Snapdragon 835 ကို အသုံးပြုထားတဲ့ Hp ရဲ့ Envy X2 2-in-1 notebook

0
400

HP ဟာ သူ့ရဲ့ Envy X2 2-in-1 notebook ကို Qualcomm ရဲ့ Snapdragon 835 SoC နဲ့ Windows 10 S ကို အသုံးပြုပြီးတော့ ထုတ်လုပ်သွားမှာပါ။ ကြိုတင်အော်ဒါများလည်း လက်ခံနေပါပြီ။ ၁၂.၃လက်မရှီတဲ့ အဲဒီ notebook လေးကတော့ တစ်ခါအားသွင်းထားပြီးရင် ၂၂နာရီလောက်အထိ ခံမှာပါ။ ဈေးနှုန်းကတော့ ကျွန်တော်တို့ထင်ထားတာထက် ပိုဈေးကြီးပါတယ်။ ဒေါ်လာ၉၉၉ နဲ့ စတင်မှာပါ။

2018 HP Envy X2 2-in-1 detachable laptop ကတော့ 12.3” WUXGA+ touch-enabled display ၊ Corning Gorilla Glass နဲ့ ထွက်ပေါ်လာတာပါ။ Qualcomm Snapdragon 835 SoC ၊ 4 GB LPDDR4-3733 DRAM ၊ 128 GB eUFS storage တို့ကိုလည်း အသုံးပြုထားပါတယ်။ physical USB 3.1 Type-C header တစ်ခု၊ microSD card reader ၊ 3.5-mm TRRS audio input တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Wireless ချိတ်ဆက်မှုအပိုင်းမှာလည်း 2×2 802.11ac Wi-Fi module ကို Bluetooth 5 ၊ built in Gigabit LTE modem ကို SoC ကနေ အသုံးပြုထားပါတယ်။ built-in SoC modem ဆိုတာကတော့ Envy X2 ရဲ့ feature တစ်ခုဖြစ်ပြီး 3G ၊ 4G network တွေကို ချိတ်ဆက်နိုင်စေမှာပါ။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံရဲ့ နေရာတိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံအပိုင်းမှာဆိုရင်တော့ 13 MP အနောက်ကင်မရာ၊ 5 MP အရှေ့ကင်မရာကို တွေ့မြင်ရမှာပါ။

Envy X2 မှာ 49.33 Wh ဘတ်ထရီကို အသုံးပြုထားတဲ့အတွက်ကြောင့် ဗွီဒီယိုကြည့်မယ်ဆိုရင် ၁၉နာရီကြည့်နိုင်မှာဖြစ်သလို၊ ဟိုသုံးဒီသုံးလုပ်မယ်ဆိုရင်တော့ ၂၂နာရီ ကြာမှာပါ။

ပေါ့ပါးလွယ်ကူမှုနဲ့ပတ်သတ်ပြီးတော့ ပြောရမယ်ဆိုရင် HP Envy X2 ဟာ ပရော်ဖက်ရှင်နယ်တက်ဘက်တွေနဲ့ ပါးလွှာပေါ့ပါးတဲ့ notebook တွေနဲ့ တစ်သားတည်းပါပဲ။ တက်ဘလက်ဟာ 6.85 mm ထူပြီးတော့ အလေးချိန်ကတော့ 698.5 grams (1.54 lbs) ဖြစ်ပါတယ်။ Apple iPad Pro 12.9” နဲ့တောင် ယှဉ်နိုင်ပါတယ် ။ကီးဘုတ်လေးနဲ့ဆိုရင်တော့ Envy X2 ဟာ 1.211 kilograms (2.67 lbs) အထိ လေးနိုင်ပြီးတော့ ၁၃လက်မ  တန်း လက်ပ်တော့တွေလောက် ဖြစ်သွားပါတယ်။

S835 ကို 2.2 GHz base ၊ 2.6 GHz turbo မှာ run ထားတာမို့ smartphone SoC မဟုတ်ဘဲ  x86 PC အနေနဲ့ မြင်ရမှာပါ။ S835 မှာ core နှစ်ခုရှိပါတယ်။ efficiency အတွက် 1.90 GHz ဖြစ်ပြီးတော့ performance အတွက်ကတော့ 2.45 GHz ကို အသုံးပြုထားပါတယ်။ မြန်ဆန်တဲ့ Snapdragon S835 bin ဖြစ်မလား၊ အချက်အလက်စာရွက်ကများ နားလည်မှုလွဲနေတာလားဆိုတာ ဝေခွဲမရပါဘူး။ ဘတ်ထရီကတော့ အတော်လေးကောင်းမွန်နေပါတယ်။ ဒါပေမယ့်လည်း 2.2-2.6 GHz ကတော့ အပြည့်အစုံကို ပြောမပြနိုင်ပါဘူး။

Specifications of the HP Envy X2 (2018)
Model 12-e011nr
Display 12.3″
1920×1280
187 PPI
CPU Qualcomm Snapdragon 835
4 x Kryo 280 Performance (2.2 GHz – 2.6 GHz)
4 x Kryo Efficiency (? GHz)
Graphics Adreno 540 GPU at 710 MHz
RAM 4 GB
Storage 128 GB eUFS
Wi-Fi Qualcomm WCN3990
2×2 802.11ac Wi-Fi
Bluetooth Bluetooth 5
WWAN Qualcomm X16 Gigabit LTE
USB 3.0 1 × Type-C
Cameras Front 5 MP
Rear 13 MP
Other I/O Microphone, stereo speakers, audio jack, trackpad, MicroSD card reader, etc.
Battery 49.33 Wh
Battery Life 19-22 hours
Dimensions Width 292.8 mm | 11.53″
Height 210.3 mm | 8.28″
Thickness 6.85 mm | 0.27” (tablet only)
Weight Tablet 698.5 grams | 1.54 lbs
Tablet+KB 1.211 kilograms | 2.67 lbs

 

အခြားသော Enby brand ပစ္စည်းတွေလိုပဲ Envy X2 ဟာ ပရီမီယမ်အတွက် ထုတ်လုပ်ထားပါတယ်။ aluminum နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီးတော့ audio sub-system တွေကိုလည်း Bang & Olufsen နဲ့ ပူးပေါင်းလုပ်ဆောင်ထားပါတယ်။ ကီးဘုတ်ကိုလည်း သံလိုက်အားအသုံးပြုပြီးတော့ တပ်ဆင်ထားပါတယ်။ stylus ကိုလည်း Windows Ink နည်းပညာအတွက် ထောက်ပံ့ထားပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ sensitivity 1024 levels ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် HP ကတော့ အတည်မပြုထားပါဘူး။ ပရီမီယမ်သွင်ပြင်နဲ့ ခံစားမှုတွေနောက်မှာ ဈေးနှုန်းကပ်ပါလာပါတယ်။

Envy X2 မော်ဒယ်လ်မှာတော့ 4 GB RAM နဲ့ 128 GB NAND flash storage ဆိုရင် $999.99 ကုန်ကျမှာဖြစ်ပြီးတော့ မတ်လ၉ရက်နေ့မှာ ဖြန့်ချိမှာပါ။ ASUS NovaGo TP370 မော်ဒယ်လ် 8 GB RAM နဲ့ 128 GB storage ကတော့ $799 ဖြစ်ပါတယ်။ Lenovo ရဲ့ Miix 630 ကတော့ $799 ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ Apple ရဲ့ iPad Pro 12.9” မော်ဒယ်လ် 4 GB RAM ၊ 64 GB storage ၊ 4G/LTE modem ၊ keyboard  တွေကတော့ $1197 (256 GB of NAND ၊ keyboard ၊ stylus ပါမယ်ဆိုရင်တော့ $1347) ဖြစ်ပါတယ်။ ဒါကြောင့် Envy X2 ဟာလည်း အဲဒီနေရာမှာ တစ်သားတည်းရှိနေပါတယ်။

HP Envy X2 ကတော့ Microsoft ရဲ့ full-sized Windows နဲ့ ARM အတွက် ကြိုးပမ်းမှုအသစ်တစ်ရပ် ဖြစ်ပါတယ်။ HP အတွက်ကတော့ ARM SoC နဲ့ Windows တွေအသုံးပြုထားတဲ့ ပထမဆုံးသောထုတ်ကုန်လေး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက HP ဟာ Microsoft ရဲ့ Windows RT ကို ထောက်ပံ့ပေးခြင်းမရှိသလို Atom ကို အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး Core M အခြေပြု Envy X2 ကို Windows 8/8.1/10ပေါ်မှာ run ဖို့လုပ်ဆောင်ပါတယ်။

S835 နဲ့ always-connected Windows 10 ၊ ဘတ်ထရီသက်တမ်းကြာရှည်မှုတွကို ပေးအပ်ဖို့အတွက် ဒီတစ်ကြိမ်မှာတော့ ဆုံးဖြတ်ချက်ချလိုက်ဟန်တူပါတယ်။ Envy ဖြစ်တာမို့ သူ့ရဲ့ဈေးနှုန်းကလည်း သုံးစွဲသူတွေအနေနဲ့ တန်ဖိုးကြီးမယ်လို့ မျှော်လင့်ထားရမှာ ကျိန်းသေပါပဲ။ Envy X2 အသစ်ဟာ always connected ဖြစ်ပြီးတော့ တစ်ကြိမ်အားသွင်းပြီးရင် အချိန်အကြာကြီး အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ Windows 10 S environment ကတော့ သီးသန့်ထုတ်ထားတဲ့ application တွေမှာသာ အသုံးပြုနိုင်ပါသေးတယ်။ နောက်ပြီး 32-bit x86 applications တွေအတွက် binary translation လုပ်ဆောင်ခြင်း တွေကလည်း performance ပိုင်းကို ထိခိုက်နိုင်ပါတယ်။