မတ်လ ၂၇ ရက် ပဲရစ်တွင် launch လုပ်သွားမယ့် ကင်မရာသုံးလုံးနဲ့ Huawei P20

0
1021

Huawei ရဲ့ MWC ပွဲမှာအခြေအနေကတော့ မနှစ်ကလောက်မကောင်းပေမယ့် MediaPad တက်ဘလက်နဲ့ Matebook X Pro ultrabook တွေနဲ့ ပွဲလှနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဆမ်ဆောင်းကို အကျောပေးထားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မတ်လကုန်မှာတော့ ပဲရစ်မြို့မှာ သူ့ပွဲကိုအထင်ကရလုပ်သွားမှာပါ။ ဘာတွေလုပ်နေတာလဲ မသိချင်ဘူးလား။ P အဖွဲ့ဝင်တစ်လုံးဖြစ်တဲ့ P20 ကို မိတ်ဆက်မှာဖြစ်ပါတယ်။

ဆမ်ဆောင်းလိုပဲ Huawei ဟာ P စီးရီးအတွက် နှစ်ဝက် flagship တစ်လုံးနဲ့ Mate လိုင်းအတွက် တစ်လုံးရှိနေပါတယ်။ မနှစ်က P10 ကိုကြိုက်ခဲ့သူတစ်ယောက်ဆိုတော့ P20 မှာလည်း ဘယ်လိုတွေလုပ်ထားမလဲဆိုတာ သိချင်မိပါတယ်။ အပေါ်ကပုံကိုအခြေခံပြောရမယ်ဆိုရင် AI နဲ့ ကင်မရာသုံးလုံးကို တွေ့မြင်ရပါတယ်။ ကင်မရာသုံးလုံးကတော့ more ဆိုတဲ့ စကားလုံးလေးကို အခြေခံပြီးတော့ ပြောခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း အရင်ဆောင်းပါးတွေမှာ ပြောခဲ့ပြီးသားပါ။

ပြီးခဲ့တဲ့ရက်တုန်းက Android Central ရဲ့ ရေးသားသူတစ်ယောက်ဖြစ်တဲ့ Alex Dobie က GIF ပုံလေးကို တင်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကင်မရာသုံးလုံးတပ်ဆင်မှုကို စိတ်ဝင်စားအောင် ဆွဲခေါ်လိုက်တာပါ။

Weibo မှာတော့ P20 နဲ့ P20 Plus ရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ သူတို့မှာ ခံ့ညားပြီး ဘောင်နည်းဒီဇိုင်း၊ ထိပ်မှာအဟိုက်လေးနဲ့  တွေ့မြင်ရပါတယ်။ ဘယ်ဘက်က P20 ကတော့ လက်ဗွေစနစ်ကို မျက်နှာပြင်အောက်မှာတွေ့မြင်ရမှာပါ။

 

P20 Pro လို့ခေါ်တဲ့ နောက်ထပ်မော်ဒယ်လ်တစ်ခုရဲ့ အချက်အလက်တွေလည်း ထွက်ပေါ်လာပါတယ်။ သူ့မှာတော့ Kirin 970 SoC ၊ ၆လက်မ FHD+ display ၊ 12MP (color)+16MP (monochrome)+16MP (telephoto) Leica ကင်မရာသုံးလုံး၊ 256GB/8GB မမ်မိုရီနဲ့ သိုလှောင်မှုပမာဏ ၊ 4,000mAh ဘတ်ထရီ ၊ CNY 5,899 (~$930 USD) စတာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ P20 ၊ P20 Plus ၊ P20 Lite တို့ကို တွေ့မြင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

မတ်လကုန်ရောက်ခါနီးရင်တော့ စိတ်ဝင်စားစရာတွေ တွေ့မြင်ရဦးမယ်လို့ ထင်ပါတယ်။ အခုတော့ MWC ကလည်း စိတ်လှုပ်ရှားစရာတွေကို ယူဆောင်လာပေးနေတာမို့ ကျွန်တော်တို့နဲ့အတူ MWC ပွဲက စိတ်လှုပ်ရှားစရာသတင်းတွေကို စောင့်မျှော်ခံစားလိုက်ကြရအောင်လား။