Enterprise Gadget Trending

MWC 2018မှာ ပြဖို့ပျက်ကွက်ခဲ့တဲ့ Huawei Watch 2 ကို ထုတ်လုပ်ဖို့ပြင်ဆင်နေပြီ

စမတ်နာရီအကြောင်းကို  တဖွဖွမေးနေတဲ့ စာဖတ်သူများအတွက် ၀မ်းမြောက်စွာနဲ့တင်ဆက်ပေးလိုက်ပါတယ်။ original Huawei Watch ကတော့ စွဲဆောင်မှုရှိတဲ့နာရီဖြစ်ပြီးတော့ ကြိုးပြားလေးတောင် မလိုတော့သလိုပါပဲ။ ဒါပေမယ့် ambient light sensor မပါဝင်ခြင်းကတော့ စိတ်ပျက်စရာပါပဲ။ အဲဒီအချိန်တုန်းက best Android Wear watch အဖြစ်နဲ့ စဉ်းစားခဲ့ကြပါတယ်။

Huawei Watch 2 ကတော့ ဒီအခြေအနေတွေကို ပြောင်းလဲခဲ့ပါတယ်။ နာရီကိုပိုကြီးလာစေပြီးတော့ လုပ်ဆောင်ချက်တွေလည်း ပိုကောင်းလာပါတယ်။ sensor နဲ့ feature တိုင်းကိုလည်း ကောင်းမွန်အောင်ပြင်ဆင်ထားပြီးတော့ အများကြီးထည့်သွင်းပေးထားပါတယ်။ original လောက် မလွှမ်းမိုးနိုင်ပေမယ့်လည်း ကျေနပ်စရာကောင်းတဲ့ စမတ်နာရီတစ်ခုပါပဲ။

ဒါပေမယ့်လည်း အရင်မျိုးဆက်နာရီတွေဟာ တစ်နှစ်လောက်ကြာနေပါပြီ။ အရင်မော်ဒယ်လ်ကို MWC 2017 မှာ ကြေညာခဲ့ပေမယ့်လည်း ဒီနှစ် MWC 2018 မှာတော့ ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မျိုးဆက်သစ်ကို တွေ့မြင်ရမှာပါ။ Huawei ဟာ မြန်မြန်ထုတ်ပေးဖို့ မလိုပါဘူး။ ထွက်ရှိလာမယ်ဆိုတာနဲ့တင် ကျေနပ်နေပြီမဟုတ်လား။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org