စွမ်းဆောင်ရည်မြင့်မားပြီး အသုံးပြုရလွယ်ကူတဲ့ Yi 4K+ action ကင်မရာ Review

0
1674

Yi Technology ဟာ ကောင်းမွန်တဲ့ မိုဘိုင်းလ်ချိတ်ဆက်မှုတွေနဲ့ တွဲဖက်ထားတဲ့ action ကင်မရာတစ်ချို့ကို ပြုလုပ်ထားပါတယ်။ ဒီကောင်လေးကတော့ အားလုံးထဲမှာအကောင်းဆုံးပါပဲ။

စမတ်ဖုန်းကင်မရာတွေဟာ ပိုကောင်းလာတာမို့ သီးသန့်ထုတ်လုပ်ထားတဲ့ ကင်မရာတွေကို သယ်ဆောင်ခြင်းအလေ့အကျင့်ကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း သင့်ရဲ့ဖုန်းကိုယူမသွားချင်တဲ့အချိန်မျိုးတွေလည်း ရှိတတ်ပါတယ်။

Action ကင်မရာတွေက အရည်အသွေးမြင့် landscape ပုံတွေထုတ်ပေးနိုင်မှာမဟုတ်သလို မင်္ဂလာဆောင်အတွက်လည်း အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တောင်တက်စက်ဘီးစီးတာ၊ ဒိုင်ဗင်ထိုးချတာ၊ ဒီလိုမျိုးအားကစားတွေလုပ်နေတဲ့အချိန်မှာတော့ အလွန်အသုံးဝင်တဲ့ ကင်မရာတွေပဲဖြစ်ပါတယ်။

သင့်ရဲ့ Pixel 2 ကို ဦးထုပ်မှာတပ်ဆင်စရာမလိုပေမယ့် action ကင်မရာကတော့ ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ပါတယ်။ Yi 4K+ ဆိုတဲ့ ဈေးအကြီးဆုံး၊ အကောင်းဆုံး action ကင်မရာလေးကို စမ်းသပ်ကြည့်ခဲ့ပါတယ်။အတော့ကိုကောင်းပါတယ်။

အကြမ်းခံ hardware နဲ့ အမြင့်စားအချက်အလက်များ

60 frames per second (FPS) နဲ့ 4K ဗွီဒီယိုတွေရိုက်ကူးနိုင်တဲ့ စမတ်ဖုန်း ဒါမှမဟုတ် standalone ကင်မရာတွေအတွက် ဈေးကွက်ကတော့ မကျယ်ပြန့်သေးပါဘူး။ ဒီကောင်လေးကတော့ 4K+ ဖြစ်ပြီးတော့ Yi ရဲ့ အခြားသော 4K action ကင်မရာတွေနဲ့ အကြီးမားဆုံးသောခြားနားချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

 

ကောင်းမွန်စွာ တပ်ဆင်မှုတွေကို တွေ့မြင်ရမှာပါ။

စာရွက်ပေါ်ကအချက်အလက်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ သိပ်မရိုးရှင်းပါဘူး။ 4K60 ကိုရိုက်ကူးတဲ့အချိန်မှာလည်း နည်းနည်းပေးဆပ်ရမှာလေးတွေ ရှိပါတယ်။ ပထမဆုံးကတော့ ဘတ်ထရီသက်တမ်းပါ။ ဒုတိယတစ်ခုကတော့ stabilization ဖြစ်ပါတယ်။ ဒီနေရာမှာ OIS မပါဝင်ပါဘူး။ EIS သာပါဝင်ပါတယ်။ ဒါပေမယ့်လည်း 4K60 နဲ့ ရိုက်ကူးမယ်ဆိုရင်တော့ OIS ကို အသုံးပြုခွင့်မရှိပါဘူး။ ဒါကြောင့် လုံးဝကို တည်ငြိမ်မှုခံစားရမှာမဟုတ်ပါဘူး။

  • Lens: 155-degree FOV, f/2.8
  • Sensor 12MP Sony IMX377
  • Video Up to 4K resolution at 60 FPS
  • CPU Quad-core Ambarella H2
  • Display 2.2-inch touchscreen,640×360, 330PPI
  • Connectivity Dual-band Wi-Fi,Bluetooth 4.0, USB-C
  • Stabilization EIS (3-axis gyro and accelerometer)
  • Battery 1200mAh

သူ့ရဲ့ကင်မရာတွေမှာ နောက်ထပ် ဒေါ်လာ၂၀၀ ကုန်ကျမယ့် အထောက်အကူပြုပစ္စည်းလေးတွေလည်း ထုတ်လုပ်ပေးထားပါသေးတယ်။ အသုံးပြုမယ်ဆိုရင်တော့ 60FPS resolution မြင့်မြင့်ဗွီဒီယိုလေးတွေကို ခံစားရမှာပါ။

ကင်မရာချည်းပဲဆိုရင်တောင် hardware ပိုင်းမှာ အတော်လေးကောင်းမွန်တာကို တွေ့မြင်ရပါတယ်။ အကြမ်းခံပလတ်စတစ်ကိုအသုံးပြုထားပြီးတော့ ထိတွေ့ရတာ နူးညံ့နေတာမျိုး မဟုတ်ပါဘူး။ လက်ထဲမှာမြဲနေပါတယ်။ အောက်ဘက်မှာတော့ standard tripod mount လေးကိုတွေ့မြင်ရမှာဖြစ်ပြီး USB-C port လေး ပါဝင်ပါတယ်။ microSD card ကတော့ ဘတ်ထရီတံခါးရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ USB-C port ကတော့ အားသွင်းဖို့အတွက်အသုံးပြုနိုင်ပြီးတော့ external microphone ၊ adapter cable ၊ AV out တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Control လေးတွေကတော့ ရိုးရှင်းပါတယ်။ ခလုတ်ကလည်း တစ်ခုတည်းရှိတာကိုး။ လုပ်သမျှကို အနောက်ဘက်မှာရှိတဲ့ ၂.၂လက်မ touchscreen လေးကို အသုံးပြုပြီး လုပ်ဆောင်ရမှာပါ။ မဆိုးပါဘူး။ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုရိုက်ကူးဖို့လုပ်ဆောင်တဲ့အခါ မိုက်ပါတယ်။ touch တုံ့ပြန်မှုကလည်း ကောင်းမွန်ပါတယ်။

Yi 4K+ မှာ “in-housing” mode ပါဝင်တဲ့အတွက် touch feature တွေကို shutter button ဖိခြင်းအတွက် ပေါင်းစည်းပေးနိုင်ပါတယ်။ ဒါကြောင့် ကင်မရာဟာ ရေစိုခံလေးထဲ ထည့်ထားချိန်မှာ အသုံးပြုရတာ အဆင်ပြေစေပါတယ်။

Yi action ကင်မရာတွေဟာ Android ရော iOS အတွက်ပါထုတ်ပေးထားတဲ့ app လေးနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ကင်မရာမှာလုပ်ချင်သမျှကို app ထဲမှာလုပ်လိုက်ပါ။ setting တွေကိုကစားခြင်းမှအစ white balance ၊ ISO တွေပြောင်းခြင်းအထိ လုပ်ဆောင်နိုင်ပါတယ်။ viewfinder သုံးတာ၊ remote shutter တွေသုံးတာလည်း လုပ်နိုင်ပါတယ်။

အချိန်နည်းနည်းကြာလာတဲ့အခါ ထူးဆန်းတဲ့အခါမျိုးတွေလည်း ဖြစ်လာပါတယ်။ တရုတ်စာတွေပေါ်လာပြီးတော့ ပြောတာမျိုးပေါ့။ ကင်မရာဟာ Bluetooth 4.0 ကို ထောက်ပံ့ပေးထားပေမယ့်လည်း ဒါကို remote shutter အတွက်သာ အသုံးပြုနိုင်ပါတယ်။ ၀ိုင်ဖိုင်အသုံးပြုပြီးတော့ app နဲ့ချိတ်ဆက်ရမှာပါ။

Android  ရဲ့ pre-Oreo version  ကို မောင်းနှင်မယ်ဆိုရင်တော့ 2.4GHz လား 5GHz လားဆိုတာကိုရွေးချယ်နိုင်မှာပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ အချိန်တိုင်းမှာ ပြန်လည်ရွေးချယ်ပေးရမှာပါ။ ဒါပေမယ့် မြန်ဆန်ပါတယ်။

Oreo နဲ့ အားဖြည့်ထားတဲ့ဖုန်းတွေကို အသုံးပြုထားမယ်ဆိုရင်တော့ အင်တာနက်မရှိတဲ့ ၀ိုင်ဖိုင်ချိတ်ဆက်မှုနဲ့ ချိတ်ဆက်ဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော့ရဲ့ Pixel 2 မှာ notification icon ပျောက်နေပါတယ်။ ဒီအချက်ကို လက်မခံဘူးဆိုရင်တော့ သင့်ကင်မရာနဲ့ ချိတ်ဆက်မိမှာမဟုတ်ပါဘူး။

ဓါတ်ပုံနဲ့ ဗွီဒိယိုတွေရိုက်ကူးပြီးတာနဲ့ companion app ကို ဖုန်းဆီကိုကြိုးမဲ့ပြောင်းပေးနိုင်အောင် အသုံးပြုနိုင်ပါတယ်။ အရည်အသွေးနိမ့် preview ဒါမှမဟုတ် မူရင်းဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပြီး နည်းနည်းတော့ အားနည်းချက်လေးရှိပါတယ်။ အဲဒီလိုကြိုးမဲ့ကူးပြောင်းမယ်ဆိုရင်တော့ ဘတ်ထရီကမြန်မြန်ဒေါင်းမှာပါ။

Performance

Stabilization ကန့်သတ်ထားခြင်းအပြင် 4K60 ရိုက်ကူးရတာ အဆင်ပြေပါတယ်။ 4K နဲ့ ရိုက်ကူးတဲ့အခါမှာ နည်းနည်းလေးအရောင်ရင့်ပါတယ်။ ဒါဟာဆိုးဆိုးရွားရွားကြီးမဟုတ်ပါဘူး။ ပြီးတော့ ဘတ်ထရီအပို နှစ်ခုလောက်တော့ ၀ယ်ထားရမှာပါ။

wide-angle effect အသုံးပြုခွင့်ကိုတော့ ကန့်သတ်ထားခြင်းမရှိပါဘူး။ အဲဒီကင်မရာမှာ သူ့ကိုပိုမိုကောင်းမွန်စေတဲ့ Mode တစ်ခုရှိပါတယ်။ ဒါပေမယ့်လည်း ဒီကင်မရာကို ဖုန်းနဲ့ယှဉ်ပြီး ပိုကြိုက်သွားတဲ့အချက်တစ်ခုကတော့ wide-angle ကြောင့်ပါပဲ။ ရှင်းရှင်းပြောရမယ်ဆိုရင် ဓါတ်ပုံတွေကတော့ ဖုန်းနဲ့ရိုက်တာလောက် မကောင်းပါဘူး။

wide-angle နဲ့ ရိုက်ထားတဲ့နမူနာပုံတွေကို ကြည့်လိုက်ပါဦး။

ဗွီဒီယိုအရည်အသွေးကတော့ ထူးခြားကောင်းမွန်ပါတယ်။ မှတ်ထားရမယ့်အရာလေးတွေကတော့ ရှိပါတယ်။ internal microphone ကတော့ အသုံးပြုနိုင်ပေမယ့်လည်း ရလဒ်ကောင်းကောင်းရချင်တယ်ဆိုရင်တော့ external ကိုအသုံးပြုတာကောင်းပါလိမ့်မယ်။ external microphone ကို အသုံးပြုချင်ဆိုရင်တော့ ကင်မရာဝိုင်ဖိုင်ကိုဖွင့်ထားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် အသံပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွားဖြစ်စေမယ့် ကြားဖြတ်အသံတွေ ၀င်လာပါလိမ့်မယ်။ ဒါကြောင့် external microphone ကို အသုံးပြုနေတဲ့အချိန်မှာ ဖုန်းနဲ့ထိန်းချုပ်တာမျိုး မလုပ်နိုင်ဘူးလို့ ပြောချင်တာပါ။

စိတ်ပျက်စေမယ့် အကြောင်းအရာနည်းနည်းလေးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အရည်အသွေးကတော့ သူ့ဟာနဲ့သူ ကောင်းတယ်လို့ဆိုရမှာပါ။ ကင်မရာအသေးစားအတွက်တော့ ဒီလောက်အခြေအနေဟာ ကောင်းတယ်လို့ မြင်မိပါတယ်။ ကျွန်တော်ဟာ ဒိုင်ဗင်သမားတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းပတမ်းအားကစားလုပ်တဲ့အချိန်မှာ ကင်မရာလေးကို ချိတ်ပြီးသွားချင်ပါတယ်။

timelapse mode ကို အသုံးပြုနိုင်ပြီးတော့ အချိန်ကြာကြာရိုက်ဖို့စိတ်ကူးထားရင်တော့ ဘတ်ထရီအပိုတွေ ဘေးမှာထားဖို့လိုပါလိမ့်မယ်။

ထည့်သွင်းစဉ်းစားရမယ့်အချက်များ

GoPro ကတော့ action ကင်မရာတွေအတွက် default လိုကိုဖြစ်နေပါတယ်။ ဒါပေမယ့် Yi 4K+ ကိုစမ်းသပ်ခဲ့ပါတယ်။ အချက်အလက်ကောင်းကောင်းတွေကို သင့်တင့်စွာတပ်ဆင်ထားခြင်း၊ ဖုန်းနဲ့ချိတ်ဆက်နိုင်တဲ့ companion app ကောင်းကောင်းပါဝင်ခြင်း၊ ဈေးနှုန်း စတာတွေကို သတိပြုမိခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့အနေအထားမဟုတ်သေးပေမယ့်လည်း external microphone အသုံးပြုမှုကတော့ ရူးချင်စရာပါပဲ။ ဒီကိစ္စကို ဘယ်သူကမှဖြေရှင်းပေးထားတာမျိုး မရှိသေးပါဘူး။

ထွက်လာတဲ့ဗွီဒိယို အရည်အသွေး၊ ကောင်းမွန်သော display ၊ ဘတ်ထရီသက်တမ်းတွေကတော့ ထည့်သွင်းစဉ်းစားဖို့ ကောင်းမွန်တဲ့အချက်တွေဖြစ်ပါတယ်။ ရိုက်ကူးလို့ကောင်းတဲ့ ကင်မရာအသေးစားလေးတစ်လုံး ဖြစ်ပါတယ်။ ဆက်စပ်ပစ္စည်းလေးတွေလည်း ရနိုင်ပါသေးတယ်။ external microphone အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေမျိုးပေါ့။

Amazon ပေါ်မှာလည်း ရနိုင်နေပါပြီ။ ဒီကောင်လေးနဲ့ စမ်းသုံးနေတဲ့အချိန်မှာတောင် အခွင့်အရေးတွေ သုံးကြိမ်ပေးပြီးသွားပါပြီ။ $299 RRP နဲ့ ရနိုင်ပါပြီ။ ဖုန်းနဲ့ချိတ်ဆက်နိုင်တဲ့ companion app ပါဝင်တဲ့ အရည်အသွေးမြင့် action ကင်မရာလေးကို လိုချင်တယ်ဆိုရင်တော့ သုံးကြည့်သင့်ပါတယ်။