Harry Potter: Hogwarts Mystery mobile RPG ထွက်ရှိမယ့်ရက် ထွက်ပေါ်လာ

0
1325

ဒီဇင်ဘာလတုန်းကကြေညာခဲ့တဲ့ Harry Potter: Hogwarts Mystery ကတော့ ဒီနှစ်နွေမှာ iOS နဲ့ Android တွေကိုရောက်ရှိလာတော့မှာပါ။ Developer Jam City ဟာ ဘယ်လိုဆော့ကစားရမလဲဆိုတာကို နည်းနည်းလေး ပြောပြထားပါတယ်။

အဲဒီဂိမ်းဟာ သင့်ကို Hogwarts ကျောင်းသားအဖြစ်ကို ရောက်သွားစေမှာဖြစ်ပြီးတော့ မှော်ကျောင်းတက်ခွင့်စာအိတ်လေးကို ယူဆောင်ပေးမှာပါ။ သင်ဟာ အဆောင်ခွဲဦးထုပ်ဆောင်းနိုင်မှာဖြစ်ပြီးတော့ Gryffindor ၊ Slytherin ၊ Ravenclaw နဲ့ Hufflepuff စသဖြင့် အဆောင်တစ်ခုခုကို ပါဝင်နိုင်မှာပါ။

Hogwarts ဟာ ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် သင့်ရဲ့အချိန်တွေကို ဂါထာတွေ၊ ဆေးရည်တွေအကြောင်း လေ့လာရင်းနဲ့ အချိန်ကုန်ဆုံးရမှာပါ။ အခြားသောကျောင်းသားတွေနဲ့ တိုက်ခိုက်ခြင်း၊ Hogwarts ရဲ့ဆန်းကျယ်မှုတွေကို လေ့လာခြင်း၊ ကျောင်းသားတွေနဲ့ မိတ်ဆွေဖွဲ့ခြင်းများ စတဲ့လုပ်ဆောင်ချက်တွေလည်း ကစားနိုင်မှာပါ။

Severus Snape ၊ Albus Dumbledore ၊ Hagrid ၊ Professor McGonagall စတဲ့ ကာရိုက်တာတွေနဲ့လည်း တွေ့ဆုံခွင့်ရရှိမှာပါ။ Hogwarts Mystery ဟာ Harry Potter မမွေးခင်ကအချိန်ကို ခေါ်ဆောင်သွားမှာပါ။ ဒါကြောင့် Bill Weasley နဲ့လည်းတွေ့ခွင့်ရနိုင်ပါတယ်။

Hogwarts Mystery ဟာ Harry Potter ဖန်တွေအတွက်တော့ အကြိုက်တွေ့စေမယ့်ဂိမ်းတစ်ခုပါပဲ။ အခမဲ့ဆော့ကစားနိုင်တဲ့ဂိမ်းဖြစ်တဲ့အပြင် in-game currency စနစ်တွေ၊ energy meter တွေပါဝင်တာကိုလည်း နှစ်သက်မိပါတယ်။

Hogwarts Mystery ဟာ နောက်ဆုံးမှာတော့ စကားပြောနေတာနဲ့အချိန်ကုန်သလိုဖြစ်နေပါတယ်။ အသံဖိုင်တွေကို မမြင်ခဲ့တာမို့ ကျွန်တော်အရင်တုန်းက Review ရေးဖူးတဲ့ Story လိုမျိုးနဲ့ တူနေမလားဆိုတာတော့ မပြောတတ်ပါဘူး။ အဲဒီဂိမ်းတွေကတော့ အခမဲ့ကစားနိုင်ပြီးတော့ in-app purchase တွေနဲ့ အဆုံးသတ်သွားပါတယ်။ Hogwarts Mystery ကတော့ ဒီလိုမဖြစ်စေဖို့ မျှော်လင့်ထားပါတယ်။

Hogwarts Mystery ဟာ Harry Potter AR နာမည်နဲ့တော့ ထွက်လာမှာမဟုတ်ပါဘူး။ Harry Potter AR ကတော့ Pokémon GO ဖန်တီးရှင် Niantic Labs ကလုပ်ဆောင်နေပါတယ်။ Hogwarts Mystery အတွက် Play Store ပေါ်မှာ ကြိုတင်စာရင်းသွင်းထားနိုင်ပါပြီ။