Enterprise Gadget Trending

အိန္ဒိယအတွက် ထုတ်လုပ်ထားတဲ့ ဘောင်မဲ့ဒီဇိုင်းနဲ့ BlackBerry ‘Ghost’

BlackBerry က ကြည့်ကောင်းတဲ့ဖုန်းတွေကြောင့် နာမည်ကြီးလာတာမဟုတ်ပါဘူး။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပါပြီ။ အမြဲတမ်းပေါက်ကြားမှုတွေကို တင်ပေးနေတဲ့ Evan Blass က သူ့ရဲ့ဖုန်းလေးကို တင်ခဲ့ပါတယ်။ ဒါကတော့ မကြာခင်ထွက်ရှိလာမယ့် BlackBerry ‘Ghost’ ပါ။ Optiemus Infracom နဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ ဖုန်းလေးဖြစ်ပါတယ်။ အဲဒီဖုန်းကိုတော့ ပရီမီယမ် Android ဟန်းဆက်လို့ ညွှန်းထားပြီး အိန္ဒိယကို ဦးတည်ထားပါတယ်။

စိတ်မကောင်းစရာပါပဲ။ ‘Ghost’ ရဲ့ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒီနာမည်က codename ဖြစ်နိုင်ပါတယ်။ သူတို့ပြောထားတာကတော့ ဘောင်နည်းဒီဇိုင်းဖြစ်ပါတယ်။ ပုံထဲမှာလည်း အသေးစိတ်မမြင်ရတဲ့အတွက် မပြောနိုင်သေးပါဘူး။ CrackBerry ကတော့ BlackBerry ဟာ TCL/BlackBerry Mobile ၊ BB Merah Putih ၊ Optiemus Infracom တို့နဲ့ပူးပေါင်းပြီးတော့ ထုတ်လုပ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Optiemus ဟာ ဒီဇိုင်းကိုထုတ်ပြောခြင်းမရှိသေးပါဘူး။ ဒါဟာသူ့ရဲ့ပထမဆုံးသော BlackBerry ဖုန်းအမျိုးအစား ထုတ်လုပ်ခြင်းပါပဲ။

‘Ghost’ ကို အိန္ဒိယအတွက် ထုတ်လုပ်ထားတာမို့ အခြားနေရာတွေရော ရနိုင်မလားဆိုတာ မသိသေးပါဘူး။ မကြာခင်မှာတော့ တွေ့မြင်ရတော့မှာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org