၂၀၂၁ မှာ launch လုပ်သွားမယ့် မြန်နှုန်းမြင့်ပို့ဆောင်ရေးစနစ် Hyperloop ကို အိန္ဒိယတွင်စမ်းသပ်မည်

0
393

Sir Richard Branson ဟာ မြန်နှုန်းမြင့် hyperloop ပို့ဆောင်ရေးစနစ်ကို အိန္ဒိယနိုင်ငံထံ ယူဆောင်ပေးဖို့ စီစဉ်နေပါတယ်။ Virgin Hyperloop One ကတော့ ၂၀၂၁မှာ launch လုပ်မယ့် သူရဲ့နည်းပညာကို နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ အိန္ဒိယနိုင်ငံကို စမ်းသပ်မှာပါ။

Hyperloop စနစ်ကတော့ ခရီးသည်တွေကို Pune ရဲ့ city centre ကနေ Navi Mumbai International Airport ကို ၂၅မိနစ်နဲ့ ပို့ဆောင်ပေးမှာပါ။ လက်ရှိကြာချိန်ထက် သုံးနာရီလောက် လျှော့နည်းသွားပါတယ်။ ပြီးသွားပြီဆိုရင်တော့ Hyperloop ဟာ နှစ်တိုင်းမှာ ခရီးသည်ပါတဲ့လမ်းကြောင်းပေါင်း ၁၅၀မီလျံလောက် ပြေးဆွဲသွားမှာပါ။ Sir Richard Branson ကတော့ ၂၀ရာစုနှစ်တုန်းက ရေနွေးငွေ့ရထားတွေမိတ်ဆက်တဲ့ခေတ်လိုမျိုး ပရောဂျက်တွေကို ကြိုက်နှစ်သက်သူပါ။

ဒီစနစ်ဟာ သီအိုရီအရတော့ တစ်နာရီကို မိုင်ပေါင်း၆၇၀ ရောက်နိုင်ပြီးတော့ လေ၊ ရေဒဏ်တွေကိုလည်း စိတ်ချရပါတယ်။ Hyperloop ရဲ့ အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို ၂၂၀ မိုင် ဖြစ်ပါတယ်။

Sir Richard Branson ရဲ့ Virgin Hyperloop One ကိုတော့ အိန္ဒိယလို နိုင်ငံမှာ ၂၅မိနစ်တည်းနဲ့ Pune ကနေ Mumbai ကို ပို့ဆောင်ပေးဖို့ အသုံးပြုမှာဖြစ်ပါတယ်။Hyperloop လမ်းကြောင်းကတော့ central Pune ကို ချိတ်ထားမှာဖြစ်ပြီးတော့ Navi Mumbai International Airport အသစ်နဲ့ Mumbai ကို ၂၅မိနစ်နဲ့ရောက်နိုင်တာမို့ လူပေါင်း ၂၆မီလျံကို အဆက်အသွယ်ပြုလုပ်နိုင်မှာပါ။

Virgin Hyperloop One နဲ့ အိန္ဒိယရဲ့ကြားက သဘောတူညီမှုကိုတော့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။တည်ဆောက်မှုတွေကိုတော့ စတင်တော့မှာဖြစ်ပြီး နောက်ထပ် ၂နှစ်၊ ၃နှစ်မှာ ပြီးမှာဖြစ်ပါတယ်။ဒီလုပ်ဆောင်ချက်ကတော့ စီးပွားရေးလည်ပတ်နိုင်စေဖို့အတွက် စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ လည်ပတ်သုံးစွဲကြည့်ခြင်းတွေ လုပ်ဆောင်ကြည့်တာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ Pune-Mumbai လမ်းကြောင်းအပြည့် တည်ဆောက်မှုအပြီးလုပ်သွားမှာဖြစ်ပြီး ၅နှစ်ကနေ ၇နှစ်အထိ လျာထားပါတယ်။

Mumbai မှာကျင်းပမယ့် Magnetic Maharashtra Convergence 2018 ကို Branson လာရောက်စဉ်က လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

Hyperloop ကတော့ အလှမ်းကွာတဲ့နေရာတွေကို တစ်နာရီ မိုင်၇၀၀ နဲ့ ပို့ဆောင်ပေးနိုင်တဲ့အထိ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

၂၀၁၃ခုနှစ်မှာ Elon Musk က တစ်နာရီကို မိုင်၃၈၀ နှုန်းနဲ့ LA ကနေ San Francisco ကို မိနစ်၃၀နဲ့ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ပြသခဲ့ဖူးပါတယ်။ ဒီအချိန်က လေယာဉ်ရဲ့ကြာချိန် တစ်ဝက်သာရှိပါတယ်။

လေကိုဖယ်ထုတ်ပြီးတော့ လေဟာနယ်ဖန်တီးဖို့အတွက် ပြွန်အရှည်ကြီးဖြစ်ပါတယ်။

အဲဒီပြွန်ကိုတော့ မြေပြင်ကနေ ခွာထားပြီးတော့ ရာသီဥတုနဲ့ ငလျင်ဒဏ်တွေကနေ ကာကွယ်ထားပါတယ်။

Elon Musk ၊ Hyperloop Transportation နည်းပညာ၊ Hyperloop Transportation တို့အပါအ၀င် များစွာသောလုပ်ငန်းတွေဟာ ဒီနည်းပညာကို လက်တွေ့ဖြစ်လာအောင် ကြိုးပမ်းနေကြပါတယ်။

လုပ်ငန်းများစွာက Hyperloop ကို ပထမဆုံးဖန်တီးနိုင်တဲ့သူဖြစ်အောင် ကြိုးစားနေကြတာမို့ Elon Musk ရဲ့ တစ်နာရီကို ၇၀မိုင်နဲ့ပို့ဆောင်နိုင်မယ်ဆိုတဲ့ စိတ်ကူးဟာ တကယ်ဖြစ်လာဖို့ နီးသထက်နီးလာပါပြီ။

Richard Branson ဟာ တနင်္ဂနွေနေ့မှာ Mumbai ကိုရောက်ရှိပြီး 2018 Magnetic Maharashtra event ရဲ့တစိတ်တပိုင်းအနေနဲ့ hyperloop ကို ပြေးဆွဲရေးအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Virgin Hyperloop One ဟာ ဒီဇင်ဘာ ၂၀၁၇ မှာလည်း သူ့ရဲ့ခေတ်လွန်စနစ်တစ်ခုနဲ့ အမြန်နှုန်းအသစ်တစ်ခုကို စံချိန်တင်နိုင်ခဲ့ပါတယ်။ Virgin Group Founder Branson ဟာ လမ်းကြောင်းသတ်မှတ်ပြီးတော့ ပြေးဆွဲရေးအတွက် တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

Indian Prime Minister Narendra Modi ၊ Chief Minister of Maharashtra ၊ Devendra Fadnavis တို့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“Virgin Hyperloop One ဟာ ၂၀ရာစုနှစ်မှာ မီးရထားတွေထွက်ပေါ်လာပြီး အိန္ဒိယကို ပြောင်းလဲစေခဲ့သလို ၂၁ရာစုမှာလည်း အဲဒီလိုမျိုးပြောင်းလဲစေနိုင်မယ်လို့ ယုံကြည်မိပါတယ်” လို့ Sir Richard က ပြောထားပါတယ်။

Pune-Mumbai လမ်းကြောင်းကတော့ အိန္ဒိယရဲ့ အဓိကမြို့ကြီးများကို ၂နာရီနဲ့ပြေးဆွဲနိုင်ဖို့အတွက် ကနဦးစတင်ခြင်းပဲ ဖြစ်ပါတယ်။

 

ပုံမှာမြင်ရတာကတော့ Virgin Hyperloop One အမြန်နှုန်းစမ်းသပ်ခဲ့တဲ့ Nevada ရဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလတုန်းက Caspian Venture Capital နဲ့ DP World တို့ရဲ့ ရင်းနှီးငွေ ဒေါ်လာ၅၀မီလျံနဲ့ Virgin Hyperloop One ရဲ့ ၂၀၁၄ ခုနှစ်ကတည်းကစပြီး အခုအချိန်အထိ ဒေါ်လာ ၂၉၅မီလျံတို့ပေါင်းစပ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

Nevada ၊ Las Vegas မှာ ၂၀၁၇ ဂျူလိုင်၁၂ က ပထမဆုံး ပြသခဲ့တဲ့ Hyperloop One Pod ရဲ့ prototype

“Virgin Hyperloop One ဟာ အိန္ဒိယကို ကမ္ဘာ့ပို့ဆောင်ရေးဦးဆာင်သူတစ်ယောက် ဖြစ်လာစေဖို့နဲ့ ကမ္ဘာကိုပြောင်းလဲနိုင်တဲ့ လုပ်ငန်းအသစ်တစ်ခုကို အားပေးတဲ့သူတစ်ယောက်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်”

Virgin Hyperloop One ဟာ ဖိအားနည်းပြွန်တွေကို သံလိုက်အားနဲ့ မတင်ပြီးတော့ အမြန်နှုန်းမြင့်မားစွာနဲ့ ပို့ဆောင်နိုင်အောင် လုပ်ဆောင်နေပါတယ်။

၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်မှု သုံးခုလောက် ပြီးမြောက်အောင် စီမံထားတယ်လို့ သိရပါတယ်။

အိန္ဒိယမှာပြေးဆွဲမယ့်လမ်းကြောင်းဟာ ခရီးသွားချိန် ၉၀မီလျံလောက်ကို သက်သာစေနိုင်ပြီးတော့ နိုင်ငံသားတွေကိုလည်း လူမှုရေးနဲ့ရွှေ့ပြောင်းစီးပွားရေးတွေမှာ အခွင့်အလမ်းတွေ ရလာစေမှာပါ။

အဲဒီလမ်းကြောင်းဟာ နှစ်၃၀လောက်လည်ပတ်လိုက်မယ်ဆိုရင် လူမှုစီးပွားရေးအကျိုးအမြတ်အနေနဲ့ ဒေါ်လာ၅၅ဘီလျံလောက်အထိ ဖြစ်ထွန်းစေနိုင်ပါတယ်။ အဲဒီအကျိုးကျေးဇူးတွေထဲမှာ အချိန်သက်သာစေခြင်း၊မတော်တဆမှုတွေ လျှော့ချနိုင်ခြင်း၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်သက်သာခြင်းတွေ ပါဝင်ပါတယ်။

Hyperloop One စနစ်ဟာ Nevada ၊ North Las Vegas ကန္တာရထဲမှာ စမ်းသပ်စဉ်က ၁.၈မိုင် အပြည့်အ၀ ရရှိကြောင်း စမ်းသပ်ခဲ့ပါတယ်။၁၀၀% လျှပ်စစ် hyperloop စနစ်ဟာ လမ်းကျပ်ခြင်းတွေကို လျှော့ချပေးနိုင်ပြီးတော့ တစ်နှစ်ကို ဓါတ်ငွေ့ထုတ်မှုပေါင်း ၁၅၀ ၀၀၀ တန်လောက်ကိုလည်း သက်သာစေမှာပါ။

Virgin Hyperloop One နဲ့ကျွန်တော်တို့ဟာ Maharashtra ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအား၊ လုပ်ငန်းနဲ့ရင်းနှီးမှုတွေကိုဖိတ်ခေါ်နိုင်ခြင်းတွေ တိုးတက်မြင့်မားစေမှာပါ။

Pune-Mumbai hyperloop လမ်းကြောင်းဟာ စီးပွားရေးကိုတိုးမြှင့်ပေးမယ့် အားဖြည့်လောင်စာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ထောင်သောင်းနဲ့ချီပြီးတော့ ထုတ်လုပ်မှု၊ တည်ဆောက်မှု၊ ၀န်ဆောင်မှု၊ အိုင်တီနည်းပညာတွေဘက်မှာ ရရှိမှာပါ။

‘DevLoop’ ပရောဂျက်ကတော့ Nevada ၊ north Las Vegas မှာ စမ်းသပ်နေပါတယ်။Hyperloop pod ဟာ တတိယအကြိမ်စမ်းသပ်မှုမှာ တစ်နာရီကို မိုင်ပေါင်း၂၄၀ နှုန်းနဲ့စံချိန်အသစ် တင်နိုင်ခဲ့ပါတယ်။

အဲဒီပရောဂျက်ကိုတော့ ခြောက်လကြာလေ့လာမှုတွေပြုလုပ်ပြီးတော့ အများပိုင်-တစ်ဦးတည်းပိုင် ဖွဲ့စည်းပုံတွေကို ဆုံးဖြတ်သွားမှာပါ။

အဲဒီအဆင့်နောက်မှာတော့ hyperloop တည်ဆောက်မှုကို အဆင့်နှစ်ဆင့်နဲ့လုပ်ဆောင်သွားမှာပါ။

နောက်ပိုင်းပရောဂျက်တွေအနေနဲ့ central Pune နဲ့ Pune International Airport   လေဆိပ်အသစ် ၊ Jawaharlal Nehru Port တွေရဲ့လမ်းကြောင်းတွေကို ချဲ့ထွင်သွားမှာပေါ့။

DEVLOOP ဆိုတာ ဘာလဲ

‘DevLoop’ ပရောဂျက်ဆိုတာကတော့  ‘development Hyperloop’ ရဲ့ အတိုကောက်စာလုံးဖြစ်ပြီးတော့ Virgin Hyperloop One ရဲ့ ပို့ဆောင်ရေးစနစ်ကို track ၊ pod စနစ်တွေနဲ့စမ်းသပ်နေတာ ဖြစ်ပါတယ်။

၂၀၂၁ မှာ တစ်နာရီကို မိုင်ပေါင်း ၆၇၀ အထိ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။