Xiaomi Redmi Note 5 Pro နဲ့ Mi A1 ဈေးချင်းအတူတူ ဘယ်ဟာကိုရွေးသင့်သလဲ

0
2296

Redmi Note 5 Pro နဲ့ Mi A1 တို့ကတော့ ကြည့်လိုက်မယ်ဆိုရင် ကွဲပြားခြားနားတာတွေကို ယူဆောင်လာပါတယ်။ သူတို့ဟာ တန်ကြေးနဲ့ထိုက်တန်တဲ့ တန်ဖိုးတွေကို ယူဆောင်လာပေးပါတယ်။

Xiaomi ဟာ မနှစ်က အိန္ဒိယမှာ ဘတ်ဂျက်ဖုန်းတွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။ အဲဒီနှစ်အတွက် ပထမဆုံးဖုန်းကတော့ Mi A1 ဖြစ်ပြီးတော့ ထွက်ရှိသမျှ အခြားသော Xiaomiဖုန်းတွေနဲ့ မတူညီပါဘူး။ standard MIUI အစား Xiaomi ဟာ Google နဲ့ပူးပေါင်းပြီးတော့ Android One ကို မိတ်ဆက်ခဲ့ပါတယ်။ pure Android နဲ့ ခံ့ညားလှပတဲ့ သတ္တုဒီဇိုင်းတွေကိုတွဲဖက်တွေ့မြင်ရပါတယ်။

Mi A1 ရောင်းအားတွေကို ထုတ်မပြခဲ့တာကြောင့် သုံးစွဲသူတွေ ဘယ်လောက်တောင်နှစ်သက်ခဲ့ကြသလဲဆိုတာ မပြောနိုင်ခဲ့ပါဘူး။ မဲစစ်တမ်းတစ်ခုရဲ့ပြောကြားချက်အရ MIUI ထက် Android One ကို Xiaomi သုံးစွဲသူတစ်စုက ပိုကြိုက်နှစ်ကြပါတယ်။

Mi A1 ဟာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ဘတ်ဂျက်ဖုန်းတွေထဲမှာတော့ အကောင်းဆုံးမဟုတ်ပါဘူး။ သူ့ရဲ့ဒီဇိုင်း၊ အတွေ့အကြုံ၊ မြန်ဆန်သွက်လက်တဲ့လုပ်ဆောင်ချက်တွေက ပံ့ပိုးပေးတာဖြစ်ပါတယ်။ Redmi Note 5 Pro ကိုလည်း ၂၀၁၈ရဲ့ အကောင်းဆုံးဘတ်ဂျက်ဖုန်းတစ်လုံးအဖြစ် စဉ်းစားကြည့်တဲ့အခါမှာ Mi A1 ဟာ ခြောက်လကြာအောင် ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာ မြင်လာပါတယ်။ သူဟာ Xiaomi ရဲ့ ဘတ်ဂျက်ဖုန်းတွေကို စိန်ခေါ်ကြည့်မယ်ဆိုရင်ရော။

Xiaomi Redmi Note 5 Pro vs. Mi A1: Specs

Category Redmi Note 5 Pro Mi A1
Operating System MIUI 9.2 based on Android 7.1.1 Nougat Android 8.0 Oreo
Display 5.99-inch 18:9 FHD+ (2160×1080) IPS LCD panel
403ppi pixel density
450nits maximum brightness
5.5-inch 1080p (1920×1080) IPS LCD panel
401ppi pixel density
SoC Octa-core Qualcomm Snapdragon 636
Eight Kryo 260 cores up to 1.8GHz
14nm
Octa-core Qualcomm Snapdragon 625
Eight Cortex A53 cores at 2.0GHz
14nm
GPU Adreno 509 Adreno 506
RAM 4GB/6GB 4GB
Storage 64GB/64GB
microSD slot up to 128GB
64GB
microSD slot up to 128GB
Rear camera 12MP with 1.25um pixel size and f/2.2 lens + 5MP with 1.12um pixel size and f/2.0 lens
PDAF, LED flash
1080p video recording
12MP with f/2.2, 1.25um pixels + 12MP telephoto f/2.6 and 1.1um pixels
Dual-tone flash, PDAF
4K@30fps
Front shooter 20MP with LED Selfie light
1080p video recording
Beautify 4.0
5MP with f/2.0 lens
1080p video recording
Connectivity LTE with VoLTE
Wi-Fi 802.11 ac, Bluetooth 5.0, GPS, GLONASS
Micro-USB, 3.5mm audio jack, IR blaster
LTE with VoLTE
Wi-Fi 802.11 ac, Bluetooth 4.2, GPS, GLONASS
USB-C, IR blaster, 3.5mm jack
Networks LTE: 1/3/5/40/41 LTE: 1/3/5/7/8/20/38/40
Battery 4000mAh battery
5V/2A over MicroUSB
3080mAh battery
5V/2A over USB-C
Fingerprint Rear fingerprint sensor Rear fingerprint sensor
Dimensions 158.6 × 75.4 × 8.05mm 155.4 x 75.8 x 7.3mm
Weight 181g 165g
Colors Gold, Rose Gold, Blue, Black Black, Gold, Rose Gold, Red

ဘယ်နေရာတွေမှာ တွဲဖက်ညီကြသလဲ

Xiaomi ဟာ အရည်အသွေးပိုင်းကို ကောင်းကောင်းတည်ဆောက်ထားပြီးတော့ ဘတ်ဂျက်ဈေးနဲ့ ဆွဲဆောင်ဖို့ ဦးတည်ထားပါတယ်။ ဘတ်ဂျက်ဈေးနဲ့ များသောအားဖြင့် ပလတ်စတစ်ဖုန်းတွေကို တွေ့ရပေမယ့်လည်း Xiaomi ကတော့ သတ္ထုဒီဇိုင်းကို မိတ်ဆက်ပြီးတော့ အရည်အသွေးပိုင်းမှာ ပေါ်လွင်နေခဲ့ပါတယ်။

Brand အတွက် အရည်အသွေးကို လှပစွာလုပ်ဆောင်ထားပြီးတော့ Redmi Note 5 Pro နဲ့ hardware ချို့ယွင်းချက်တွေကို အကောင်းဆုံးထိန်းချုပ်ထားပါတယ်။ Redmi Note 5 Pro ကတော့ နှစ်နှစ်သက်တမ်းကြာနေပြီဖြစ်တဲ့ Redmi Note 3 ရဲ့ဒီဇိုင်းအတိုင်း အသုံးပြုထားပါတယ်။ အဲဒီလိုဘတ်ဂျက်ဖုန်းတန်းမှာတော့ အကောင်းဆုံးတည်ဆောက်ထားတဲ့ဖုန်းလို့ ဆိုရမှာပါ။

အဲဒီဖုန်းနှစ်လုံးအတွင်းမှာ Mi A1 ဟာ ပရီမီယမ်ပိုဆန်ပြီးတော့ ဒီဇိုင်းပိုင်းမှာတော့ နောက်ရောက်ပါတယ်။ ဖုန်းနှစ်မျိုးလုံးဟာ iPhone ဒီဇိုင်းကို မှီငြမ်းထားပြီး Mi A1 ဟာ iPhone 7 ရဲ့ အင်တာနာလိုင်းတွေရှိပါတယ်။ Redmi Note 5 Pro ကတော့ iPhone X လို ကင်မရာတပ်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် မြင်ပါများလာတော့လည်း ဒါဟာလူကြိုက်များတဲ့ဒီဇိုင်းဆိုတော့ ဖုန်းထုတ်လုပ်သူတွေက ဒီစိတ်ကူးကို လိုက်ပါလုပ်ဆောင်ကြတာလို့ မြင်မိပါတယ်။

Redmi Note 5 Pro နဲ့ Mi A1 တို့ဟာ အနောက်ဘက်မှာ ကင်မရာနှစ်လုံးကိုတပ်ဆင်ထားပြီးတော့ အလျားလိုက်၊ ဒေါင်လိုက်တပ်ဆင်မှုတော့ ကွာခြားပါတယ်။ ကင်မရာနှစ်လုံးတပ်ဆင်ထားပေမယ့်လည်း secondary sensor တွေရဲ့ အလုပ်လုပ်ပုံကတော့ ကွာခြားပါတယ်။ Mi A1 ကတော့ telephoto lens အဖြစ်အလုပ်လုပ်ပြီး Redmi Note 5 Pro ကတော့ depth-sensing အဖြစ်လုပ်ဆောင်ပေးပါတယ်။

Xiaomi ကတော့ IR blaster တွေ ထုတ်လုပ်ပေးသူဖြစ်ပြီးတော့ Redmi Note 5 Pro နဲ့ Mi A1 တို့မှာ အဲဒီ module ကို တပ်ဆင်ပေးထားပါတယ်။

Redmi Note 5 Pro က ဘာတွေပိုကောင်းသလဲ

Redmi Note 5 Pro ရဲ့ အဓိကဒီဇိုင်းပြောင်းလဲမှုကတော့ 18:9 5.99-inch panel ပါပဲ။ Xiaomi ကတော့ ဘတ်ဂျက်အပိုင်းမှာရှိတဲ့ Redmi Note 5 စီးရီးတွေထက် display ပိုရှည်ပြီးတော့ ဒီဇိုင်းပိုင်းကတော့ Mi Mix 2 လောက် ဘောင်မနည်းပါဘူး။ Pixel 2 XL နဲ့ နည်းနည်းဆင်ပါတယ်။

အရွယ်အစားလေးရှည်ပြီးတော့ ဘောင်နည်းသွားတဲ့အတွက် မျက်နှာပြင်ဟာပိုကျယ်သွားပြီး 5.5-inch Mi A1 လောက်နီးနီးဖြစ်သွားပါတယ်။ Redmi Note 5 Pro မှာ 18:9 panel ပါဝင်ပေမယ့်လည်း အရည်အသွေးကတော့ အတူတူပါပဲ။ contrast level တွေနဲ့ sunlight legibility တွေလည်း ကောင်းမွန်ပါတယ်။

18:9 form factor အဖြစ်ကိုပြောင်းလဲပေးလိုက်တဲ့အတွက်ကြောင့် hardware navigation ခလုတ်တွေမရှိတော့ပါဘူး။ Xiaomi ဟာ on-screen ကီးတွေကို လုပ်ပေးထားပါတယ်။ Redmi Note 5 Pro အတွက်တော့ ခံစားမှုကောင်းကောင်းပေးနိုင်သွားပါတယ်။ Mi A1 ဟာ hardware nav ကီးတွေပါဝင်ပြီး back ခလုတ်ကတော့ home ရဲ့ ဘယ်ဘက်မှာရှိပါတယ်။ recents ကီးကတော့ ညာဘက်မှာပါ။

Redmi Note 5 Pro ကတော့ hardware ပိုင်းမှာ သာပါတယ်။ Xiaomi ဟာ မနှစ်က 14nm Snapdragon 625 ကို ပြောင်းခဲ့ပြီးတော့ 28nm Snapdragon 650 ထက် နည်းနည်းပဲ နိမ့်ပါတော့တယ်။ ဂရပ်ဖစ်စားတဲ့ဂိမ်းတွေကို ဆော့ကစားမယ်ဆိုရင်တော့ နည်းနည်းသိသာပါတယ်။

Redmi Note 5 Pro ဟာ ဘတ်ဂျက်အပိုင်းအတွက် benchmark အသစ်ကို ယူဆောင်လာပါတယ်။

Redmi Note 5 Pro နဲ့ဆိုရင် ပြောင်းလဲမှုတွေ တွေ့လိုက်ရမှာပါ။ Qualcomm ရဲ့ semi-custom Kryo core ဖြစ်တဲ့ Snapdragon 636 platform ကို တွေ့မြင်ရမှာပါ။ Snapdragon 636 အတွင်းက Kryo core တွေဟာ ARM ရဲ့ A73 core ကို အခြေခံထားတာဖြစ်လို့ ဈေးကွက်ထဲမှာ အမြန်ဆုံး performance core တွေထဲကတစ်ခုကို အသုံးပြုထားတယ်လို့ ဆိုနိုင်ပါတယ်။

Redmi Note 5 Pro ကတော့ Redmi Note 3 ရဲ့နောက်က ထွက်ရှိလာခဲ့တာပါ။ မနှစ်ကနဲ့ မတူတာကတော့ ဘတ်ထရီသက်တမ်းကြာရှည်မှုကို ခံစားရမှာပါ။ Redmi Note 5 Pro ဟာ performance နဲ့ပတ်သက်လို့ benchmark အသစ်ကို သတ်မှတ်နိုင်ခဲ့ပါတယ်။

ဘတ်ထရီပိုင်းကို နည်းနည်းပြောလိုက်ရအောင်။ Mi A1 ဟာ 3080mAh ကို အသုံးပြုထားတဲ့အတွက်ကြောင့် Redmi Note တွေနဲ့ မတူပါဘူး။ ဒါပေမယ့်လည်း Redmi Note 5 Pro လောက်တော့ မဟုတ်ပါဘူး။ မနှစ်က Redmi Note 4 လိုပဲ Redmi Note 5 Pro ဟာလည်း 4000mAh ကို အသုံးပြုထားတဲ့အတွက် နှစ်ရက်လောက်အသုံးပြုနိုင်ပါတယ်။

Redmi Note 5 Pro ရဲ့ feature တွေထဲမှာ အဓိကကျတာကတော့ ကင်မရာပါပဲ။ Mi A1 ဟာ မနှစ်က ဘတ်ဂျက်ဖုန်းထဲမှာ အကောင်းဆုံးသောကင်မရာတစ်လုံး ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထုတ်တဲ့ဖုန်းတွေလောက်တော့ မကောင်းပါဘူး။

Xiaomi Redmi Note 5 Pro ကတော့ ဘယ်ဘက်မှာဖြစ်ပြီး Mi A1 ကတော့ ညာဘက်မှာပါ။ Redmi Note 5 Pro ဟာ ပုံကောင်းတွေကို အစဉ်မပြတ်ရိုက်ကူးပေးနိုင်ပါတယ်။ နေ့အချိန်ပဲဖြစ်ဖြစ်၊ အလင်းအားနည်းချိန်ပဲဖြစ်ဖြစ် အေးဆေးပါပဲ။ လုံးဝကို တောက်ပနေပါတယ်။ ဘတ်ဂျက်ဖုန်းတွေဟာ များသောအားဖြင့်အလင်းအားနည်းရင် အဆင်မပြေဘူးမလား။ Redmi Note 5 Pro ရဲ့ နေ့ရိုက်ချက်တွေဟာ အသေးစိတ်တွေအထိ မြင်ရပြီးတော့ dynamic range လည်း ဖြစ်ပါတယ်။

Mi A1 ရဲ့ အားသာချက်

တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့တော့ မထင်ပါနဲ့။ Xiaomi ဟာ hardware ပိုင်းမှာကောင်းကောင်းလုပ်ထားမယ်ဆိုတာ ယုံလိုက်ပါ။ Mi A1 ဟာ ဒါကြောင့်လည်း ကြိုဆိုခံရတာပေါ့။ Xiaomi ရဲ့ ခံ့ညားတဲ့ဒီဇိုင်းနဲ့ အရည်အသွေးကောင်းကောင်းတည်ဆောက်ထားမှုအပြင် pure Android နဲ့ update မြန်ဆန်မှုကို အာမခံချက်တွေရရှိထားပါတယ်။

Xiaomi ဟာ အိန္ဒိယဈေးကွက်အတွက် customizing MIUI ကို အားစိုက်လုပ်ခဲ့ပါတယ်။ Android One  ကို ထပ်ထည့်မထားတဲ့ feature အချို့ကို ROM ပိုင်းမှာလည်း ထည့်ပေးထားပါတယ်။ pure Android ဖြစ်ပါတယ်။ stock app တွေကိုလည်း ကောင်းကောင်းလုပ်ထားပါတယ်။

Mi A1 ဟာ Redmi Note 5 Pro ကို software  ပိုင်းနဲ့အနိုင်ယူထားပါတယ်။

Mi A1 ဟာ Oreo update ကို နှစ်အစမှာပဲ ရထားပါတယ်။ Xiaomi ဟာ security update လုပ်ပေးတဲ့အချိန်မှာလည်း ကောင်းကောင်းလုပ်ထားပါတယ်။ Android One ကို အခြေခံထားလို့ Mi A1 ဟာ Redmi Note 5 Pro ထက် software experience ပိုင်းမှာ အားကောင်းပါတယ်။

ဘယ်ဖုန်းကို ၀ယ်သင့်တာလဲ

Xiaomi ဟာ win-win situation ကို ပိုင်ဆိုင်ထားပါတယ်။ ဖန်တွေဟာ pure Android ကို လိုချင်နေကြပါတယ်။ Mi A1 မှာလည်း ဒီအရာကို ပေးစွမ်းထားပါတယ်။ software experience ရှင်းရှင်းကိုလိုချင်တယ်။ MIUI ကောင်းကောင်း၊တွေကို Mi Camera နဲ့ Mi Remote app ကိုလိုချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

Redmi Note 5 Pro ကတော့ Xiaomi ရဲ့ ဘတ်ဂျက်ဖုန်းတွေထဲမှာ အကောင်းဆုံးပါပဲ။ ဘယ်တစ်ခုကတော့ ကောင်းမွန်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သူ့ဟာနဲ့တူ မတူညီတဲ့အချက်အလက်တွေကို တစ်မျိုးစီအားသာနေကြပါတယ်။ software ရှင်းရှင်းဆိုရင် Mi A1 ကကောင်းမွန်ပြီးတော့ Redmi Note 5 Pro ကတော့ ကင်မရာခရေဇီတွေအတွက်ပါ။

ကျွန်တော်သာရွေးရမယ်ဆိုရင်တော့ Mi A1 ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘတ်ဂျက်ပိုင်းမှာ အကောင်းဆုံး software ခံစားမှုကို ပေးနိုင်လို့ပါပဲ။ security update တွေကိုလည်း အချိန်နဲ့တစ်ပြေးညီရနိုင်မှာလေ။ ဒီလိုပြောလို့ Redmi Note 5 Pro ရဲ့ကင်မရာကို မကြိုက်တာလည်း မဟုတ်ပါဘူး။ hardware ပိုင်းကလည်း ပြောစရာမလိုပါဘူး။ Redmi Note 5 Pro အတွက် Android One ထုတ်မယ်ဆိုရင်တော့ လုံးဝ perfect ဖြစ်မှာပါ။

အဲဒီဘတ်ဂျက်စမတ်ဖုန်းတွေကို ဒီနေ့ပဲ ၀ယ်ယူနိုင်ပါပြီ။

Redmi Note 5 Pro ကတော့ 18:9 panel ၊ on-screen navigation key ၊ 6GB RAM ၊ 64GB သိုလှောင်မှုတွေကို အသုံးပြုနိုင်မှာပါ။ အနောက်ဘက်က ကင်မရာနှစ်လုံးဟာ ဘတ်ဂျက်အတွက်တော့ အမိုက်စားပါပဲ။ အရှေ့ကင်မရာက 20MP ဆိုတော့ ဘာပြောကောင်းမလဲ။ Beautify 4.0 နဲ့ software အသုံးပြုထားတဲ့ portrait modeက ပါသေး။

MIUI ကတော့ နည်းနည်းလေးပြောစရာရှိပါတယ်။ ဒါပေမယ့်လည်း MIUI 9 မှာတော့ သိပ်ပြင်မထားပါဘူး Redmi Note 5 Pro ရဲ့ အားသာချက်ကတော့ performance ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Mi A1 နဲ့အတူတူ ၂သိန်း၈သောင်းလောက်ပါ။ ၀ိုး အမိုက်စားပဲ။

Redmi Note 5 Pro ရဲ့ 6GB ဗားရှင်းလည်း ရှိသေးတယ်နော်။