လူအုပ်ကြားမှ မျက်နှာများကို ခွဲခြားသိရှိနိုင်တော့မည့် AI နည်းပညာသုံး စောင့်ကြည့်ကင်မရာ

0
392

စောင့်ကြည့်ကင်မရာတွေက ကိုယ့်ရဲ့လှုပ်ရှားပုံတွေကို စောင့်ကြည့်ခံနေရခြင်းကို စိတ်မသက်မသာဖြစ်နေပါသလား။ ဒီထက်ပိုဆိုးလာပါတော့မယ်။

ဟုတ်ပါတယ်။ CCTV ကင်မရာတွေမှာ မျက်နှာမျက်မိနေခြင်းနည်းပညာကို ထည့်သွင်းတော့မှာဖြစ်လို့ ၂၄နာရီပတ်လုံး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ရာဇ၀တ်ကောင်တွေကို စောင့်ကြည့်နိုင်တော့မှာပါ။ အဲဒီနည်းပညာကို Semiconductor လုပ်ငန်းရှင် Nvidia နဲ့ လုံခြုံရေး ကနဦးလုပ်ငန်း AnyVision တို့ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

Nvidia ရဲ့ဂရပ်ဖစ်chip တွေကို AnyVision ရဲ့ မျက်နှာမှတ်မိနေမယ့်နည်းပညာတွေနဲ့ ပူးပေါင်းပြီးတော့ အားဖြည့်သွားမှာဖြစ်ပါတယ်။

အဲဒီနည်းပညာသုံးကင်မရာတွေဟာ တစ်ယောက်ချင်းစီရဲ့မျက်နှာတွေကို indoor ၊ outdoor မရွေးဘဲ ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီစနစ်ဟာ target နဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကို လူမှုကွန်ရက်တွေကို အသုံးပြုပြီး ရှာဖွေသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုရှာနိုင်ဖို့အတွက် ဘယ်လိုအချက်အလက်တွေကို လူမှုကွန်ရက်တွေဆီကနေ အသုံးပြုသွားမလဲဆိုတာကို မပြောသေးပါဘူး။ လူတွေကိုသိရှိနိုင်တဲ့ရာခိုင်နှုန်းကတော့ ၉၉% ဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ အကြမ်းဖက်သမားတွေ၊ ရာဇ၀တ်သားတွေ၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးမှာဖြစ်ပြီးတော့ ပိုမိုလုံခြုံတဲ့မြို့များဖြစ်အောင် ဖန်တီးပေးမှာပါ။

 

သူတို့အနေနဲ့ CCTV အတွက် စုဆောင်းထားတဲ့ အချက်အလက်တွေကို ကာကွယ်ပေးဖို့အတွက်လည်း ကြိုးစားသွားမှာလို့ ပြောထားပါတယ်။ အဖွဲ့သားတွေအသုံးပြုနိုင်ဖို့အတွက် app လေးကို ထုတ်လုပ်ပေးမှာဖြစ်ပြီး စမတ်ဖုန်း၊ တက်ဘလက်တွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ တည်နေရာအချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့၊ live အခြေအနေတွေကိုလည်း ကင်မရာတွေကနေတစ်ဆင့် ပြသပေးနိုင်ပါတယ်။ ဒီနည်းပညာကို AT  M စက်နားမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေမှာတောင် ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းဝင်း၊ ဘဏ်၊ ကာစီနိုတွေအထိ အသုံးပြုနိုင်ဦးမှာပါ။ မျက်နှာတွေကိုသိရှိတဲ့အပိုင်းမှာ မျက်မှန်တပ် ဦးထုတ်ဆောင်းထားရင်တောင်မှ သိရှိနိုင်မှာပါ။

နောက်ပိုင်းမှာ ဗွီဒီယိုကိုအခြေခံပြီးတော့ မီးပွိုင့်တွေကို အလိုအလျောက်ပြောင်းလဲပေးနိုင်မယ့်စနစ်တွေ ဖန်တီးနိုင်တဲ့အထိ လုပ်ကြမှာပါ။ ဒီနည်းပညာကိုလည်း ၂၀၂၀လောက်မှ တွေ့မြင်ရနိုင်ချေရှိနေပါတယ်။