HTC Desire 12 Plus ဖုန်းရဲ့ feature များနှင့် စိတ်ဝင်စားဖွယ်အကြောင်းအရာများ

0
425

HTC ရဲ့ ယူအက်စ်စမတ်ဖုန်းအဖွဲ့ထဲမှ ၀န်ထမ်းလျှော့ချခြင်းနဲ့ပတ်သတ်လို့ HTC ကို မကျေမနပ်တွေဖြစ်နေကြပါတယ်။ HTC စမတ်ဖုန်းရဲ့ ဥက္ကဌဖြစ်သူ Chailin Chang ဟာ စမတ်ဖုန်းအုပ်စုကို ပြန်လည်စီစစ်ပြီးနောက်မှာ ဖြစ်ပေါ်ခဲ့တာပါ။ Google နဲ့ အပေးအယူလုပ်ပြီးကတည်းက သတင်းဆိုးတွေချည်းကြားနေရတာ မဟုတ်တော့ပါဘူး။ တချို့ဝန်ထမ်းတွေကို Google ရဲ့ hardware အုပ်စုက လက်ခံခဲ့ပြီးတော့ HTC Desire ဖုန်းအသစ်ကလည်း ထွက်ပေါ်လာတော့မှာပါ။ mid-range အမျိုးအစားဖြစ်ပြီးတော့ 18:9 display တွေကို မြင်တွေ့ခဲ့ပြီးသားပါ။ အခုပြောမှာကတော့ HTC Desire 12 Plus အကြောင်းလည်းပါပါတယ်။

Desire 12 ကတော့ Plus ဗားရှင်းလည်း ရှိမှာပါ။ သူ့ရဲ့ codename ကတော့ Breeze Plus ဖြစ်ပြီး ၅.၉၉လက်မ TFT screen ၊ 1440 x 720 pixel resolution ၊ 18:9 aspect ratio ၊ 268ppi ၊ 3GB RAM ၊ 1.8GHz octa-core Qualcomm Snapdragon 450 processor ၊ 13MP အနောက်ကင်မရာ ၊ 8MP အရှေ့ကင်မရာ(electronic image stabilization) ၊ 32GB သိုလှောင်မှု၊ microSD card တွေလည်းပါဝင်ပါတယ်။

HTC Desire 12 Plus ကတော့ Desire 12 ထက် ပိုကြီးပါတယ်။ နှစ်ခုစလုံးကတော့ flagship တွေချည်းပါပဲ။ silicon powering ကိုအသုံးပြုထားတာမို့ Qualcomm ရဲ့ Quick Charge 3.0 နည်းပညာကိုအသုံးပြုထားမှာပါ။ အားအမြန်သွင်းစနစ်ကိုတော့ ပေးမလားဆိုတာ မသိရသေးပါဘူး။ 2965mAh ဘတ်ထရီနဲ့ အားဖြည့်ပေးထားတာမို့ standby ထားမယ်ဆိုရင် ၅၂၂နာရီထားနိုင်မှာဖြစ်ပြီး သီချင်းနားထောင်မယ်ဆိုရင် ၇၄နာရီ ၊ စကားပြောမယ်ဆိုရင်တော့ ၂၆နာရီခံမှာပါ။

HTC Desire 12 Plus နဲ့ Desire 12 တို့ဟာ မကြာခင်မှာထွက်ပေါ်လာတော့မယ်လို့ ယုံကြည်ထားပါတယ်။