Launch မတိုင်ခင် ထွက်ပေါ်လာခဲ့တဲ့ Xiaomi Mi Mix 2S ရဲ့ benchmark

0
1035

Xiaomi ဟာ Mi Mix စမတ်ဖုန်းကို ဖြန့်ချိတော့မှာပါ။ သူဟာ Mi Mix 2 ရဲ့ နောက်ထွက်ဖုန်းဖြစ်ပြီးတော့ Mi Mix 2S ဖြစ်ဖို့များနေကြောင်း firmware ဖိုင်အချို့နဲ့ ဗွီဒီယိုတွေကြောင့် ကောက်ချက်ချထားပါတယ်။ သတင်းပေးသူတွေကတော့ iPhone X style gesture အချို့ကိုအသုံးပြုခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ထပ်သိရတာကတော့ Qualcomm Snapdragon 845 processor အသုံးပြုထားမှာပါ။ အဲဒီဖုန်းကို မတ်လ ၂၇ရက်နေ့မှာ တရားဝင်ထုတ်ဖော်ပြသမှာဖြစ်ပြီး benchmark အချို့ကတော့ အဲဒီရက်မတိုင်ခင် ထွက်ပေါ်နေပါပြီ။

Xiaomi ဟာ ‘273741’ နဲ့ အဆင့်မြင့်သွားပါတယ်။ ဒီရမှတ်ကတော့ AnTuTu ပေါ်မှာ ရခဲ့တာပါ။ benchmark မြင့်မြင့်ဖြစ်တာမို့ Xiaomi ကလည်း ကောင်းကောင်းလုပ်ထားမှာပါ။ Mi Mix 2S ကိုလည်း MWC 2018 မှာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အဲဒီစမတ်ဖုန်းမှာ ၅.၉၉လက်မ ၊ Full HD+ display ၊ 18:9 aspect ratio ၊ 8GB RAM ၊ 256GB onboard storage ၊ Qualcomm Snapdragon 845 chipset တို့ကို အသုံးပြုထားပြီးတော့ Android 8.0 Oreo OS ကိုလည်း တွေ့မြင်ရမှာပါ။

မတ်လ၂၇ရက်နေ့ဆိုတော့ လိုပါသေးတယ်။ Xiaomi Mi Mix 2S ဟာလည်း Mi Mix 2 နဲ့ သိပ်ကွာနေမယ်လို့ မထင်ပါဘူး။ ဒါဟာ တရုတ် OEM ကို ထိပ်ရောက်သွားစေနိုင်မယ့် flagship တစ်လုံး ဖြစ်နိုင်ပါတယ်။