Trending

MS Word ကို ကျောက်သင်ပုန်းမှာမြေဖြူနဲ့ဆွဲပြီးသင်ပြခဲ့တဲ့ ကျောင်းဆရာ

Ghana မှာရှိတဲ့ဆရာတစ်ယောက်က မြေဖြူနဲ့ သူ့ရဲ့ကျောင်းသားတွေကို MS Word ဘယ်လိုသုံးရသလဲဆိုတာ သင်ကြားနေတဲ့ ဖေ့စ်ဘွတ်သတင်းလေးက အတော်လေးပျံ့နှံ့သွားခဲ့ပါတယ်။

ဆရာရဲ့စိတ်ထားနဲ့ လုပ်ရပ်ကို လေးစားတဲ့လူတွေက ချီးကျူးဂုဏ်ပြုကြသလို စာသင်ခန်းထဲမှာ အသုံးပြုခွင့်မရတဲ့ ကွန်ပျူတာကို သင်ကြားပေးနေတဲ့ ဆရာ့အတွက် ဒေါသတွေထွက်၊ မကျေမနပ်ဖြစ်ပေးနေတဲ့သူတွေလည်း ရှိကြပါတယ်။

Owura Kwadwo ကတော့ Ghana ၊ Kumasi မှာ ICT (Information and Communications Technology) ကို သင်ကြားသူဖြစ်ပြီးတော့ ကျောင်းမှာတုန်းက visual arts ကို လေ့လာခဲ့သူတစ်ယောက်ပါ။ ဒီလိုအသိပညာတွေက သူ့ရဲ့စာသင်ကြားမှုကို အထောက်အပံ့ပေးနေခြင်း ဖြစ်ပါတယ်။ Bored Panda က Kwadwo ကို အင်တာဗျူးလုပ်တဲ့အချိန်မှာ အခုပျံ့နှံ့နေတဲ့ပို့စ်ကြောင့်မို့ လက်ပ်တော့တွေ၊ ပရိုဂျက်တွေ လှူဒါန်းလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီလိုကိစ္စတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းတွေအများကြီးပဲရှိပါတယ်” လို့ Bored Panda ကို ပြောခဲ့ပါတယ်။ “ကျွန်တော့အနေနဲ့ သူတို့ကို ကူညီချင်ပြီးတော့ လှူဒါန်းမှုအချို့ကိုလည်း သူတို့ကို ဝေမျှပေးချင်ပါတယ်။ ဒါမှလည်း ICT ကိုသင်ကြားခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူတို့ခံစားနိုင်မှာပါ။”

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org