1 contrast ratio
DRAM 16 GB LPDDR3 8 GB LPDDR3
Storage 512 GB NVMe
PCIe 3.0 x ?
LiteOn
256 GB NVMe
PCIe 3.0 x ?
LiteOn
Wireless Intel AC 8275
802.11ac 2T2R
Dual Band
Connectivity 1 x Type-C (Power and Data)
1 x TB3 (Power and Data)
1 x Type-A
3.5mm TRRS
Camera Spring Latch
1MP
Battery 57.4 Wh
Dimensions H x W x D 304 x 217 x 14.6 mm
Mass ~1.33 kg < 1.33 kg
Price 1899 Euro 1499 Euro

 

13.9-inch LTPS/IPS display မှာ 3000×2000 resolution ရှိပြီးတော့ အဖုံးရဲ့ ၉၁ရာနှုန်းကို ကာမိအောင်ဖုံးထားပါတယ်။ ဘောင်တွေကတော့ ၄.၄မီလီမီတာသာရှိပြီးတော့ ကင်မရာကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။ display အမျိုးအစားကတော့ 450 nits brightness ၊ 100% sRGB coverage ၊ 1500:1 contrast ratio တွေကို အသုံးပြုခွင့်ရရှိသွားပါတယ်။ 178-degree viewing angles တွေပါဝင်တာမို့ အများသုံးနေရာတွေမှာ အသုံးပြုခြင်း၊ security screen လိုအပ်တဲ့အချိန်မျိုးတွေမှာလည်း အသုံးပြုရအဆင်ပြေစေမှာပါ။

အဲဒီလို display တွေမျိုးမှာ များသောအားဖြင့် webcam ဟာ အောက်ခြေမှာသာရှိတတ်ပါတယ်။ ဒါပေမယ့်လည်း မြှုပ်နှံထားဆဲပါ။ Huawei ရဲ့ ဖြေရှင်းချက်ကတော့ ကွဲပြားပါတယ်။ ကီးဘုတ်ကနေ ထိုးထွက်လာတဲ့ဒီဇိုင်းပါ။ အဲဒီနေရာမှာထားလိုက်ခြင်းအားဖြင့် သုံးစွဲသူ ၃၅%လောက်ကိုတော့ ကာဗာဖြစ်တယ်လို့ သုတေသနရလဒ်တွေက တင်ပြထားပါတယ်။ ကင်မရာဟာ ကီးဘုတ်ရဲ့ကီးတွေကြားမှာ ထည့်သွင်းထားပြီးတော့ F6 နဲ့ F7 ကြားမှာ ရှိပါတယ်။ ဖိလိုက်တဲ့အခါမှာ ကင်မရာလေးက ကီးတွေအကြားမှာ ထိုးထွက်လာတာဖြစ်ပါတယ်။ ပိတ်လိုက်တဲ့အခါမှာတော့ ကင်မရာကို လုံးဝကာကွယ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးပိုင်းမှာလည်း အဆင်ပြေပါတယ်။ ဒါဟာ ကီးဘုတ်အောက်မှာထားခြင်းထက် ပိုမိုကောင်းမွန်တဲ့ဒီဇိုင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်တစ်ခုကတော့ ရှိနေပါတယ်။ အလုပ်အတွက်အသုံးပြုမယ်ဆိုရင်တော့ သူတို့ရဲ့နှာခေါင်း၊ မေးစေ့အထိလောက်သာ မြင်ရနိုင်ပါတယ်။ ဆံပင်ထိအောင်မြင်ရနိုင်တဲ့ လုံခြုံရေးမျက်နှာပြင်မျိုးတော့ မဟုတ်ခဲ့ပါဘူး။

ကီးဘုတ်နဲ့ trackpad မှာတော့ Huawei ဟာ Matebook X Pro အတွက် ဈေးကွက်ထဲမှာ 14-inch notebook အတွက် အကြီးမားဆုံးသော clickpad ကို အသုံးပြုေးထားပါတယ်။ ကီးဘုတ်ကိုလည်း အပြည့်သုံးပေးထားပြီးတော့ backlit ဖြစ်ပါတယ်။ 2017 မော်ဒယ်လ်ကိုအသုံးပြုပြီးသားဆိုရင်တော့ clickpad ကြီးကြီးကို ကြိုက်မှာသေချာပါတယ်။ များသောအားဖြင့် ကျွန်တော်က physical mouse button တွေကို ပိုကြိုက်တဲ့သူတစ်ယောက်ပါ။ ကီးဘုတ်ရဲ့အပေါ်မှာတော့ Huawei ရဲ့ combination on/off ခလုတ်တွေ၊  Goodix ဒီဇိုင်းကိုအသုံးပြုထားတဲ့ fingerprint sensor တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

၂၀၁၈ မော်ဒယ်လ်အတွက် Huawei ဟာ ခလုတ်တွေနဲ့ sensor တွေကို တစ်ချက်တည်းနဲ့ OS အတွင်းအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ fingerprint data တွေကို POST process အစမှာပဲ ဖမ်းယူထားပြီးတော့ independent security chip ထဲမှာ လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် OS အဆင်သင့်ဖြစ်တဲ့အချိန်မှာ တန်းပြီးဝင်ရောက်သွားမှာပါ။ Huawei ဟာ Windows 10 ၀င်ရောက်ဖို့အတွက် ကြာချိန် ၈စက္ကန့်လို့ ပြောထားပါတယ်။

ချိတ်ဆက်မှုပိုင်းမှာတော့ Matebook X Pro ဟာ USB 3.0 Type-A port တစ်ခုတည်းကို ညာဘက်မှာအသုံးပြုထားပြီးတော့ ဘယ်ဘက်မှာ USB Type-C port နှစ်ခု၊ 3.5mm jack ကိုလည်း တွေ့မြင်ရပါတယ်။ Type-C port နှစ်ခုစလုံးဟာ  data ရော အားသွင်းခြင်းပါ အသုံးပြုနိုင်ပါတယ်။ တစ်ခုကတော့ Thunderbolt 3 အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် external display တွေ၊ graphics card တွေကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။ Huawei ရဲ့ system ဟာ GTX 1080 အထိ ထောက်ပံ့ပေးထားပါတယ်။ ကြိုးမဲ့လုပ်ဆောင်ချက်တွေအဖြစ် Intel ရဲ့ 802.11ac dual-band AC7265 controller ၊ Wi-Fi Direct ကိုအခြေခံထားတဲ့ ‘Huawei Share’ software တွေကို အသုံးပြုထားတာမို့ Huawei စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ မြန်ဆန်တဲ့ဖိုင်ကူးပြောင်းမှုတွေကို ကြိုးမလို၊ cloud မလိုဘဲ ပြောင်းရွှေ့နိုင်မှာပါ။

ဘတ်ထရီမျာတော့ 57.4Wh ကို အသုံးပြုထားပြီးတော့ သူ့ရဲ့ ‘Power Saving Management Technology’ နောက်ဆုံးမျိုးဆက်ကို အသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ခံသလဲဆိုတာကတော့ မပြောထားပါဘူး။ ဒါကြောင့် ဒါဟာ hardware ပိုင်းနဲ့လုပ်ထားသလား၊ software ပိုင်းလားဆိုတာ မပြောနိုင်ပါဘူး။ software ပိုင်းကတော့ Windows အခြေခံ OS တွေမသုံးတဲ့အချိန်မှာသာ လုပ်ဆောင်ကြတာပါ။ ဘတ်ထရီရဲ့ကောင်းမွန်မှုကတော့ ၁၅% တိုးတက်လာပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုနည်းလမ်းနဲ့ တိုင်းတာထားသလဲဆိုတာကတော့ ပြောမထားပါဘူး။ USB-C အားအမြန်သွင်းစနစ်က ၃၀မိနစ်အားသွင်းပြီးတာနဲ့ ၆နာရီလောက် ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေမှာပါတဲ့ စနစ်လို့အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။

Huawei ဟာ အသံပိုင်းမှာလည်း Dolby Atmos certified ဖြစ်ပါတယ်။ စပီကာလေးလုံးတပ်ဆင်ထားပါတယ်။ ဒါပေမယ့် frequency ကတော့ မတူညီကြပါဘူး။ စပီကာနှစ်လုံးကတော့ bass အတွက်ဖြစ်ပြီး frequency မြင့်ပါတယ်။ speaker chamber တွေကတော့ double suspension system ကို အသုံးပြုထားပြီးတော့ တုန်ခါမှုကို ထိန်းချုပ်ထားပါတယ်။ စပီကာတွေကို ကီးဘုတ်ဘေးမှာထားပြီးတော့ အရှေ့မျက်နှာမူထားတဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းနဲ့ပတ်သတ်လို့ကတော့ မပြောခဲ့သလို မေးခွန်းတွေကိုလည်း မဖြေခဲ့

Launch အတွက် ပထမဆုံးပြောတဲ့စကားကတော့ KBL-R ကို ပြောင်းလိုက်ခြင်ား အရင်ပရိုဆက်ဆာဟောင်းထက် ပိုကောင်းအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် MX150 version ဖြစ်တာမို့ 2018 edition ဟာ ပန်ကာမဲ့မဟုတ်ပါဘူး။ ဒါကြောင့် အားသာချက်၊ အားနည်းချက်တွေရှိသွားပါတယ်။ Matebook X မှာ ဒီဇိုင်းပိုင်းနဲ့ပတ်သတ်ပြီးတော့ နည်းနည်းပြောချင်ပါတယ်။ အပူချိန်လုပ်ဆောင်ချက်ကတော့ ပြောင်းလဲပါတယ်။ networking hardware တွေနဲ့ပတ်သတ်လာမယ်ဆိုရင်ပေါ့။ Matebook X Pro မှာ ပန်ကာတွေပါဝင်ခြင်းကြောင့် ပရိုဆက်ဆာကို ကောင်းကောင်းအရှိန်တင်နိုင်ပါတယ်။ အားနည်းချက်ကတော့ အဲဒီပန်ကာတွေပါပဲ။ ပန်ကာတွေဟာ ဒီဇိုင်းအောက်ပိုင်းကို နည်းနည်းဖျက်သလိုပါပဲ။ ပန်ကာတွေဟာ clamshell ဒီဇိုင်းနဲ့ယှဉ်လိုက်ရင် တော်တော်လေးသိသာပါတယ်။ ပန်ကာရှိခြင်းဟာ ကျွန်တော့လိုများများသုံးသူတွေအတွက်ကတော့ အသင့်တော်ဆုံးဖြစ်ပြီး Huawei ရဲ့ ပန်ကာမဲ့ အရည်အသွေးမြင့်ဒီဇိုင်းကိုတော့ အသုံးပြုခွင့်မရတော့ပါဘူး။ Huawei သာ MX150 ကို မရွေးချယ်ခဲ့ဘူးဆိုရင် ပန်ကာတွေလိုအပ်နေလိမ့်ဦးမယ်လို့ တွေးမိပါတယ်။ ကျွန်တော်တို့ စမ်းသပ်စဉ်မှာ ပါဝါနဲ့ frequency တွေကို စောင့်ကြည့်ခဲ့ပါတယ်။ CPU က 15W ကိုရောက်သွားတဲ့အခါမှာ PL2 (turbo power limit) ဟာ 15W ကိုရောက်သွားခဲ့ပါတယ်။ ဒါကြောင့် Core i7 CPU ဟာ အမြင့်ဆုံး 2.8 GHz အထိသာရောက်နိုင်ပြီးတော့ တရားဝင်သတ်မှတ်ထားတဲ့ 4.0 GHz turbo ကိုမရောက်နိုင်တော့ပါဘူး။ ဒါသာပုံမှန်မဟုတ်ပေမယ့်လည်း 8th Gen processors ကို ပြောင်းလိုက်တဲ့အချိန်မှာ ပန်ကာပါဝင်လာခြင်းတွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲ။

Launch မှာ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ power delivery ပါ။ ကောင်းကောင်းတော့ရှင်းပြမထားပါဘူး။ Type-C port တွေဟာ အားသွင်းနိုင်သလို data တွေလည်းပို့ဆောင်နိုင်ပါတယ်။ တစ်ခုကသာ Thunderbolt 3 အသုံးပြုနိုင်ပါတယ်။ Alpine Ridge controller လား၊ Titan Ridge controller လား ၊ GTX 1080 အထိ ထောက်ပံ့ပေးထားလား ၊ GTX 1080 Ti လားဆိုတာတွေကတော့ မရှင်းလင်းသေးပါဘူး။ TB3 နဲ့သင့်တော်လေ့ရှိပြီးတော့ dual port TB3 controller တွေကတော့ port နှစ်ခုလုံးမှာ ပါဝါတွေကိုစီမံပေးနိုင်ပါတယ်။ အဲဒီထဲကတစ်ခုကတော့ TB3 ကို ထောက်ပံ့ပေးနိုင်ခြင်းမရှိပါဘူး။ port တစ်ခုမှာ TB3 ကိုပိတ်ထားဖို့အတွက် ဆုံးဖြတ်မလား ၊ TB3 controller တစ်ခုတည်းပဲသုံးမလားဆိုတာကို ရွေးချယ်ရတော့မှာပါ။ TB3 chip မှာ တစ်ခုပါဝင်နိုင်ပြီး နောက်တစ်ခုကတော့ ဘတ်ထရီအားသွင်းဖို့အတွက် ပါဝါစီမံခြင်းတွေလုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ထပ်တိုးပစ္စည်းတွေအတွက် ကုန်ကျစရိတ်တော့တက်လာနိုင်ပါတယ်။ ကောင်းကောင်းမသိတဲ့အတွက် ပြောရတာလည်း အဆင်မပြေပါဘူး။

ဒီစနစ်ရဲ့ကောင်းမွန်ချက်တစ်ခုကတော့ 16GB LPDDR3 အထိ ပေးနိုင်ခြင်းပါ။ sub-14 inch ထဲက 16GB DRAM ကတော့ ပုံမှန်မဟုတ်ပါဘူး။ DDR4 ရဲ့ LPDDR3 ကတော့ မိုဘိုင်းလ်ပစ္စည်းထဲမှာဖြစ်ပြီးတော့ သူဟာ ပါဝါမမ်မိုရီအခြေအနေနည်းနည်းနဲ့ ပိုကောင်းအောင် လုပ်ဆောင်ပေးပါတယ်။           16GB ဗားရှင်းကတော့ high-end မော်ဒယ်လ်ဖြစ်ပြီး Huawei ကတော့ configuration သုံးခုနဲ့ထုတ်ပေးထားပါတယ်။

Intel Core i5-8250U + 256GB NVMe SSD + 8 GB DRAM

Intel Core i5-8250U + 512GB NVMe SSD + 8 GB DRAM + NVIDIA MX150

Intel Core i7-8550U + 512GB NVMe SSD + 16 GB DRAM + NVIDIA MX150

မမ်မိုရီက dual channel mode ဖြစ်ဖို့မျှော်လင့်မိပါတယ်။

Original Matebook X ကို နေ့စဉ်သုံး notebook အဖြစ်အသုံးပြုခဲ့ပါတယ်။

၁၃လက်မ Core-U စီးရီး ပန်ကာမဲ့ဒီဇိုင်းကတော့ ကျွန်တော့ရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီးတော့ ASUS Zenbook Ultimate ထက် သာလွန်ပါတယ်။ ပရီမီယမ် notebook ကို ပိုင်ဆိုင်ထားရခြင်း လွန်ခဲ့တဲ့လေးနှစ်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ အတော်လေးသိသာခြားနားသွားပါတယ်။

Matebook X Pro (2018) ဟာ Matebook X ထက်သာလွန်နေတာက display ၊ 450 nits brightness ၊ spring-latch webcam ၊ Thunderbolt 3 connectivity ၊ Type-A နဲ့ Type-C ၊ စပီကာလေးလုံး ၊ လက်ဗွေစနစ် ၊ NVIDIA MX150 graphics တွေပါဝင်ပါတယ်။ ပန်ကာဒီဇိုင်းကိုပြောင်းလဲချိန်မှာတော့ နည်းနည်း ဈေးကြီးသွားပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှုများ

ဈေးနှုန်းနဲ့ ရနိုင်မှုတွေကိုလည်း MWC မှာ ပြောသွားပါတယ်။

ဈေးနှုန်းတွေကတော့ အမျိုးမျိုးပါပဲ

1899 Euro: Core i7, 16GB DRAM, 512GB NVMe, MX 150

1699 Euro: Core i5, 8 GB DRAM, 512GB NVMe, MX 150

1499 Euro: Core i5, 8 GB DRAM, 256GB NVMe

Matebook X Pro ရဲ့ ပထမဆုံးဈေးကွက်ကတော့ တရုတ်၊ ယူအက်စ်၊ ဆော်ဒီအာရေဗျ၊ ဂျာမနီ၊ စပိန်၊ အီတလီနဲ့၊ နော်ဒင်တို့ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ၄လပိုင်းလောက်မှာ စတင်ရောက်ရှိတော့မှာပါ။