Motorola Razr ကို ပြန်လည်မွေးထုတ်မယ့် Lenovo

0
413

Lenovo ရဲ့  စီအီးအို Yang Yuanqing က Motorola Razr စီးရီးပြန်လာနိုင်ကြောင်း နည်းနည်းလေး လမ်းကြောင်းလာပါတယ်။ MWC 2018 အတွက် အင်တာဗျူးတစ်ခုမှာ MWC 2017 တုန်းကလိုမျိုး အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“နည်းပညာအသစ်တွေနဲ့အတူ ခေါက်နိုင်တဲ့ screen တွေလည်း ထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းဒီဇိုင်းမှာတော့ ဆန်းသစ်မှုတွေ ပိုမိုမြင်ရနိုင်မှာပါ။”

“ဒါကြောင့် သင်တို့စိတ်ထဲကဒီဇိုင်းလေး [Motorola Razr brand] ကတော့ မကြာခင်မှာ ဖန်တီးတော့မှာဖြစ်တယ် ဒါမှမဟုတ် လက်တွေ့ဖြစ်လာတော့မှာပါ။”

Motorola Razr ဒီဇိုင်းပြန်လာနိုင်မလားဆိုတဲ့အမေးကို အခုလိုမျိုး ပြန်လည်ဖြေကြားလိုက်တာပါ။ Lenovo ဟာ Motorola ကို ၂၀၁၄ခုနှစ်ကတည်းက ပိုင်ခဲ့တာပါ။

Motorola Razr ကတော့ ခေါက်ဖုန်းစီးရီးတွေနဲ့ ၂၀၀၀ခုနှစ်အလယ်ပိုင်းလောက်က လူသိများခဲ့ပါတယ်။ V3 မော်ဒယ်ကတော့ ၁၃၀မီလျံနဲ့ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ touchscreen ဖုန်းတွေရောက်ရှိလာတဲ့အခါမှာတော့ အဲဒီလိုင်းဟာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။

Razr လိုင်းတွေကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lenovo promo video ထဲမှာ ဦးတည်ထားတဲ့ဖုန်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Lenovo ဟာ Razr ဘက်ကိုပြန်လည်ဆွဲဆောင်မယ်လို့ ယူဆရပါတယ်။

Lenovo ကိုကျော်တက်သွားတဲ့ HMD Global ကတော့ သူတို့ရဲ့ classic Nokia 8110 နဲ့ Nokia 3310 တို့နဲ့အတူ အရှိန်မြှင့်တင်ထားပါတယ်။ ရောင်းအားကတော့ ဘယ်လိုအခြေအနေရှိမလဲ မပြောတတ်ပါဘူး။ မားကတ်တင်းအမြင်အရကြည့်မယ်ဆိုရင်တော့ အတော်လေးအထောက်အကူပြုပေးပါတယ်။ မီဒီယာအတော်များများမှာလည်း ပါဝင်လာခဲ့တာဆိုတော့ သူ့ရဲ့လှပခဲ့တဲ့သမိုင်းကြောင်းကို ကျေးဇူးတင်ရတော့မှာပါ။

လာမယ့်ခေါက်စမတ်ဖုန်းတွေကို မိတ်ဆက်ခြင်းက Razr brand ကို သူ့ရဲ့မူရင်းဒီဇိုင်းကိုပြင်ဆင်ရမှာဖြစ်တဲ့အတွက် မရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ပရီမီယမ်အချက်အလက်တွေနဲ့ ခေါက်နိုင်တဲ့ touchscreen display ပါဝင်တဲ့ Razr ကိုတွေးကြည့်လိုက်ပါ။ ကျွန်တော့အတွက်ကတော့ ဖြစ်နိုင်ပါတယ်။