မျက်နှာပြင် ကိုယ်ထည် အချိုး ၉၈% အထိဖြစ်လာတဲ့ Vivo ရဲ့ Apex စမတ်ဖုန်း

0
1704

Vivo ဟာ စမတ်ဖုန်းတွေရဲ့အနာဂတ်ကို သူ့ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်း concept လေးနဲ့ ပြသလိုက်ပါတယ်။

ဒီနှစ်အစောပိုင်းမှာတုန်းက Vivo ဟာ မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ လက်ဗွေရာစနစ်ကို X20 Plus UD နဲ့ ပြသခဲ့ပါတယ်။ Mobile World Congress မှာ Apex concept ဖုန်းလေးကို ပြသခဲ့ပါတယ်။ သူ့ရဲ့မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ ၉၈% ဖြစ်ပြီး လက်ဗွေစနစ်အတွက် မျက်နှာပြင်တ၀က်လောက်အထိ နေရာယူထားပါတယ်။ ပြီးတော့ ရိုက်ကူးချိန်မှ ထွက်ပေါ်လာမယ့် ကင်မရာလေးလည်း ထည့်သွင်းပေးထားပါတယ်။

X20 Plus မှာ လက်ဗွေရာစနစ်ကို မျက်နှာပြင်ရဲ့အောက်နားလေးမှာ ထားခဲ့ပါတယ်။ ဒါပေမယ့် Apex ကတော့ မျက်နှာပြင်အောက်ဘက်တစ်ခုလုံးကို လက်ဗွေရာဖျက်နိုင်စေဖို့ နေရာယူထားလိုက်ပါတယ်။ မျက်နှာပြင်ကျယ်သွားတဲ့အတွက်ကြောင့် သိရှိဖို့လွယ်ကူသွားပြီး အချိန်ကတော့ ၀.၇မီလီစက္ကန့်ဖြစ်တာမို့ သာမန်လက်ဗွေစနစ်တွေလောက်တော့ မမြန်ပါဘူး။ သင့်ရဲ့ဖုန်းကို ဖုန်းမျက်နှာပြင်ပေါ်မှာထားလိုက်တာနဲ့ ပွင့်သွားတာလေးကတော့ လန်းပါတယ်။

Apex ဟာ အနားသတ်ဘောင်တွေကို ၁.၈မီလီမီတာအထိ သုံးဘက်စလုံးမှာ လျှော့ချထားတာမို့ ဘောင်အသေးဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ အောက်ဘက်ကတော့ ၄.၃မီလီမီတာရှိတယ်လို့ သိရပါတယ်။ Vivo ဟာ flexible ဖြစ်တဲ့ ဆားကစ်ဘုတ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့် ဘောင်တွေကိုပိုမိုပါးနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ OLED panel ကိုလည်း အသုံးပြုထားပါသေးတယ်။

အနားသတ်ဘောင်နည်းဒီဇိုင်းဟာ အရှေ့ကင်မရာ 8MP လေးကို တစ်မျိုးတစ်ဖုံဆန်းသစ်သွားစေပါတယ်။ ကင်မရာအပိုင်းလေးဟာ အောက်မှာဖျောက်ထားပြီးတော့ ရိုက်ကူးမယ့်အချိန်မှ တက်လာမှာဖြစ်ပါတယ်။ တက်လာဖို့အတွက် ၀.၈စက္ကန့်ကြာမှာဖြစ်ပြီး အသုံးပြုပြီးတာနဲ့ ပြန်ဝင်သွားမှာပါ။ ဒါကြောင့် earpiece အတွက်လည်း နေရာမယူတော့ပါဘူး။ Vivo ဟာ Screen SoundCasting နည်းပညာကို အသုံးပြုထားတာပါ။ သူကတော့ အသံထွက်လာစေဖို့အတွက် မျက်နှာပြင်တုန်ခါစေမှာပါ။

ဒီနည်းပညာကတော့ ပထမဆုံးမြင်ရတာမဟုတ်ပါဘူး။ Sony ရဲ့ 2017 OLED 4K HDR TV မှာလည်း “Acoustic Surface” ပါဝင်ပြီးတော့ မျက်နှာပြင်ကနေ အသံထွက်နိုင်ပါတယ်။ ဒါပေမယ့် Vivo အတွက်တော့ ပထမဆုံးအသုံးပြုတဲ့ဖုန်းတစ်လုံးဖြစ်လာပါတယ်။ Vivo ဟာ 3.5mm jack ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီးတော့ DAC ပါဝင်ပြီးတော့ amplifiers သုံးလုံးကိုလည်း ထည့်သွင်းပေးထားပါတယ်။

Launch လုပ်မယ့်အတွက် Alex Feng ဟာ ဖြစ်နိုင်သလားဆိုတာလုပ်ဆောင်ကြောင်း သိရပါတယ်။

Apex ဟာ လုပ်ငန်းစံနှုန်းအသစ်ကို သတ်မှတ်မှာဖြစ်ပြီးတော့ မိုဘိုင်းလ်ခံစားမှုကိုလည်း အသစ်အဆန်းပေးစွမ်းမှာပါ။ အသံ၊ ဓါတ်ပုံကနေ မျက်နှာပြင်အောက်လက်ဗွေစနစ်တွေအထိ Vivo ဟာ သူတို့ရဲ့အမြင်တွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်ဖို့ စိတ်ကူးထားပါတယ်။

အခုပြသတဲ့ဖုန်းconcept လေးကတော့ ဖန်တီးမှုအပိုင်းကိုရောက်နေပါပြီ။ ဖြစ်နိုင်သမျှအကောင်းဆုံးခံစားမှုတွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ ချပြမှာပါ။

Apex ရဲ့လက်ရှိပုံစံကတော့ လက်လီထုတ်ကုန်ဖြစ်မှာမဟုတ်လောက်ပါဘူး။ အဲဒီဖုန်းဟာ နောင်လာမယ့် biometric authentication နည်းပညာတွေကို သက်သေပြလိုက်တာပါ။ မကြာခင်နှစ်တွေအတွင်းမှာ မျက်နှာပြင်တစ်ဝက်ကို အသုံးပြုထားတဲ့ လက်ဗွေရာစနစ်ကို တွေ့မြင်ရနိုင်မှာပါ။ နောက်ပြီး ထွက်လာမယ့်ကင်မရာကိုလည်း မြင်ရနိုင်ချေရှိပါတယ်။ လက်ထဲကိုကိုင်ရမယ့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိပါတယ်။

ခင်ဗျားတို့ရော Apex ကိုဘယ်လိုထင်ကြသလဲ။။