The Matrix ကားထဲက iconic 8810 ဖုန်းကို ကိုင်ရသလိုခံစားရမယ့် Nokia 8810

0
1064

တချို့လူတွေကတော့ ရိုးရိုးရှင်းရှင်း၊ screen မှာ ၂၄နာရီဒုက္ခပေးနေတဲ့ app တွေများပြားနေတဲ့ စမတ်ဖုန်းတွေကို မလိုချင်တော့ဘဲ The Matrix ထဲမှာအသုံးပြုထားတဲ့ Neo လိုမျိုးကို ကိုင်ချင်လာကြပါတယ်။ ဒါကြောင့် sci-fi film ထဲမှာမြင်ခဲ့တဲ့ iconic 8810 ရဲ့ ဗားရှင်းအသစ်ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီနှစ်ရဲ့ Mobile World Congress မှာတော့ HMD Global ဟာ app အချို့ကို ဒေါင်းလုတ်လုပ်ခွင့်နဲ့ 4G ကွန်ရက်တွေနဲ့အတူ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Matrix ထဲက သွင်ပြင်ကြောင့် သူ့ကိုသိနေကြမှာပါ။ Nokia 8810 ကတော့ ထုတ်လုပ်ထားသမျှကထဲမှာ ပုံတုံးကြီးဖြစ်နေပါတယ်။ အခုအချိန်မှာ အနက်ရောင်နဲ့ ပြန်လည်ထွက်ပေါ်လာသလို ငှက်ပျောဝါရောင်နဲ့လည်း တွေ့မြင်ရမှာပါ။ သူ့ကိုတော့ Qualcomm chip နဲ့ အားဖြည့်ထားပြီးတော့ လျှောဖွင့်ရတဲ့ဒီဇိုင်း၊ ၂.၄လက်မ မျက်နှာပြင် ၊ VoLTE ခေါ်ဆိုမှု၊ Wifi hotspot ၊ Assistant ၊ Maps နဲ့ Search တို့လို Google app တွေလည်း ပါဝင်ပါတယ်။ ပြီးတော့ Snake ဂိမ်းလေးလည်း ပါဝင်ပါတယ်။ ဘတ်ထရီကတော့ ၂၅ရက်အထိ ခံမှာဖြစ်တဲ့အတွက် အေးဆေးသုံးနိုင်ပြီပေါ့။ လောင်းကုတ်ကြီးဝတ်ပြီးတော့ ဖုန်းကို အိတ်ထောင်ထဲထည့်ပြီး အထာကျကျ သွားလာလိုက်ရအောင်။