MWC 2018 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အကြမ်းခံဖုန်း CAT S61

0
1639

CAT ဆိုတဲ့နာမည်ကတော့ အကြမ်းခံမှုနဲ့ဆက်စပ်နေပါတယ်။ ၂၀၁၂ခုနှစ်ကစလို့ အကြမ်းခံဖုန်းတွေကို ပြောပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ CAT ဖုန်းကို Zack Nelson ရဲ့ Durability Test နဲ့တွဲဖက်မြင်တွေ့ရမှာပါ။ CAT S41 ဟာ ခြစ်ခဲ့၊ မီးလောင်ခဲ့၊ ကွေးခဲ့ပေမယ့်လည်း တောင့်ခံနိုင်ပါတယ်။ အကြမ်းသုံးအတွက် တကယ့်ကိုအဆင်သင့်ဖြစ်နေပြီး CAT S61 ကို လေ့လာကြည့်သင့်တဲ့အချိန်ပါပဲ။ ကမ္ဘာ့ပထမဆုံးသော အပူထုတ်ပြီးတည်နေရာရှာနိုင်တဲ့ စမတ်ဖုန်းဖြစ်ခဲ့တဲ့ CAT S60 ရဲ့နောက်ထွက်ဖြစ်ပါတယ်။

CAT S61 ကတော့ Cat ရဲ့ နောက်ဆုံးထွက် flagship ဖုန်းဖြစ်ပါတယ်။ သူ့ကို နောက်တစ်ပတ်မှာ စတင်တော့မယ့် Mobile World Congress မှာ ပြသပေးသွားမှာပါ။ FLIR thermal imaging  ကို ဆက်လက်အသုံးပြုထားပြီး indoor air quality sensor ၊ built-in laser assisted distance စတာတွေနဲ့ အဆင့်မြှင့်တင်ထားပါတယ်။ အပူချိန် ၄၀၀ ဒီဂရီဆဲဆီးယပ်စ်အထိ ခံနိုင်ရည်ရှိပါတယ်။ VGA  ကင်မရာအစား HD preview ကိုပေးနိုင်ပါပြီ။

စပယ်ရှယ်လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်လာရင် အပူချိန်စောင့်ကြည့်ခြင်း၊ အဖုအထစ်တွေ၊ vehicle diagnostics စတာတွေလည်း ပါဝင်ပါသေးတယ်။ ဒီဖုန်းက ဘာလုပ်နိုင်သေးသလဲဆိုတာ အများစုကတော့ နားမလည်ကြပါဘူး။ ဒါပေမယ့် လုပ်ငန်းသုံးအတွက် အဆင်ပြေမယ်ဆိုတာကတော့ သိကြပါတယ်။ ဈေးကွက်ကတော့ ဒါပါပဲ။ သူဟာ အကြမ်းခံဖုန်းတင်မဟုတ်ပါဘူး။ မျက်လုံးနဲ့မြင်နိုင်တာထက် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။

Cat S61 ဟာ Sensirion alert နဲ့ အိမ်တွင်းလေအရည်အသွေးကို စစ်ဆေးနိုင်ပါတယ်။ အဲဒီဖုန်းဟာ live stream thermal imaging ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ thermal imaging feature ကို ထောက်ပံ့မှုတွေ ပိုမိုရနိုင်ဖို့ Community Forum ၊ on-device Tips နဲ့ Tricks တို့မှာ ကြည့်နိုင်ပါတယ်။

Cat S61 ရဲ့ အချက်အလက်တွေနဲ့ feature တွေကို ပြောပြရမယ်ဆိုတော့ 5.2-inch FHD screen ၊ Gorilla Glass 5 protection ၊ IP68 rating ၊ MIL Spec 810G standard ၊ laser assisted distance measurement ၊ aluminium reinforced die-cast frame ၊ 2.2GHz Octa-core Qualcomm Snapdragon 630 processor ၊ 4GB RAM ၊ 64GB onboard storage ၊ Quick Charge 4.0 နည်းပညာနဲ့ 4500mAh ဘတ်ထရီ၊ အနောက်ကင်မရာ 16MP ၊ အရှေ့ကင်မရာ 8MP တို့ဖြစ်ပါတယ်။ ဖုန်းမှာ Android Oreo ကို ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကတော့ €899/£799 အဖြစ် သတ်မှတ်ထားပြီး ဈေးကွက်တချို့မှာ စတင်ရောင်းချတော့မှာပါ။