DxOMark မှာ ၉၉မှတ်ရရှိထားတဲ့ Samsung Galaxy S9 Plus

0
1040

Samsung Galaxy S9 Plus ရဲ့ ဓါတ်ပုံနဲ့ဗွီဒီယိုလုပ်ဆောင်နိုင်စွမ်းတွေကြောင့် DxOMark မှာ ၉၉မှတ်ရရှိသွားပါတယ်။ ၀က်ဘ်ဆိုက်ပေါ်မှာ အကောင်းဆုံးစမတ်ဖုန်းကင်မရာအဖြစ် ရပ်တည်နေတယ်ဆိုလည်း မမှားပါဘူး။

Galaxy S9 Plus ကတော့ ၉၈မှတ်ရရှိထားတဲ့ Google Pixel 2 ရဲ့ထိပ်မှာရောက်ရှိနေပြီးတော့ iPhone X ဟာ ၉၇မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဒီတော့ DxOMark ရဲ့စနစ်ဟာ ၁၀၀ ကို အခြေခံထားတာမဟုတ်ဘူးဆိုတာ သိထားမယ်လို့ မျှော်လင့်ပါတယ်။

S9 Plus မှာ 12 MP + 12 MP အနောက်ကင်မရာတွေပါဝင်ပြီးတော့ 1/2.55″ sensor နဲ့ 1/2.55″ sensor ၊ 1/3.6″ sensor နဲ့  f/2.4 aperture lens တို့ကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာကတော့ 8 MP ဖြစ်ပြီး 1/3.6″ sensor နဲ့ f/1.7 aperture lens တို့ကိုအသုံးပြုထားပါတယ်။

S9 Plus ရဲ့ ဓါတ်ပုံရမှတ်တွေဟာ “exposure and contrast” ၊ “autofocus” အပိုင်းတွေမှာ အမှတ်ကောင်းနေပြီး “autofocus” ကတော့ DxOMark စမ်းဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ “zoom” နဲ့ “texture” အမျိုးအစားတွေမှာ အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ “artifacts” “flash” and “Bokeh” effect တွေနဲ့သာယာနေတာဖြစ်ပါတယ်။

အားမကောင်းပေမယ့်လည်း ဗွီဒီယို performance ကတော့ မြင့်မားတယ်လို့ ဆိုနိုင်ပါသေးတယ်။ vivid color ၊ noise reduction ကောင်းကောင်း၊ stabilization လန်းလန်းတွေက ထင်ရှားနေပါတယ်။

Galaxy S9 ကို သုံးသပ်မကြည့်ရသေးပေမယ့်လည်း S9 Plus ကတော့ ကင်မရာပိုင်းမှာ ကွဲပြားနေတာမို့ လုပ်ဆောင်ချက်ပိုင်းမှာ ကွာနိုင်ပါတယ်။

DxOMarkရဲ့ ရမှတ်တွေဟာ စမတ်ဖုန်းဓါတ်ပုံပညာအတွက် နောက်ဆုံးသတ်မှတ်ချက်လို့ ယူဆလို့အဆင်မပြေပါဘူး။ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ကင်မရာတွေကို DxOMark ရဲ့စမ်းသပ်မှုတွေကိုခံနိုင်ပြီးတော့ အမှတ်များများရအောင် စွမ်းဆောင်ထားတတ်ကြတာမို့ စမတ်ဖုန်းနည်းပညာအတွက် ကောင်းကောင်းလုပ်ထားကြပါတယ်။

စမ်းသပ်မှုတွေက တကယ်တော့ သိပ်ပြီးစိတ်ဝင်စားစရာမကောင်းပါဘူး။ DxOMark နဲ့ OEMsတွေရဲ့ကြားက ဆက်နွယ်မှုတွေကိုလည်း စဉ်းစားရမှာပါ။