လုံးဝစိတ်လှုပ်ရှားစရာကောင်းမယ့် Vivo ရဲ့ ဘောင်နည်းဒီဇိုင်းဖုန်းများ

0
1739

ဖုန်းထုတ်လုပ်သူတွေရဲ့ဒီဇိုင်းပိုင်းတွေကသာ ကွဲပြားချင်ကွဲပြားလိမ့်မယ်။ ဖုန်းရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ မပြောင်းလဲပါဘူး။ Vivo ရဲ့ APEX concept ဖုန်းလေးကိုကြည့်ပြီးနောက်မှာတော့ ဒီနည်းပညာရဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သိချင်နေတဲ့သူဟာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိလာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဖုန်းကိုဈေးကွက်မှာ မမြင်ရတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

APEX concept ဖုန်းကတော့ Vivo ရဲ့ နောက်ဆုံးပန်းတိုင်မဟုတ်ပါဘူး။ ဒါဟာ အများစုရဲ့အခက်အခဲကို ဖြေရှင်းနည်းတစ်ခု ဖြစ်လာပါတယ်။ သရုပ်ပြသမှုလေးဟာ မျက်နှာပြင်အောက်မှာမြှုပ်ထားတဲ့ fingerprint scanner ရဲ့ ကြီးမားမှုကို ပြသထားပြီးတော့ ဆယ်လ်ဖီကင်မရာကတော့ ဖုန်းရဲ့အပေါ်မှာထွက်ာတာကို တွေ့မြင်ရဦးမှာပါ။

အခုနောက်ပိုင်းရဲ့ စမတ်ဖုန်းအများကတော့ ဘောင်တွေကိုလျှော့လာတဲ့အတွက် ထုတ်လုပ်သူတွေဟာ ဖုန်းရဲ့ sensor တွေကို ဘယ်နားထားရမလဲ၊ အဓိကအားဖြင့် ဆယ်လ်ဖီကင်မရာဖြစ်ပါတယ်။ Essential Phone ၊ iPhone X, ကို ကြည့်လိုက်ပါ။ အဟိုက်မပါတဲ့ဖုန်းဆိုတာ လိုက်ရှာနေရပါလိမ့်မယ်။

အဲဒီအရာတွေကို ဖုန်းရဲ့အရှေ့ပိုင်းမှာသာ အမြဲတမ်းထားလေ့ရှိတဲ့အတွက် အခက်အခဲတွေဖြစ်လာရတာပါ။ Vivo concept ဟာ ambient light sensor တွေကို ဖုန်းရဲ့အပေါ်ပိုင်းမှာထည့်သွင်းထားပြီးတော့ proximity sensor  ကို မျက်နှာပြင်အောက်မှာ မြှုပ်ထားလိုက်ပါတယ်။

ဆယ်လ်ဖီကင်မရာဟာ ဖုန်းရဲ့အရှေ့ဘက်မှာပဲရှိနေလိမ့်မယ်လို့ ယူဆခဲ့တာပါ။ သင့်မျက်နှာကိုဖမ်းယူလိုတဲ့အချိန်မှာ အဆင်ပြေနိုင်ဖို့နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဒီကိစ္စဟာ ဘောင်နည်းဒီဇိုင်းနဲ့ပတ်သတ်လာရင်တော့ အဆင်မပြေတော့ပါဘူး။ ၂၀၁၄ခုနှစ်ရဲ့ Sharp Aquos Crystal ဟာ အောက်ဘက်ကိုပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် အောက်ဘောင်ကတော့ကြီးသွားပြီး ဆယ်လ်ဖီတိုင်းကို angle ဆိုးဆိုးကြီး ဖြစ်သွားစေပါတယ်။ Xiaomi Mi Mix မှာလည်း အဲဒီလိုပါပဲ။

Vivo ဟာ လုံးဝကို ဆန့်ကျင်ဘက်လားရာကို သွားလိုက်ပါတယ်။ မြင်သမျှလူတိုင်းလက်ခံတဲ့ ဖြေရှင်းချက်ကို ထုတ်ခဲ့တာပါ။ Vivo ဟာ ဖုန်းကိုယ်ထည်အတွင်းမှာ ဆယ်လ်ဖီကင်မရာကို မြှုပ်ခဲ့ပြီးတော့ လိုအပ်ချိန်မှသာ ထွက်ပေါ်လာမှာပါ။

ကင်မရာနဲ့ လှုပ်ရှားနေတဲ့အပိုင်းတွေဟာ ဖုန်းအတွင်းမှာရှိတဲ့အတွက်ကြောင့် ထူပြီးတော့ ကြီးလာမယ်လို့ ထင်ကြပါလိမ့်မယ်။ အံ့သြစရာကတော့ အဲလောက်လည်းမဟုတ်ပါဘူး။ Galaxy S9 လိုမျိုးတော့ မခံစားရပေမယ့်လည်း Razer Phone လောက်တော့ မထူပါဘူး။ headphone jack ကို ဆက်လက်ထိန်းထားပြီး ဆန်းသစ်တဲ့စမတ်ဖုန်းဒီဇိုင်းတွေနဲ့ ဖမ်းစားထားပါတယ်။

Privacy ပိုင်းမှာလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက်ကများ အရှေ့ကင်မရာကို hack လုပ်မယ်ဆိုရင်တော့ သူဟာ ဖုန်းအတွင်းပိုင်းကို တွေ့မြင်ရမှာပါ။ ကင်မရာရဲ့ဒီဂရီအချို့လောက်ကို ဟက်နိုင်မယ်ဆိုရင် သိမှာပါ။ လိုအပ်ချိန်မှာသာထွက်လာမယ်လို့ စဉ်းစားကြည့်လိုက်စမ်းပါ။ Matebook X Pro မှာလည်း ကီးကိုဖိလိုက်ချိန်မှသာ webcam လေးက ထွက်လာမှာပါ။ Lenovo Smart Display မှာလည်း အလားတူပုံစံမျိုးတွေ တွေ့မြင်ရပါတယ်။

ဒါပေမယ့် ဒီကင်မရာရဲ့ဖန်တစ်ယောက်ဖြစ်ရခြင်းက ရိုးရှင်းပါတယ်။ ကောင်းမွန်တဲ့အတွက်ကြောင့်ပါ။ ဒါဟာ စွန့်စားရတဲ့ဖြေရှင်းချက်တစ်ခုလို့မြင်နိုင်ပါတယ်။ ဟုတ်ပါတယ်။ သင်ဟာ အနာဂတ်လောကမှာ နေနေရတယ်ဆိုတဲ့ ခံစာုးချက်ကိုပေးစွမ်းနိုင်ပါတယ်။ သင်ရော ဒီဖုန်းလေးကို ဘယ်လိုမြင်မိပါသလဲ။