Alcatel 3 စီးရီးရဲ့ ထွက်ရှိလာမယ့် မော်ဒယ်လ်သုံးမျိုး

0
1646

Alcatel ဟာ MWC ပွဲမှာ 3 စီးရီးအတွက် စမတ်ဖုန်းသုံးမျိုးကို မိတ်ဆက်လိုက်ပါတယ်။ အစပိုင်းကတည်းက 18:9 aspect ratio ကို အသုံးပြုထားတဲ့ မော်ဒယ်လ်သုံးမျိုးကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။

3 စီးရီးထဲမှာတော့ 5.5-inch (3) ၊ 5.7-inch (3X) နဲ့ 6-inch (3V) တို့ပါဝင်ပါတယ်။ Alcatel 3 နဲ့ 3X ကတော့ 1,440 x 720 pixel resolution ဖြစ်ပြီးတော့ 3V ဟာ 2,160 x 1080 (HD+) ကို အသုံးပြုထားပါတယ်။

5-megapixel အရှေ့ကင်မရာ ၊ LED flash ၊ 3,000mAh ဘတ်ထရီ ၊ microUSB port တွေလည်း ပါဝင်ပါတယ်။ ဒါ့ပြင် 2.5D မှန်ကွေးကိုလည်း အသုံးပြုထားပါတယ်။

ဒီတော့ တစ်လုံးချင်းအကြောင်း ကြည့်ကြည့်လိုက်ရအောင်။

Alcatel 3

ဒီလိုင်းထဲမှာတော့ အသေးဆုံးဖြစ်ပြီး 1.28GHz မှာ run ထားတဲ့ quad-core MediaTek processor ၊ 2GB RAM ၊ 16GB internal သိုလှောင်မှုတွေ ရှိပါတယ်။ အနောက်ကင်မရာကတော့ 13-megapixel sensor ၊ EIS ၊ HDR လည်းပါဝင်ပါတယ်။ Spectrum Black ၊ Spectrum Blue ၊ Spectrum Gold ဆိုပြီးတော့ အရောင်ရွေးချယ်နိုင်မှာဖြစ်ပြီး Android 8 Oreo လည်း အသုံးပြုနိုင်မှာပါ။

Alcatel 3x

quad-core MediaTek processor ကို အသုံးပြုပြီးတော့ 3X မှာ 2GB RAM နဲ့ 16GB သိုလှောင်မှု ၊ 3GB RAM နဲ့ 32GB သိုလှောင်မှုဆိုပြီးတော့ နှစ်မျိုးရရှိမှာပါ။ ကင်မရာနှစ်လုံး (13-megapixel main sensor ၊ HDR ၊ two-tone LED flash ၊ EIS နဲ့ 5-megapixel secondary sensor ၊ wide-angle capabilities) ကိုလည်း တွေ့မြင်ရမှာပါ။

Android 7.0 Nougat ကိုအသုံးပြုပြီးတော့ Metallic Black ၊ Metallic Blue ၊ Metallic Gold ၊ Spectrum Black ၊ Spectrum Blue ၊ Spectrum Gold ဆိုပြီး ကာလာလေးတွေ အမျိုးမျိုး ရွေးချယ်နိုင်မှာပါ။

Alcatel 3V

ဖုန်းသုံးလုံးထဲမှာတော့ အကြီးဆုံးဖြစ်ပြီး မြန်ဆန်တဲ့ 1.45GHz quad-core MediaTek processor ၊ 2GB RAM ဖြစ်ပါတယ်။ သိုလှောင်မှုအပိုင်းကတော့ 16GB  နဲ့ 32GB တို့ရနိုင်မှာပါ။

အနောကင်မရာကတော့ 12-megapixel main sensor နဲ့ 2-megapixel secondary sensor တို့ တွဲဖက်ထားပါတယ်။ bokeh အပြင် HDR ၊ panorama ၊ EIS ၊ filters ၊ video stabilization တွေကိုလည်း ခံစားအသုံးပြုနိုင်မှာပါ။ အရောင်တွေကတော့ inSpectrum Black ၊ Spectrum Blue နဲ့ Spectrum Gold တွေရနိုင်ပြီး Android 8 Oreo ကို အသုံးပြုနိုင်မှာပါ။

Alcatel/TCL က 3 စီးရီးတွေကို ဧပြီလလောက်မှာ ဈေးကွက်အချို့ကို ရောင်းချသွားမှာပါ။ ၂သိန်းလောက်ကနေ စရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်ဈေးကွက်တွေ ၀င်ရောက်လာမလဲဆိုတာကိုတော့ ဆက်လက်တင်ဆက်ပေးသွားမှာပါ။