MWC 2018 ပွဲမှ နိုကီရာရဲ့ ဖုန်းအသစ်လေးများ

0
428

အဲဒီအရှိန်ကိုကျမသွားလောက်ဘူးလို့ ထင်ခဲ့ပါတယ်။ MWC ပွဲမှာ သူတို့ဟာ ၂၀၁၈ အတွက် ဖုန်းအသစ်ငါးလုံးကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ တကယ့်ကိုစိတ်ဝင်စားစရာဒီဇိုင်းတွေနဲ့ feature တွေရှိပါတယ်။

ဒီတော့ ကျွန်တော်တို့သိထားသမျှအကြောင်းအရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Nokia 8110 4G

ပထမဆုံးအနေနဲ့ HMD ဟာ အရင်တုန်းက နိုကီရာပုံစံနဲ့ ဖုန်းတစ်လုံးကို ယူဆောင်ပေးလိုက်ပါတယ်။ အဲဒီဖုန်းကတော့ ငှက်ပျောသီးပုံစံဖုန်းဖြစ်ပြီးတော့ KaiOS နဲ့မောင်းနှင်ထားပြီး 4G support ပေးထားပါတယ်။ Nokia 3310 လိုပဲ သူဟာ ညပိုင်းအပြင်သွားချိန်မှာ ယူဆောင်သွားသင့်တဲ့ ဒါမှမဟုတ် စကားပြောဖို့သက်သက်အတွက်သုံုးနိုင်တဲ့အမျိုးအစားလေးပါ။ ဈေးနှုန်းကတော့ တစ်သိန်းသုံးသောင်းဖြစ်ပြီး ဈေးသင့်ပါတယ်။ မေလမှာ စတင်ဖြန့်ချိသွားမှာပါ။

Nokia 1

ပထမဆုံး Android ဖုန်းကတော့ Nokia 1 ဖြစ်ပြီး စမတ်ဖုန်းအဖြစ် ကူးပြောင်းတဲ့နေရာမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ထားကြပါတယ်။ Android Oreo (Go edition) ကို အသုံးပြုထားပြီး ဘေးနားကအကွပ်လေးကတော့ နည်းနည်းကြည့်ရအဆင်မပြေနိုင်တာမျိုး ဖြစ်နိုင်ပါတ်ယ။ သူ့ကိုမြင်လိုက်တော့ အနားယူသွားတဲ့ Nokia Lumia စီးရီးကို သတိရမိသွားပါတယ်။ သူ့မှာ အနောက်ကင်မရာ 5MP ၊ အရှေ့ကင်မရာ 2MP တို့ပါဝင်ပြီး ၂၀၁၈ ဧပြီလမှာ ၁၂၀၀၀၀ နဲ့ ၀ယ်ယူနိုင်မှာပါ။

Nokia 6 (2018)

‘All New’ Nokia 6 ကတော့ မနှစ်ကမော်ဒယ်လ်ကို အစားထိုးလိုက်ပါပြီ။ အလူမီနီယမ်ကိုအသုံးပြုထားတာမို့ ကြံ့ခိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းပါ။ Two-tone anodization ဟာ အရောင်ပိုင်းမှာ ထူးခြားနေအောင်ကူညီပေးထားပါတယ်။ black and copper ဗားရှင်းကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ white and iron ၊ blue and gold ဗားရှင်းတွေကိုလည်း တွေ့မြင်နိုင်မှာပါ။ Nokia 6 ကို ဗားရှင်းမြှင့်လိုက်ခြင်းအားဖြင့် mid-range အမျိုးအစားအတွက် ပရီမီယမ်ဆန်သွားပြီး ခံစားမှုကောင်းကောင်းပေးစွမ်းနိုင်ပါတယ်။

Nokia 6 (2018) မှာတော့ Zeiss optics နဲ့ ‘bothie’ dual sight mode တို့ကိုလည်း ခံစားနိုင်မှာပါ။ 360-degree spatial audio ၊ Snapdragon 630 ကိုအသုံးပြုထားလို့ အမြန်နှုန်း ၆၀% တိုးတက်ခြင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ အားအမြန်သွင်းကိုလည်း ထောက်ပံ့ပေးထားပြီးတော့ အရွယ်အစားက ၅.၅လက်မဖြစ်ပါတယ်။

all-new Nokia 6 ကိုတော့ ၂၀၁၈ ဧပြီလမှာရရှိနိုင်မှာဖြစ်ပြီး 3GB RAM 32GB storage ၊ 4GB RAM 64GB storage နဲ့ထွက်ပေါ်လာမှာပါ။ ဈေးနှုန်းကတော့ လေးသိန်းဖြစ်ပါတယ်။

Nokia 7 Plus

Nokia 7 Plus ကတော့ ဈေးသင့်ပရီမီယမ်နေရာကို လွှမ်းမိုးထားပါတယ်။ သူ့ကိုတော့ ၆၀၀၀ စီးရီးအလူမီနီယမ်တစ်တုံးကနေ ဖြတ်တောက်ထားပြီး ကြွေဆေး၆လွှာနဲ့ သုတ်လိမ်းထားပါတယ်။ ဒါကြောင့် ခံစားမှုကောင်းမွန်စေတဲ့အပြင် အင်တာနာလိုင်းတွေကိုလည်း ဖျောက်ဖို့အကူအညီပေးနိုင်ပါတယ်။ အရောင်လေးတွေ အမျိုးမျိုးဖြစ်နေအောင်လည်း  anodize နှစ်ခါလုပ်ထားပြီး ခံစားမှုကတော့ သေးသွယ်၊ တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်ပြီး ပရီမီယမ်ဆန်ပါတယ်။ 18:9 aspect ratio ကို အသုံးပြုထားတဲ့ ပထမဆုံးသော နိုကီရာဖုန်းဖြစ်လာပါတယ်။ မျက်နှာပြင်ကတော့ ၆လက်မ FHD+ screen ဖြစ်ပါတယ်။

Nokia 7 Plus ကတော့ original Nokia 7 ကို Snapdragon 660 processor ၊ 4GB RAM 4GB storage နဲ့ upgrade လုပ်ထားတာဖြစ်ပါတယ်။ ကင်မရာကိုလည်း upgrade လုပ်ထားပြီးတော့ Zeiss optics ၊ ကင်မရာနှစ်လုံး 12MP ၊ 13MP sensor တို့ကို တွေ့မြင်ရမှာပါ။ 13MP sensor ကတော့ telephoto အတွက်ပါ။ pro camera application ကလည်း aperture ၊ exposure၊ white balance တွေကို ချိန်ညှိနိုင်စေမှာပါ။ real-time preview ကြိုက်နှစ်သက်သူများအတွက်လည်း အဆင်ပြေပါတယ်။

ဈေးနှုန်းကတော့ ခြောက်သိန်းခွဲနီးပါးဖြစ်ပါတယ်။ Nokia 7 Plus ကို ၂၀၁၈ ဧပြီလမှာရနိုင်မှာပါ။

Nokia 8 Sirocco

နောက်ဆုံးဆိုပေမယ့် Nokia 8 Sirocco ကို အထင်မသေးလိုက်ပါနဲ့။ Nokia 8 Sirocco ကတော့ HMD ရဲ့ ပရီမီယမ်အဆန်ဆုံးဟန်းဆက်ပါ။ အဲဒီဟန်းဆက်ဟာ stainless steel ကနေ ပြုလုပ်ထားတာဖြစ်ပြီး ပေါင်၄၅၀ဖိအားကို ခံနိုင်ပါတယ်။

3D curved gorilla glass display နဲ့ ပထမဆုံးထွက်လာတဲ့ နိုကီရာbrand တစ်ခုဖြစ်ပါတယ်။ galaxy ဖုန်းတွေနဲ့ နည်းနည်းဆင်ပါတယ်။ Nokia 8 ထက် flagship ပိုဆန်ပါတယ်။

2K pOLED display ၊ IP67 ၊ ကြိုးမဲ့အားသွင်းစနစ်၊ 128GB storage ၊ 6GB RAM တွေက မက်မောစရာပါပဲ။ Nokia 7 Plus မှာပါဝင်တဲ့ ကင်မရာတွေ၊ Nokia 8 မှာပါဝင်တဲ့ spatial audio capture တွေကို ပေါင်းစပ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Snapdragon 835 SoC ကိုအသုံးပြုထားပါတယ်။ ဒါကတော့ အရင်ဖုန်းမှာ အသုံးပြုခဲ့တဲ့အမျိုးအစားဆိုတော့ နည်းနည်းလေး ။ 16:9 ratio ကို ၅.၅လက်မနဲ့ တွဲဖက်ထားပါတယ်။ ပရီမီယမ်ဆိုပေမယ့် မရှည်နေတာကတော့ ထူးခြားသလိုပါပဲ။ လူအများစုကတော့ ကိုင်ရအဆင်ပြေစေမှာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ရှင်းလင်းတယ်၊ လုံခြုံတယ်၊ ခေတ်မီတယ်

Galaxy ထက်တော့ ဈေးနှုန်းသင့်ပါတယ်။ ဈေးနှုန်းလေးကတော့ ၁၂သိန်းပါ။

 

HMD ဟာ pure Android ကိုလည်း တင်ပြနေချိန်အတွင်းမှာ ရှင်းလင်းပြခဲ့ပါတယ် ။ ရှင်းလင်းတယ်၊ လုံခြုံတယ်၊ ခေတ်မီတယ် ဆိုတဲ့စကားလေးကို ထပ်တလဲလဲ အသုံးပြုခဲ့ပါတယ်။ Nokia 3 ကနေစပြီးတော့ Android One ကို ပါဝင်ဆင်နွှဲသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် bloatware နည်းနည်း ၊ update မြန်မြန်ရနိုင်တော့မှာပေါ့။ stock Android ကြိုက်သူတွေအတွက်ကတော့ စိတ်ချမ်းသာစေမယ့်သတင်းပါပဲ။

အနှစ်ချုပ်ပေးရမယ်ဆိုရင်တော့

HMD ရဲ့ ရည်မှန်းချက်ကို တွေ့မြင်နိုင်ပါတယ်။ pure Android experience ကို ခံစားချင်သူတွေအတွက်ကတော့ ပျော်ရွှင်စေမှာပါ။ မကောင်းဘူးလား။ အကောင်းကြီးတော့မဟုတ်သေးပေမယ့်လည်း HMD Global ကို လေးစားရမယ့်အနေအထားမှာ ရှိနေပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုထင်သလဲ။