Xiaomi ထုတ်ကုန်တွေကို ပရိုမိုးရှင်းချပေးနေတဲ့ Lightinthebox

0
1646

Lightinthebox ကတော့ Xiaomi ထုတ်ကုန်တွေအတွက် လျှော့ဈေးလေးတွေ လုပ်နေပြီနော်။

ပထမဆုံးတစ်ခုကတော့ Xiaomi Mijia Camera Mini 4K 30fps action ကင်မရာလေးပါ။ သူကတော့ $184.99 ကနေ $113.99 ဖြစ်သွားပါပြီး အဲဒီ action ကင်မရာကတော့ 1080p 60fps ဒါမှမဟုတ် 4K 30fps ရွေးချယ်ရိုက်ကူးနိုင်ပြီးတော့ 145-degree wide angle f/2.8 aperture နဲ့လည်း ရိုက်ကူးနိုင်ဦးမှာပါ။ အရည်အသွေးမြင့် Sony IMX 317 sensor ၊ Bluetooth 4.1 ၊ 2.4-inch touchscreen လည်း ပါဝင်ပါသေးတယ်။ နောက်ပြီး coupon code MI4K ကိုအသုံးပြုလိုက်မယ်ဆိုရင် $85.04 လည်း လျှော့ပေးဦးမှာပါ။

TV box ၀ယ်မယ်လို့ စဉ်းစားနေတာလား။ Xiaomi quad-core 4K TV box က $142.99 ကနေ $66.99 ဖြစ်သွားပြီနော်။ 2GB RAM နဲ့ 4K အထိ ထောက်ပံ့ပေးထားတယ်ဆိုတော့ မိုက်ပြီလို့မတွေးပါနဲ့ဦး။ Android 6.0 ၊ Cortex-A53 chipset တွေလည်းကျန်နေသေးတယ်။ 8GB သိုလှောင်မှု၊ WiFi connectivity တွေက သင့်ရဲ့ standard TV ကို စမတ်ကျစေမှာပါ။

နောက်ဆုံးတစ်ခုကတော့ Xiaomi speaker mini square box လေးဖြစ်ပြီးတော့ Bluetooth 4.0 ပါဝင်တဲ့အတွက် သီချင်းတွေကို သင်နဲ့အတူလိုက်ပါစေမှာပါ။ အလေးချိန်ကတော့ ၀.၂၈၅ဂရမ်ဖြစ်ပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်သလို ပေါ့ပါးတာမို့ နေရာတိုင်းသယ်သွားလို့ရပါပြီ။ ဈေးနှုန်းကတော့ $29.99 ကနေ $15.99 ဖြစ်သွားပါပြီ။ coupon code MISPEAKER1 လးကိုအသုံးပြုပြီးတော့ $13.09 လျှော့ဈေးရယူလိုက်ပါ။