ဘတ်ဂျက်လည်းဖြစ် flagship လည်းဖြစ်တဲ့ TCL ရဲ့ Alcatel 5

0
1600

စနေနေ့က TCL မိတ်ဆက်လိုက်တဲ့ Alcatel 5 စီးရီးလေးကတော့ နေ့စဉ်သုံးအတွက် အဆင်ပြေပါတယ်။ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။

Alcatel 5 မှာ metallic unibody ဒီဇိုင်းနဲ့ ၅.၇လက်မ display ၊ HD+ (1,440 x 720 pixel) resolution ကို တွေ့မြင်ရမှာပါ။ Mobile World Congress 2018 က အခြားသော Alcatelမော်ဒယ်လ်တွေလိုပဲ 18:9 aspect ratio ပိုင်းကို ၀င်ရောက်လာပါတယ်။

အတွင်းပိုင်း Hardware

1.5GHz quad-core MediaTek processor ကတော့ 2GB RAM ၊ 16GB သိုလှောင်မှုနဲ့ အားဖြည့်ထားပါတယ်။ 3GB RAM ၊ 32GB သိုလှောင်မှုကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ ဗားရှင်းနှစ်ခုစလုံးမှာ 32GB အထိစိုက်နိုင်တဲ့ microSD ကဒ်နေရာတွေလည်း ရှိပါတယ်။ ဘတ်ထရီကိုတော့ 3,000mAh အသုံးပြုထားတာပါ။

5 စီးရီးတွေမှာ 12-megapixel အနောက်ကင်မရာကို f/2.2 aperture ၊ EIS ၊ HDR ၊ panorama shooting mode တွေနဲ့ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Social Mode tool ကလည်း snap ၊ review ၊ edit လုပ်ခြင်းတွေကို မြန်ဆန်စွာလုပ်ဆောင်စေမှာဖြစ်ပါတယ်။

အရှေ့ကင်မရာကတော့ 13-megapixel နဲ့ 5-megapixel sensor တွေကို ပေါင်းစပ်ထားပါတယ်။ wide-angle ၊ face beautification ၊ face recognition ၊ video stories တွေလည်း အသုံးပြနိုင်မှာပါ။ Face Key ကတော့ ဖုန်းလော့ခ်အတွက်အသုံးပြုနိုင်ပြီးတော့ ကြာချိန်က စက္ကန့်ဝက်လောက်ပဲလို့ ဆိုထားပါတယ်။

fingerprint reader ကိုလည်း လော့ခ်အတွက်အသုံးပြုနိုင်ပါသေးတယ်။ ဥပမာ ညာဘက်လက်ညှိုးကို Facebook အတွက် သတ်မှတ်ထားမယ်ဆိုရင် ဘယ်ဘက်လက်ညှိုးကို ကင်မရာဖွင့်ဖို့အတွက် အသုံးပြုနိုင်ခြင်းကတော့ စိတ်ဝင်စားဖွယ်ရာ customization လေးဖြစ်ပါတယ်။

ရရှိနိုင်မှု

Alcatel 5 ကိုတော့ သတ်မှတ်ထားတဲ့ဈေးကွက်တွေမှာ Metallic Black ၊ Metallic Gold ဆိုပြီးတော့ ရနိုင်မှာပါ။ ဈေးနှုန်းကတော့ Metallic Gold ဖြစ်ပါတယ်။ ယူအက်စ်အတွက်တော့ မသိရသေးပါဘူး။