သုံးသိန်းကျော်လောက်နဲ့ flagship ဖုန်းတစ်လုံးရဲ့ခံစားမှုမျိုးရနိုင်မယ့် Blu Vivo X Review

0
1730

မီယာမီအခြေစိုက် Blu လုပ်ငန်းမှ သူ့ရဲ့နောက်ဆုံးထွက် စမတ်ဖုန်း Vivo X ကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းကတော့ သုံးသိန်းကျော်လောက်ပါပဲ။ သူဟာ Blu အတွက်ကတော့ high-end စမတ်ဖုန်းပါပဲ။ တစ်နည်းပြောရမယ်ဆိုရင်တော့ Unlock ဖုန်းထုတ်လုပ်သူထံက flagship မော်ဒယ်လ်တစ်လုံးလို့ကို စဉ်းစားကြည့်နိုင်ပါတယ်။

စာရွက်ပေါ်က အချက်အလက်တွေအရဆိုရင် Blu Vivo X ဟာ ဈေးကြီးတဲ့ဖုန်းတွေနဲ့ နင်လားငါလား ယှဉ်နိုင်ပါတယ်။ Blu လိုင်းတွေဟာ Moto X (4th Gen) နဲ့ ယှဉ်နိုင်ပါတယ်။ ဒါပေမယ့် မျှတတဲ့တိုက်ပွဲတော့ မဟုတ်ပါဘူး။ Motorola ဖုန်းဟာ ဒီနေ့စံနှုန်းတွေနဲ့ယှဉ်လိုက်ရင် နည်းနည်းဟောင်းနေပြီးတော့ ဒါဟာပထမတစ်နှစ်လောက်ပဲ ကုန်ဆုံးသေးတဲ့အချိန်ပါ။ အဲဒီမော်ဒယ်လ်အတွက် အကောင်းဆုံးဖြစ်ပေမယ့်လည်း Samsung ၊ LG ၊ Google တို့လို flagship feature တွေတော့ မပါဝင်ပါဘူး။

ပြီးခဲ့တဲ့အပတ်က Blu Vivo X ကို စမ်းသပ်သုံးစွဲကြည့်ခဲ့ပါတယ်။ သင့်အနေနဲ့ အတိုဆုံးသုံးသပ်ချက်ကို ကြားချင်တယ်ဆိုရင်တော့ အောက်ကတစ်ကြောင်းကိုဖတ်ပြီး ပြန်ထွက်လိုက်ပါ။ အတော်များများကို ကြိုက်နှစ်သက်သလို အချို့ကိုလည်း မြတ်နိုးမိပါတယ်။ ဒါပေမယ့် သူ့မှာပြဿနာမရှိဘူးလို့ မပြောပါဘူး။

Specifications

  • 2.6GHz octa-core processor (MediaTek P25)
  • 64GB internal storage (with microSD slot up to 64GB)
  • 4GB RAM
  • Android 7.0 Nougat
  • 6.0-inch display with 18:9 aspect ratio (720 x 1440 pixels)
  • Dual rear cameras (13-megapixel, 5-megapixel) with flash
  • Dual front cameras (20-megapixel, 8-megapixel) with flash
  • Fingerprint sensor
  • 4,010mAh battery
  • 4G LTE: 1/2/3/4/5/7/8/12/17/28

အထင်ကြီးမိခြင်း

ဘူးလေးကိုဖွင့်ဖွင့်ချင်းမှာပဲ သူ့ရဲတန်ဖိုးနဲ့ သာလွန်အောင်ကျွန်တော်တို့ကို ပေးစွမ်းထားတဲ့အရာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီဘူးထဲမှာ earbud ၊ reverse အားသွင်းကြိုးတွေ ပါဝင်နေပါတယ်။ နောက်ပြီး ဆီလီကွန်ကာဗာ၊ မှန်ကပ်၊ စတစ်တာ၊ စာရွက်စာတမ်းတွေ ပါဝင်ပါတယ်။

စိတ်မကောင်းစရာကတော့ ဒီဈေးနဲ့ headphone ပါတဲ့စမတ်ဖုန်းတစ်လုံးကို မရနိုင်တာပါ။ Blu ဟာ ကာဗာနဲ့ မှန်မကွဲတွေကို ထည့်ပေးတဲ့ တစ်ခုတည်းသော brand ဖြစ်ပါတယ်။ ကာဗာလေးဟာ အဖြူနဲ့အနက်စပ်ကြားဖြစ်ပြီးတော့ ဘူးဒီဇိုင်းလိုမျိုးလုပ်ဆောင်ပေးထားပါတယ်။ မျက်စိကျစရာပါပဲ။

Vivo X ကို ကိုင်လိုက်တာနဲ့ Pixel XL ၊ Samsung Galaxy S8+ ကို ခံစားမိပါတယ်။ ကြီးတယ်၊ လေးတယ်။ အရည်အသွေးကောင်းဖုန်းတစ်လုံးအဖြစ် ခံစားမိပါတယ်။ ကွေးညွတ်ထားတဲ့ဒီဇိုင်း၊ အရှေ့မှန်ကွေးတွေနဲ့ အနောက်ဘက်မှာလည်း လှပစွာဆင်ယင်ထားပါတယ်။

Vivo X ဟာ ကိုင်ရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့နေ့စဉ်အသုံးပြုမှုအတွက် နည်းနည်းလေးပိုကြီးနေပါတယ်။ ဒါပေမယ့်လည်း မျက်နှာပြင်အရွယ်အစားနဲ့ပတ်သတ်လာရင်တော့ အသိအမှတ်မပြုဘဲမနေနိုင်ပါဘူး။ ဘောင်တွေလည်း နည်းပါးပြီးတော့ ဖုန်းကိုရှည်သွားစေပါတယ်။ မျက်နှာပြင်ကျယ်တွေမှာတွေ့ရတဲ့ 18:9 aspect ratio နဲ့ကြည့်မယ်ဆိုရင်တော့ ပုံမှန်အနေအထားတစ်ခုပါပဲ။

Hardware

စာရွက်ပေါ်ကအချက်အလက်တွေကိုလည်း လေ့လာကြည့်ရအောင်။ Blu Vivo X လိုင်းတွေဟာ ၅သိန်းကျော်တန်ဖုန်းတွေထက် ပိုကောင်းပါတယ်။ ဒီနှစ်အတွက်လိုအပ်တဲ့အချက်အလက်တွေထက်တောင် များများစားစား ရနိုင်နေတာကိုတွေ့ရမှာပါ။ သင်မျှော်လင့်ထားတာထက်ကို ပိုရနိုင်တယ်လို့ ပြောချင်တာပါ။

Blu ဖုန်းတွေဟာ စမတ်ဖုန်းဝယ်ယူသူတွေကို ပထမဆုံးအကြိမ်ဖြည့်ဆည်းပေးခြင်း ဒါမှမဟုတ် ၀ယ်လိုအားနည်းနေသေးတဲ့အတွက် မတူညီအောင်လုပ်ဆောင်ထားပါတယ်။ Blu ရဲ့ ဟန်းဆက်တွေဟာ အမိုက်စား Hardware တွေကို အသုံးပြုထားပါတယ်။ ဖုန်းအဟောင်းတစ်လုံးကနေ အဆင့်မြှင့်မယ့်သုံးစွဲသူတွေအတွက်ကတော့  အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။

Unlock လုပ်ထားခြင်း

သင်က T-Mobile ၊ T-Mobile ဒါမှမဟုတ် ဘယ်လိုလိုင်းကိုပဲသုံးသုံး အဆင်ပြေပါတယ်။ Unlock ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် Vivo X ဟာ GSM networks [4G LTE, (1/2/3/4/5/78/12/17/38) ၊ 3G (850/900/1700/1900/2100) နဲ့ HSPA+ 42Mbps] တို့နဲ့ အဆင်ပြေပါတယ်။ အခြားသော Blu မော်ဒယ်လ်တွေလိုပဲ SIM နှစ်ကဒ်အသုံးပြုနိုင်တဲ့အတွက် ခရီးသွားလာတဲ့အချိန်မှာ လိုင်းမမိမှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။

MediaTak (Helio P25) 64-bit 2.6GHz octa-core processor ၊ Mali-T880 GPU ၊ 4GB RAM တို့ဆီက အားသာချက်တွေကိုလည်း အသုံးပြုထားပါတယ်။ သိုလှောင်မှုကတော့ 64GB ဖြစ်ပြီး microSD ကဒ်လည်း 64GB အထိ စိုက်နိုင်ပါတယ်။

Qualcomm Snapdragon 835 ဆီကရနိုင်တာနဲ့ မတူညီသလို ဈေးကွက်ထဲက 6GB နဲ့ 8GB RAM ဖုန်းတွေလိုမျိုးလည်း မရနိုင်ပါဘူး။ အခြားဘက်ကကြည့်မယ်ဆိုရင်လည်း ကုန်ကျစရိတ်ခြင်းက တူမှမတူတာကိုး။ performance ပိုင်းမှာ ခြားနားနေတာကို မြင်ရနိုင်သလား။ မြင်ရတယ်ထားဦးတော့ ငွေကြေးအရမတန်ဘူးလား။ ကျွန်တော်တို့ဒီမေးခွန်းကို သင့်အတွက်ဖြေပေးလို့မရပါဘူး။

ဒီဇိုင်း

ဖုန်းရဲ့ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ အသံခလုတ်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ပါဝါခလုတ်ဟာ အခြားခလုတ်တွေနဲ့ ကွဲပြားနေပါတယ်။ ဘယ်ဘက်မှာတော့ SIM နဲ့ microSD ကဒ်စိုက်နိုင်တဲ့နေရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အောက်မှာတော့ microUSB port ၊ microphone နဲ့ 3.5mm headphone jack တွေကို တွေ့ရမှာပါ။

ဟုတ်ပါတယ်။ မျက်စိမှားတာမဟုတ်ပါဘူး။ ၂၀၁၈ flagship ခံစားမှုကိုပေးစွမ်းနိုင်မယ့် microUSB port လေးဖြစ်ပါတယ်။ မနှစ်ကတုန်းကတည်းက စောင့်မျှော်နေခဲ့တာဖြစ်ပြီးတော့ Blu ဟာ ဈေးသက်သက်သာသာနဲ့ အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။

Display  ရဲ့ အပေါ်ပိုင်းမှာတော့ အရှေ့ကင်မရာရှိပြီးတော့ ညာဘက်မှာ စပီကာရှိပါတယ်။ ဖုန်းရဲ့အနောက်ဘက်မှာတော့ fingerprint reader ရှိပါတယ်။

Display

၆လက်မအရွယ် display ဟာ သက်တောင့်သက်သာရှိသလို ကြီးမားတယ်လို့ ဆိုရမှာပါ။ သူ့ရဲ့ 720 x 1440 pixel resolution (282 ppi) ကတော့ Corning Gorilla Glass 3 နဲ့ကာကွယ်ထားပြီး ခြစ်ရာ၊ ပွန်းရာတွေကို ခံနိုင်ပါတယ်။ ကွေးညွတ်ထားတဲ့ဘောင်တွေက ကြည့်ကောင်းစေရုံသာမက ကိုင်တွယ်ရတာလည်း ကောင်းမွန်ပါတယ်။ Gorilla Glass 4 ၊ 5 ဆိုရင် ပိုမကောင်းဘူးလား။ ဈေးကိုလည်း ထည့်တွက်ပေးပါဦးဗျာ။

ဈေးနည်းစမတ်ဖုန်းတွေကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် resolution ပိုင်းမှာ 720p လောက်ပဲ ထည့်သွင်းပေးတတ်ပါတယ်။ Blu ကတော့ full HD+ image ထည့်သွင်းပေးထားပေမယ့်လည်း ဈေးကြီးတဲ့ဖုန်းတွေနဲ့တော့ ယှဉ်လို့မရပါဘူး။

Blu ကတော့ ဒါဟာဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်လို့ပြောပါတယ်။ ဖုန်းထုတ်လုပ်သူတွေက ဘတ်ထရီသက်တမ်းကြာခြင်းနဲ့ သုံးစွဲသူတွေရဲ့အတွေ့အကြုံကို ဟန်ချက်ညီအောင် ထိန်းထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် resolution မြင့်မြင့်လိုချင်ရင်တော့ နည်းနည်းပြန်ပေးရမှာလေးတွေ ရှိနိုင်တာပေါ့။

Vivo X ဟာ အလင်းရောင်အခြေအနေအားလုံးမှာ တိကျတဲ့ပုံရိပ်ကို ထုတ်ပေးနိုင်ပါတယ်။ ပုံတွေနဲ့ ဗွီဒီယိုတွေဟာ ၆လက်မမျက်နှာပြင်မှာ ကြည့်လို့ကောင်းနေပါတယ်။ စာသားတွေကလည်း ပြတ်သားပြီးတော့ default settings လုပ်ထားမယ်ဆိုရင်တော့ ဖတ်ရလွယ်ပါတယ်။ စာပိုကြီးချင်တာဖြစ်ဖြစ်၊ အလင်းရောင်ချိန်ချင်တာဖြစ်ဖြစ် customization တွေ အများကြီးလုပ်နိုင်ပါတယ်။

ကင်မရာ

Blu Vivo X ဟာ သူတို့ရဲ့အကောင်းဆုံးတွေကို ပေးစွမ်းထားပါတယ်။ သုံးသိန်းလောက်နဲ့ ပိုတန်တဲ့ခံစားမှုကို ရမှာပါ။ အရှေ့နဲ့အနောက်ကင်မရာတွေမှာ flash မီးပါဝင်တဲ့ ကင်မရာနှစ်လုံးကို တပ်ဆင်ထားပါတယ်။ အားကောင်းတဲ့ camera app နဲ့ပေါင်းစပ်ထားတဲ့အတွက် ရိုက်ကူးတဲ့အချိန်မှာ လိုသလိုချိန်ညှိနိုင်ပါတယ်။ ဓါတ်ပုံတွေကို ရိုက်ကူးနေရင်းနဲ့ တဖြည်းဖြည်း သဘောကျမိလာပါတယ်။

depth of field ကတော့ အံ့အားသင့်စရာပါပဲ။ app ထဲမှာ bokeh effect ကို အသုံးပြုတဲ့အခါမှာ တန်ဖိုးကြီးဖုန်းတွေဆီကရိုက်ချက်မျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ effect အတော်များများကို ကြိုက်နှစ်သက်ပါတယ်။ ဒါမေယ့် တချို့ကတော့ လက်တွေ့သိပ်မဆန်လှပါဘူး။ panorama ၊ night နဲ့ professional mode တွေလည်း ပါဝင်ပါတယ်။

camera software မှာပါဝင်တဲ့ mode တွေကတော့ time-lapse ၊ text recognition ၊ smart scanner ၊ mood photo ၊ translation တို့ဖြစ်ပါတယ်။ Text recognition ကတော့ မဂ္ဂဇင်း၊ စာအုပ်ထဲကို ဓါတ်ပုံရိုက်ထားရင် စာသားတွေကို သိရှိနိုင်ပြီးတော့ မျှဝေနိုင်စေမှာပါ။ တခုခြင်းစီကို ကစားကြည့်ခြင်းအားဖြင့် ခံစားမှုအသစ်အဆန်းတွေကို ရရှိနိုင်မှာပါ။

ဓါတ်ပုံနဲ့ဗွီဒီယိုအတွက် ပြောရမယ်ဆိုရင်တော့ြုကီးကြီးမားမားမရှိပါဘူး။ focus လုပ်တဲ့အချိန်မှာ ရပ်သွားတာမျိုးရှိတတ်ပြီး ရလဒ်တွေက ကျွန်ောတ်တို့မျှော်လင့်ထားသလောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သုံးသိန်းကျော်လောက်နဲ့တော့ ဒီအဆင့်ပဲရနိုင်မှာပါလို့ ပြောရမှာပါ။ wide-angle front-facing group shot ကရော ဘယ်လိုအခြေအနေရှိလဲ။ အရမ်းမိုက်တဲ့ဟာလို့ ပြောနိုင်ပါတယ်။

Software

အခြားသော Blu စမတ်ဖုန်းတွေနဲ့ယှဉ်ရမယ်ဆိုရင် Android experience ကိုနည်းနည်းလေးပေါင်းထည့်ထားပါတယ်။ Google ကနေရနိုင်တဲ့ default အရာတွေပါဝင်သလို pre-installed app အနည်းငယ်နဲ့ custom settings တွေပါဝင်ပါတယ်။

Vivo X မှာသွင်းထားတဲ့ app တွေထဲမှာ Amazon Prime Video ၊ Amazon Shopping ၊ သူ့ရဲ့ music ၊ sound recorder ၊ notes ၊ file explorer တွေဖြစ်ပါတယ်။ တစ်ခုချင်းစီတိုင်းအတွက် update လုပ်ဖို့ပြောနေတာဖြစ်တာမို့ Nexus ၊ Pixel တို့လိုမျိုးခံစားရမှာပါ။

အခြားမော်ဒယ်လ်တွေမှာမြင်ရတဲ့ customization လုပ်နိုင်တဲ့အနေအထား များများစားစားကို မမြင်ရပါဘူး။ Theme Park ၊ UI settings တွေရှိပေမယ့်လည်း အဲဒီနေရာမှာမလုပ်နိုင်ပါဘူး။

Stock Android

Blu ဟာ ကွဲပြားအောင်လုပ်ချင်တာမို့ customizationပိုင်းမှာ ပြောင်းလဲထားပါတယ်။ သူ့မှာ  traditional app drawer မရှိသလို notification ကြည့်ချင်ရင် အပေါ်ကိုပင့်တင်လို့မရပါဘူး။ icon တွေကို အကြာကြီးဖိထားလိုက်ရင် shortcut ဖြစ်လာတာမျိုးပေါ့။

Vivo X အတွက် ထူးခြားတဲ့ feature တွေက ဘာများဖြစ်မလဲ။ settings ကို access လုပ်လို့မရပါဘူး။ Wi-Fi ၊ Bluetooth ၊ flashlight ပိတ်ဖွင့်လုပ်ချင်သလား။ app drawer ထဲကိုသွားပြီးတော့ settings ကိုရှာလိုက်ပါ။

စစချင်းတော့ ဘာမှမဟုတ်ဘူးလို့တွေးမိပါတယ်။ နှစ်ရက်၊ သုံးရက်ကြာတဲ့အချိန်မှာတော့ ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ တွေ့လာရပါတယ်။ brightness ၊ auto-rotate ၊ airplane mode ၊ mobile hotspot တွေကိုတော့ မြင်ချင်မိပါတယ်။

အကောင်းဘက်ကတွေးကြည့်ခြင်း

အစပိုင်းတုန်းကပြောခဲ့ပါတယ်။ software update ကို သွင်းဖို့ပြောနေပါလိမ့်မယ်။ ဒါကြောင့် Google ရဲ့ January 2018 security patch ကို Update အနေနဲ့ တွေ့မြင်နိုင်ပါတယ်။ ဒါဟာ Vivo X software နဲ့ပတ်သတ်တဲ့ နောက်ဆုံးအချက်ပါပဲ။

Android 8.0 ရဲ့ တရားမ၀င်နှစ်ပတ်လည်ကို ရောက်တော့မှာပါ။ Google ဟာ မတ်လမှာစတင်တည်ဆောက်ခဲ့ပြီးတော့ Pixel 2 နဲ့စတင်ပွဲထုတ်ခဲ့ပါတယ်။ ကြာလေကြာလေ flagship တစ်ခုနဲ့တူလေလေဆိုတာ ခံစားမိပါလိမ့်မယ်။

Blu ဟာ security update တွေကို ထုတ်ပေးပြီးပါပြီ။ software release အကုန်မရနိုင်သေးပေမယ့်လည်း လက်ရှိ patch နဲ့ security တွေကလည်း အတော်လေးကောင်းပါတယ်။

Vivo X မှာ Android 8.0 ရရှိမလားမသိသေးပေမယ့် ထုတ်ပေးသွားမယ်လို့ မျှော်လင့်ထားပါတယ်။ Android 7.0 Nougat ကလည်း ကောင်းပါတယ်။ ခပ်မိုက်မိုက် feature တွေပါဝင်ပါတယ်။ ကျွန်တော်တို့မသိသေးတဲ့ အချက်နှစ်ချက်ရှိနေပါသေးတယ်။

Performance

နေ့စဉ်သုံးအတွက်ကတော့ Vivo X ဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် app တွေနဲ့ ဂိမ်းတွေကို ထုတ်သွင်းလုပ်တဲ့သူ၊ အများကြီးသွင်းမယ့်သူဆိုရင်တော့ ဘယ်လိုတွေဖြစ်လာမလဲ ကြည့်လိုက်ရအောင်။

ဂိမ်းတွေနဲ့ app တွေကို စမ်းသပ်သုံးစွဲကြည့်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ အီးမေးလ်အကောင့်ကို ထည့်လို့မရတော့ပါဘူး။ ရာခိုင်နှုန်းနဲ့ပြောကြည့်မယ်ဆိုရင် ၆၅%လောက် သွင်းထားတယ်ဆိုပါစို့။ ဂိမ်းတွေကစားတဲ့အချိန်မှာလည်း ဂရပ်ဖစ်စားပေမယ့် ကောင်းကောင်းဆော့နိုင်ပါတယ်။ performance ပိုင်းမှာ ကျသွားခြင်း၊ နှေးခြင်းမရှိပါဘူး။

 

ဘတ်ထရီ

ဘတ်ထရီသက်တမ်းကတော့ ကောင်းမွန်ပါတယ်။ 4,010mAh ကို အသုံးပြုထားပါတယ်။ အေးဆေးသုံးမယ်ဆိုရင်တော့ နှစ်ရက်လောက်ကို အသုံးပြုနိုင်မှာပါ။ ကျွန်တော်တို့ဝန်ခံစရာရှိတာက ဒီသုံးသပ်ချက်ကို နေ့စဉ်သုံးapp တွေအားလုံးနဲ့ စမ်းသပ်ထားတာမဟုတ်ပါဘူး။

နေ့ခင်းလောက်ဆိုရင်တော့ အားသွင်းတတ်ကြတာပဲမလား။ အားသွင်းတဲ့အချိန်မှာတော့ အနည်းငယ်ကြာမြင့်ပါတယ်။ ကျွန်တော်တို့စမ်းသပ်ချိန်မျာ ဘတ်ထရီကို ၁၀%အောက်ကို မကျအောင် စမ်းသပ်ခဲ့ပါတယ်။

microUSB နဲ့ USB Type C တို့အကြောင်း ပြောကြည့်ရအောင်။ Type C နဲ့အားသွင်းနိုင်တဲ့အတွက် အခြားသောမော်ဒယ်လ်တွေကို အေးဆေးယှဉ်လို့ရပါတယ်။

လက်ဗွေစနစ်ကလည်း မြန်ဆန်ပြီးတော့ တိကျပါတယ်။ အခြားသောBlu ဖုန်းတွေမှာကတော့ home button နဲ့ ပေါင်းထားပါတယ်။ ဖုန်းကိုဖွင့်တာ ၊ app တွေထဲကိုဝင်တာ၊ ၀ယ်ယူမှုအတွက် အတည်ပြုချက်တွေလုပ်တာတွေဟာ Pixel 2 လိုမျိုးပါပဲ။

Face Unlock ကလည်း လုံခြုံမှုကိုပေးနိုင်ပါတယ်။ ဖုန်းကိုစမ်းသပ်တဲ့အချိန်တုန်းက fingerprint နဲ့ Face Unlock ကြားမှာ ဗျာများခဲ့ရပါတယ်။ ဒီအပိုင်းနဲ့ပတ်သတ်လို့ကတော့  လေးစားမိပါတယ်။

အနှစ်ချုပ်

Vivo X အတွက်ကောက်ချက်ချပေးရမယ်ဆိုရင် ဈေးနှုန်းနဲ့ ထိုက်တန်ရုံသာမက သာလွန်ပါတယ်။ သုံးသိန်းကျော်လောက်နဲ့ဆိုတော့ စိတ်ဝင်စားစရာပါပဲ။

ဒီဈေးဟာ သုံးစွဲသူတွေအတွက် ရွေးချယ်လို့အဆင်ပြေမယ့်အနေအထားပါ။ ပါဝင်တဲ့အချက်အလက်နဲ့ ဈေးနှုန်းကို ချိန်ကြည့်လိုက်ရင် သင့်တော်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

Launch လုပ်တဲ့အချိန်မှာ ၀ယ်မယ်ဆိုရင်တော့ ၂သိန်းခြောက်သောင်းနဲ့ ရရှိမှာပါ။

ဈေးနှုန်းခပ်များများသုံးနိုင်မယ်ဆိုရင်တော့ ပိုမိုဆွဲဆောင်မှုရှိတဲ့မော်ဒယ်လ်တွေကို ရနိုင်မှာပါ။ 6GB RAM နဲ့ အချက်အလက်ကောင်းကောင်းရနိုင်ပေမယ့် ဈေးကတော့ ပိုပေးရမှာပါ။ Vivo X ကတော့ တန်ဖိုးနဲ့ အတော်လေးချိန်လို့ကောင်းတဲ့အရာပါပဲ။

RAM 3GB ၊ 4GB ဆိုတာက အရင်နှစ်မှာ ကျန်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ်အသုံးပြုမှု၊ ဆော့ကစားနေတဲ့ဂိမ်းတွေက အဲဒီလောက်နဲ့ဆို အဆင်ပြေနေပြီလို့ မထင်ဘူးလား။ Blu ကို စမ်းသုံးကြည့်ပါ။ သင့်တင့်တဲ့ဈေးနှုန်း၊ ရနိုင်မယ့် feature ၊ unlock ဖြစ်ခြင်းတွေက သင့်ကိုမဆွဲဆောင်နိုင်ဘူးလား။