Mate 10 Pro နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကိုထုတ်လုပ်မယ့် Huawei

0
1614

Android Auto နဲ့ CarPlay တို့လို smart dashboard နဲ့ automotive platform တွေဟာ လုပ်ငန်းတွေရဲ့ ရာခိုင်နှုန်းအတော်များများကို နေရာယူထားတာမဟုတ်ပေမယ့်လည်း အတော်လေးပြိုင်ဆိုင်နေတာတော့ ငြင်းမရပါဘူး။ Android Auto ကလည်း major update တွေပေးနေသလို သူ့ကိုအခြေခံထားတဲ့ကားတွေကို မမြင်ရတာလည်း ကြာပါပြီ။ Huawei ဟာ AI ကို မိတ်ဆက်ရင်းနဲ့ ဒီနယ်ပယ်ထဲကို ၀င်ရောက်လာပါတယ်။ Huawei ဟာ ကားကိုမောင်းနှင်ဖို့အတွက် AI စွမ်းအားသုံးစမတ်ဖုန်းကို ကမ္ဘာ့ပထမဆုံး ပြသတော့မှာပါ။

လုံးဝမောင်းသူမဲ့ပုံစံမဟုတ်သေးပေမယ့်လည်း ကားကိုဖုန်းနဲ့ထိန်းချုပ်နိုင်တဲ့concept ကို ပြသခဲ့တာပါ။ ရီမုတစ်ခုလို့ တင်စားမလား။ အဲလိုမျိုးပါပဲ။ မောင်းသူမဲ့ကားတွေကို Google က စီမံကိန်းချထားပြီးတော့ brand အတော်များများ၊ ထုတ်လုပ်သူအတော်များများကလည်း လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် ဖြစ်လာဖို့ကတော့ အချိန်စောင့်ရဦးမှာပါ။

Huawei ကတော့ သူ့ရဲ့ ‘RoadReader’ ပရောဂျက်လေးကို မိတ်ဆက်လိုက်ပါပြီ။ သူ့ရဲ့ရည်ရယ်ချက်ကတော့ object recognition နည်းပညာ၊ AI စွမ်းအားသုံးပစ္စည်းတွေ၊ လုပ်ဆောင်ချက်၊အမြန်နှုန်း၊ သင်ယူမှုစွမ်းရည် စတာတွေကို စနစ်တကျပေါင်းစည်းအသုံးပြုဖို့ပါ။

Huawei ရဲ့ လုပ်ဆောင်အားနဲ့ နည်းပညာတွေပေါင်းစပ်ထားတဲ့ Porsche Panamera လေးကိုကြည့်ပြီး ခံစားကြည့်လိုက်ပါဦး။

ဒီလို မောင်းသူမဲ့ AI ဒါမှမဟုတ် ပိုကောင်းတဲ့အရာအဖြစ်လုပ်ဆောင်ခြင်းက အရာဝတ္ထုတွေကို တစ်ခုနဲ့တစ်ခု ကွဲကွဲပြားပြားသိစေပါတယ်။ အတားအဆီးတွေလိုမမြင်ဘဲနဲ့ သူတို့ကိုသိရှိနိုင်ပြီးတော့ ပိုမိုသင့်လျော်တဲ့ ရွေ့လျားမှုတွေ၊ လုပ်ဆောင်ချက်တွေ ဖြစ်စေပါတယ်။

AI feature တွေရှိတဲ့ Huawei Mate 10 Pro ကို အသုံးပြုထားတာပါ။ ‘RoadReader’ ပရောဂျက်ကတော့ အစောပိုင်းအဆင့်မှာရှိနေပြီးတော့ အလားအလာရှိတယ်လို့ ယုံကြည်ပါတယ်။ အခြားသောဖုန်းထုတ်လုပ်သူတွေနဲ့ ကားထုတ်လုပ်သူတွေကလည်း နောက်ကလိုက်လုပ်မယ်ဆိုရင်တော့ အံ့သြမှမဟုတ်ပါဘူး။ ဒီတော့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်။