Android အတွက်ထွက်ရှိလာတဲ့ Baldur’s Gate: Siege of Dragonspear

0
165

Baldur’s Gate ကတော့ RPG ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀လောက်ကတည်းက ကွန်ပျူတာတွေအတွက် ထွက်ရှိလာခဲ့ပါတယ်။။ ပြီးခဲ့တဲ့ ၂နှစ်လောက်ကလည်း Baldur’s Gate II ဆိုပြီးတော့ ဗားရှင်းအသစ်ထွက်ခဲ့ပါသေးတယ်။ ၂၀၁၆ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Baldur’s Gate II ကတော့ စီးရီးတစ်ခုအနေနဲ့ ထွက်ရှိပေးခဲ့ပါတယ်။ ဒါကြောင့် Baldur’s Gate: Siege of Dragonspear ကို original နဲ့ နောက်ထပ်ဗားရှင်းတို့ရဲ့ကြားက လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးမှာပါ။

အဲဒီဂိမ်းရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Beamdog က တွစ်တာပေါ်မှာ ကြော်ငြာချက်တစ်ခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဂိမ်းကို Android နဲ့ကစားနိုင်တော့မယ်ဆိုတဲ့ သတင်းလေးပါ။ အဲဒီဂိမ်းဟာ လာမယ့် မတ်လ၈ရက်နေ့မှာ Google Play Store ပေါ်ကို ရောက်မှာဖြစ်ပါတယ်။ အဲဒီဂိမ်းဟာ အနည်းဆုံးတော့ နာရီပေါင်းသုံးဆယ်ကြာအောင် ကစားရမှာဖြစ်ပြီးတော့ standalone experience ဖြစ်ပါတယ်။

Baldur’s Gate နဲ့ Baldur’s Gate II တို့ဟာ Android ပေါ်မှာ ကစားနိုင်ပြီးသားဖြစ်ပါတယ်။ Siege of Dragonspear အတွက် ဈေးနှုန်းကတော့ မသိရသေးပါဘူး။ ဒါပေမယ့်အရင်ဂိမ်းတွေကတော့ ဒေါ်လာ၉.၉၉ ရှိတာကို သိထားပါတယ်။ ဒါကြောင့် အဲဒီဈေးနဲ့ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒါဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်က ကွန်ပြူတာဂိမ်းကို Android အတွက်ထုတ်ပေးထားတာမို့ ဂရပ်ဖစ်မှာတော့ မျှော်လင့်မထားစေချင်ပါဘူး။ ဒါပေမယ့်လည်း အချက်အလက်နိမ့်တဲ့ဖုန်းရှိမယ်ဆိုရင်လည်း ကစားနိုင်လောက်မှာပါ။ ဒါကတော့ အဆိုးထဲကအကောင်းပါပဲ။

ကွန်ပျူတာဗားရှင်းထဲက အသေးစိတ်တွေအကုန်လုံးကို ရရှိမယ်လို့ ကြားထားပါတယ်။ ထွေလာလေးကို အောက်မှာကြည့်နိုင်ပါတယ်။