Google Clips AI ကင်မရာ

0
379

Google ဟာ Clips လို့ခေါ်တဲ့ AI စွမ်းအားသုံးကင်မရာလေးကို သင့်ရဲ့အကောင်းဆုံးအချိန်လေးတွေကို ရိုက်ကူးနိုင်စေအောင် ကြိုးစားပေးနေပါတယ်။ သူဟာ စမတ်ဖုန်းကနေ app လေးကိုအသုံးပြုပြီးတော့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ပွဲတစ်ခု၊ ခရီးတစ်ခု၊ အိမ်မှာရိုက်ကူးလိုတဲ့ အခိုက်အတန့်တစ်ခုရဲ့ ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို စဉ်ဆက်မပြတ်ရိုက်ကူးနိုင်စေမှာပါ။ သင့်အတွက် အကောင်းဆုံး clip ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ယူအက်စ်အတွက် သုံးသိန်းခွဲနီးပါးဖြစ်ပါတယ်။

ဒီကင်မရာလေးကတော့ စမတ်ဖုန်းကင်မရာအစားထိုး၊ DSLR ကင်မရာအစားထိုးအတွက် ပြင်ဆင်ထားတာမဟုတ်ရပါဘူး။ အဲဒီလောက်လည်း စွမ်းအား၊ အရည်အသွေးမကောင်းနိုင်ပါဘူး။ သူဟာ AI နဲ့ machine learning ကိုအသုံးပြုပြီးတော့ လူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ မျက်နှာအမူအရာတွေကို သိရှိစေပြီး ဗွီဒီယိုတည်းဖြတ်လုပ်စရာမလိုဘဲ အကောင်းဆုံးclip လေးတွေကိုသာ ရွေးချယ်ပေးမှာပါ။ ဒါကြောင့် အချိန်ကုန်၊ အားစိုက်ထုတ်ရမှုတွေ  သက်သာစေပါတယ်။ ချိန်ရိုက်ကင်မရာတွေလိုမျိုး လုပ်ဆောင်ပါတယ်။ သူ့မှာထောက်တိုင်လေးပါဝင်ပါတယ်။ သူ့ကို ထိုင်ခုံ၊ ပရိဘောဂပစ္စည်းတွေမှာလည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။

machine learning algorithm ကတော့ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကို သိရှိအောင် လေ့ကျင့်ပေးထားပါတယ်။ Google Photos နဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ သင့်ပုံထဲမှာမကြာခဏပါဝင်နေတဲ့ လူတွေနဲ့ တိရိစ္ဆာန်လေးတွေကို မှတ်မိနေမှာပါ။ Google Clips companion app အကြောင်းကိုအရင်တုန်းက ပြောခဲ့ဖူးတာမို့ Clips experience ကို ပိုကောင်းအောင်လုပ်ဆောင်ထားပါတယ်။

Google Clips ကင်မရာကို Google Store ၊ Best Buy ၊ B&H ၊ Verizon မှာ ရနိုင်နေပါပြီ။ ဈေးနှုန်းကတော့ သုံးသိန်းခွဲလောက်ဆိုတော့ သင့်တယ်ပြောရမှာပဲ။ ဈေးကြီးတဲ့ ချိန်ရိုက်ကင်မရာတွေကို မ၀ယ်ချင်ရင် စဉ်းစားလို့ရနိုင်တဲ့တစ်ခုလို့ ပြောနိုင်ပါတယ်။ Incipio neoprene အိတ်လေးကိုတော့ နှစ်သောင်းနဲ့ ၀ယ်ယူနိုင်ပြီးကင်မရာကို ကာကွယ်ထားနိုင်ပါတယ်။