Galaxy S10 မှာ နာမည်အပြောင်းအလဲရှိနိုင်ဟု ဆမ်ဆောင်းအတည်ပြုပြောကြား

0
1308

MWC 2018 မှာ Galaxy S9 ကို ထုတ်ပြချိန်မှာပဲ Samsung ဖုန်းတွေရဲ့နောက်ထပ်မျိုးဆက်အကြောင်းကို ထုတ်ပြေခဲ့ပါတယ်။ နောက်နှစ်အတွက်ထုတ်လုပ်မယ့်ဖုန်းကတော့ နာမည်အစဉ်အတိုင်းဆိုရင် Galaxy S10 ဖြစ်ပေမယ့် Samsung ကတော့နာမည်ပြောင်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Mobile World Congress 2018 မှာ Samsung ရဲ့ မိုဘိုင်းလ်လုပ်ငန်းခေါင်းဆောင် DJ Koh ရဲ့ ပြောကြားမှုအရ Samsung ဟာ လက်ရှိနာမည်ပေးမှုကို နောက်လာမယ့် Galaxy S flagship တွေမှာ အသုံးမပြုတော့ပါဘူး။ Samsung ဟာ နောက်ထပ်နည်းလမ်းတစ်မျိုးကို စဉ်းစားနေပြီး ဒါဟာပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ Galaxy Galaxy S တွေအတွက်လည်း ပြောင်းလဲမှာလားဆိုတဲ့မေးခွန်းကိုတော့ စဉ်းစားနေဆဲပါလို့ ပြောခဲ့ပါတယ်။

Galaxy S စီးရီးတွေကို Galaxy X အဖြစ်နဲ့ပြောင်းမယ်လို့ ကောလဟာလတွေထွက်နေပြီး Koh ရဲ့ ပြောကြားချက်ကလည်း ဒီကိစ္စကို အလေးသာသွားစေပါတယ်။ Apple ရဲ့ iPhone X လိုမျိုး X စီးရီးတွေ တွေ့မြင်ရတော့မှာလား။

Galaxy S ဖုန်းတွေကို တွေ့မြင်ရဖို့က စောင့်ရဦးမှာပါ။ ဒါကြောင့် Galaxy S10 လား Galaxy X ဖြစ်မလားဆိုတာကတော့ အချိန်ကပြောပြသွားပါလိမ့်မယ်။