ဒေါ်လာ ၁၉၉ နဲ့ရောင်းချမယ့် Apple ရဲ့ ကြိုးမဲ့ AirPower အားသွင်းယူနစ်

0
1653

Apple ရဲ့ ကြိုးမဲ့ AirPower အားသွင်းယူနစ်လေးကိုတော့ နောက်လမှာ ရနိုင်တော့မှာပါ။

ဘဲဥပုံpad လေးကတော့ ကြိုးမဲ့ပစ္စည်းလေးဖြစ်ပြီးတော့ Apple Watch နဲ့ iPhone 8 ၊ 8 Plus တို့ကို အားသွင်းနိုင်မှာပါ။

အဲဒီပစ္စည်းလေးရဲ့တန်ဖိုးကတော့ ဒေါ်လာ၁၉၉ လို့ သတင်းထွက်နေပြီး မတ်လလောက်မှာ launch လုပ်နိုင်တယ်လို့ Business Insider က ပြောထားပါတယ်။

အားသွင်းဖို့အတွက် ကြိုးမလိုအပ်ဘဲ Apple ထုတ်ကုန်သုံးမျိုးလောက်ကို တစ်ပြိုင်နက်တည်း အားသွင်းပေးနိုင်ပါတယ်။

Headphone တွေကို ကြိုးမဲ့အားသွင်းနိုင်တဲ့ Apple ရဲ့ ဘတ်ထရီ case လေးကို ၀ယ်ယူမယ်ဆိုရင် AirPower လေးကတော့ AirPod headphone တွေကို အားသွင်းနိုင်မယ်လို့လည်း သိရပါတယ်။ battery case နဲ့ AirPower ဟာ တစ်ချိန်တည်းမှာ ၀ယ်ယူနိုင်မယ့်အနေအထား ရှိနေပါတယ်။်

AirPower ကို မတ်လမှာ launch လုပ်မယ်လို့လည်း ဂျပန်ဝက်ဘ်ဆိုက် Mac Otakara ကပြောထားပါသေးတယ်။ Apple ဟာ AirPod ရဲ့ ဗားရှင်းအသစ်ကိုလည်း လုပ်ဆောင်နေတယ်လို့ ထပ်မံရေးသားထားပါသေးတယ်။

ကြိုးမဲ့အားသွင်းစနစ်ဆိုတာကတော့ ၁၉ရာစုနှစ်က Nikola Tesla ၊ Croatian inventor တို့ စတင်ခဲ့တဲ့ concept ဖြစ်ပြီးတော့ ပစ္စည်းနှစ်ခုအကြား လျှပ်စစ်သံလိုက်လှိုင်းနဲ့ ပါဝါကူးပြောင်းနိုင်မှာပါ။

အားသွင်းpad လေးမှာ ၀ိုင်ယာအခွေလေးတွေကို သံလိုက်ဘားလေးတွေနဲ့ ၀န်းရံထားပါတယ်။ ဒါကိုတော့ inductor လို့ ခေါ်ပါတယ်။

လျှပ်စီးလမ်းကြောင်းဟာ ၀ိုင်ယာခွေထဲကို စီးသွားတဲ့အခါ လျှပ်စစ်သံလိုက်လှိုင်းကို ဖန်တီးပေးပါတယ်။

စမတ်ဖုန်းအတွက်Voltage ပြောင်းခြင်း၊ အားသွင်းခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

Apple ရဲ့ အားသွင်းစနစ်မှာတော့ 7.5 watts မှာ လည်ပတ်ပါတယ်။

ဒါကြောင့် သာမန်အားသွင်းစနစ်တွေထက် ပိုမြန်တဲ့အားသွင်းနှုန်းမပေးနိုင်ပါဘူး။ 15 watts ကို standard အနေနဲ့ သတ်မှတ်ထားကြပါတယ်။

Mac Otakara ကတော့ AirPower ကို Apple မှာ ၀ယ်နိုင်သလို Best Buy တို့လို ပြန်လည်ရောင်းချသူတွေဆီမှာလည်း ၀ယ်နိုင်ကြောင်း ပြောပြထားပါတယ်။

မနှစ်က AirPower ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၁၉၉ ရှိမယ်လို့ Polish retailer က ခန့်မှန်းထားခဲ့ပါတယ်။ AirPower ထုတ်လုပ်နေကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Apple ကကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းလေးဟာ 2018 အထိ ပေါ်မလာသေးတာကတော့ နည်းနည်း ထူးဆန်းပါတယ်။