OUKITEL MIX 2 နဲ့ XIAOMI MIX 2 ဘယ်သူက ဘတ်ထရီအားပိုခံမလဲ

0
1725

OUKITEL MIX 2 ကတော့ နောက်တစ်ပတ်ဆိုရင် ဈေးကွက်ကိုရောက်လာတော့မှာပါ။ ဈေးနှုန်းကတော့ ၃သိန်းခြောက်သောင်းလောက် ဖြစ်မှာပါ။ Gearbest ကတော့ ဒေါ်လာ၄၀တန် ကူပွန်ကုဒ်ကို ပေးထားပါတယ်။ ဒါကြောင့် ဈေးနည်းနည်း သက်သာမှာပါ။

OUKITEL MIX 2 ကတော့ XIAOMI MIX 2 လို စမတ်ဖုန်းတွေနဲ့ ထူးခြားနေပါတယ်။ ဒီတော့ဘယ်လိုတွေများ ပြိုင်ဆိုင်ထားသလဲ။

OUKITEL MIX 2 ကို 6GB RAM ၊ 64GB သိုလှောင်မှုနဲ့ 512GB အထိအသုံးပြုနိုင်တဲ့ မမ်မိုရီတို့ကို MediaTek Helio P25 နဲ့အားဖြည့်ထားပါတယ်။ သူ့ကိုထူးခြားစေတာကတော့ 5.99-inch FHD+ display နဲ့ 4080mAh ဘတ်ထရီတို့ကြောင့်ပါပဲ။ အောက်မှာပြထားတဲ့ဗွီဒီယိုလေးကတော့ ဘတ်ထရီသက်တမ်းကို ပြိုင်စမ်းထားတာပါ။

တစ်နာရီလောက် ဗွီဒီယိုကောလ်ခေါ်တယ်၊ တစ်နာရီလောက် အွန်လိုင်းသီချင်းနားထောင်၊ တစ်နာရီလောက် ဗွီဒီယိုကြည့်၊ တစ်နာရီလောက် FHD video recording လုပ်ကြည့်ပါတယ်။ screen option အတောက်ဆုံး၊ အသံအကျယ်ဆုံးအဖြစ်နဲ့ စမ်းသပ်ခဲ့တာပါ။

ဗွီဒီယိုမှာမြင်တွေ့ရမှာကတော့ OUKITEL MIX 2 က ဘတ်ထရီပိုကောင်းပါတယ်။ ဒါကြောင့် သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ကမ္ဘာတစ်ဝန်း launch လုပ်မယ့်အချိန်ကို သွားရောက်လေ့လာကြည့်လိုက်ပါ။