Display Mate ရဲ့ ပထမဆုံး A+ အဆင့်ရထားတဲ့ Samsung Galaxy S9

0
1620

Samsung mobile display ဟာ အကောင်းဆုံးတစ်ခုလို့ စဉ်းစားနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံး flagship ဟာလည်း မထူးခြားနားပါပဲ။ ဒါပေမယ့် အထူးစပါရှယ်ပါ။ DisplayMate ဟာ Galaxy S9 ရဲ့ display ကို စမ်းသပ်ခဲ့ပြီးတော့ A+ အဆင့်ရသွားပါတယ်။

Galaxy S9 ရဲ့ display ဟာ သူ့ရဲ့အရင်ဖုန်းတွေနဲ့ရွယ်တူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Samsung ဟာ ပြင်ဆင်ထားမှုလေးတွေ အများကြီးလုပ်လာပါတယ်။ DisplayMate ဟာ ကာလာတိကျမှုအပိုင်းမှာ ပြီးပြည့်စုံအောင်ကြိုးစားထားပြီးတော့ Brightness ဟာလည်း 1,130 nits (20%) ပိုကောင်းလာပါတယ်။ super dimming mode ၊ အနောက်ဘက်က dual ambient light sensor ၊ HDR support ၊ selectable mode တွေလည်း ပါဝင်နိုင်ပါတယ်။

Display ဟာ DisplayMate စမ်းသပ်သမျှထဲမှာ အကောင်းဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းအတွက် အကောင်းဆုံးဖြစ်မယ်လို့ မပြောလိုပါဘူး။ Pixel 2 XL ရဲ့ဖြစ်ရပ်ကိုကြည့်လိုက်ပါ။ ဒါပေမယ့်လည်း Samsung Galaxy S9 ရဲ့ display ကတော့ အတော်လေးကောင်းမွန်ပြီးတော့ ၀ယ်ချင်စရာပါပဲ။ ဒါ့အပြင် ကာလာတိကျမှုကို မလိုချင်ရင်လည်း vivid mode ကို ဖွင့်လိုက်ပါ။ သင်ရော Samsung Galaxy S9 ကို ဘယ်လိုမြင်မိပါသလဲ။