အရည်အသွေးမြင့် Android တက်ဘက်လိုချင်နေလား Huawei MediaPad M5 ရှိတယ်

0
1793

ကျွန်တော်တို့အမေးခံရတဲ့မေးခွန်းတွေထဲကတစ်ခုကတော့ high-end Android တက်ဘက်တွေကို ၀ယ်တဲ့အခါ ဘယ်အမျိုးအစားကိုဝယ်သင့်သလဲဆိုတာပါပဲ။ တရုတ်ကလာတဲ့ ဈေးသက်သာတဲ့ တက်ဘလက်တွေရှိနေတယ်။ quad-A53 processors အသုံးပြုထားတဲ့ Alcatel ရှိတယ်။ အတော်လေးခေါင်းစားစရာပါပဲ။ လိုချင်နေကြတာက high-end လည်းဖြစ်၊ Android လည်းဖြစ်ရမယ်။ iPad တွေအတွက်သာ high-end ဆိုတာက ဈေးကွက်ထဲမှာအလွယ်တကူရှာနိုင်ပါတယ်။

ဒါပေမယ့်လည်း မေးခွန်းတွေကတော့ တစ်နှစ်မှာ အကြိမ်ပေါင်းများစွာလာလေ့ရှိပါတယ်။ Huawei ကတော့ 2018: the MediaPad M5 ကို update လုပ်လိုက်ပြီးတော့ ဒီဈေးကွက်ကို ၀င်ရောက်လာပါတယ်။ အရွယ်အစားကတော့ နှစ်မျိုးရနိုင်မှာပါ။ ၈.၄လက်မ နဲ့ ၁၀.၈ လက်မတို့ ဖြစ်ပါတယ်။ အဓိက feature ကဘာဖြစ်နိုင်မလဲ။ SoC ပါ။ Kirin 960 ကတော့ နောက်ဆုံးထွက်ထားတဲ့ flagship SoC မဟုတ်ပေမယ့်လည်း Huawei Mate 9 ၊ Honor 8 Pro ၊  Honor 9 စမတ်ဖုန်းများ၊ ၂၀၁၇မှာ ထွက်ရှိခဲ့တဲ့ Huawei flagship တွေမှာ အသုံးပြုခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။

မြန်နှုန်းနှေးတဲ့ Arm Cortex A53-core တွေ၊ low-end graphic တွေကနေ ခုန်တက်လိုက်ခြင်းထက် Kirin 960 မှာက performance  အတွက် high-frequency A73 core လေးလုံး ၊ efficiency အတွက်က A53 core လေးလုံး ၊ Mali G71 8-cluster GPU solution ၊ Arm ရဲ့ BiFrost GPU architecture ကို အသုံးပြုထားပါတယ်။ ဒါကြောင့် CPU နဲ့ GPU လုံလောက်တာမို့ MediaPad ဟာ low-end Netflix တွေကြည့်ရုံလောက်သာသာမဟုတ်တော့ဘဲ Huawei ရဲ့ မကြာသေးခင်ကထွက်ရှိလာတဲ့ ဂိမ်းနဲ့ အသံ၊ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကို ခံစားရစေနိုင်မယ့် flagship တွေနီးပါး ဖြစ်လာပါတယ်။ MediaPad ဟာ ‘Game Mode’ ဆိုပြီး သီးသန့်ရှိသေးတာမို့ SoC graphics အတွက် power/current ကို ကန့်သတ်ပေးထားပြီး internal turbo frequencies တွေကိုလည်း ကြာရှည်အောင် လုပ်ဆောင်ထားပါတယ်။ display အတွက်ကတော့ 2560×1600 IPS panel တွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် ၈.၄လက်မဟာ 359 PPI ၊ ၁၀.၈လက်မဟာ 280 PPI အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ display တွေမှာ ‘ClariVu’ ကို အသုံးပြုထားတဲ့အတွက်ကြောင့် display software နည်းပညာကို ပိုမိုကောင်းမွန်စေပြီးတော့ အရည်အသွေးကို ၂၀% အထိ တိုးတက်လာစေပါတယ်။ ဘယ်လိုမျိုး လုပ်ဆောင်ထားသလဲ၊ ဘယ်လိုတိုင်းတာမှုတွေလုပ်ဆောင်ထားသလဲဆိုတာကို Huawei က ပြောမထားပေမယ့်လည်း software နဲ့သာဖြေရှင်းထားတယ်လို့ အတည်ပြုပေးထားပါတယ်။ MediaPad M5 ဟာ blue-color intensity ကို လျှော့ချပေးထားတဲ့ comfort mode လည်း ပါဝင်ပါတယ်။ brightness ၊ contrast ratio ၊ color accuracy တွေကတော့ ပြောမထားပါဘူး။ MediaPad ဒီဇိုင်းကတော့ aluminium unibody ဖြစ်ပြီးတော့ ၁၀.၈လက်မမှာ စပီကာလေးလုံးပါဝင်ပြီး ၈.၄လက်မမှာတော့ နှစ်လုံးသာ ပါဝင်ပါတယ်။ စပီကာတွေအားလုံးကတော့ အနောက်ဘက်မှာဖြစ်ပြီးတော့ harmon/kardon နဲ့ တွဲဖက်လုပ်ဆောင်ထားတာပါ။ Huawei ဟာ သူ့ရဲ့ Histen surround sound software ကို မိတ်ဆက်နေတဲ့ကာလဖြစ်တာမို့ MediaPad M5 ကတော့ အစောပိုင်းရနိုင်တဲ့အထဲမှာ ပါဝင်သွားပါတယ်။ ဒါကြောင့် အသံအရည်အသွေးကောင်းကောင်းကို ခံစားနိုင်တော့မှာပါ။

ဘတ်ထရီအနေနဲ့ကတော့ ၈.၄လက်မမှာ 5100 mAh ဖြစ်ပြီးတော့ 1080p ဗွီဒီယိုကြည့်မယ်ဆိုရင် ၁၁နာရီကြာမှာဖြစ်ပြီးတော့ နှစ်နာရီသွင်းတာနဲ့ အားပြည့်မှာပါ။ ၁၀.၈လက်မမှာတော့ backlight လိုအပ်ပြီး 7500 mAh ကို အသုံးပြုထားပါတယ်။ 1080p ဗွီဒီယိုကြည့်မယ်ဆိုရင်တော့ ၁၀ နာရီလောက်အထိ ခံမှာဖြစ်ပါတယ်။ အားသွင်းရင်တော့ သုံးနာရီကြာမှာပါ။ အားအမြန်သွင်းနည်းပညာကို အသုံးပြုနိုင်ပါတယ်။

MediaPad M5 ကို အရောင်နှစ်မျိုးရနိုင်ပါတယ်။ Champagne Gold နဲ့ Space Grey ပါ။ ဈေးနှုန်းကတော့ official လုပ်တဲ့အချိန်မှ ကြေညာမှာပါ။ MediaPad M5 ရဲ့ အဓိကပြိုင်ဘက်ကတော့ Samsung Galaxy Tab S3 ဖြစ်နိုင်ပါတယ်။ သူကတော့ Snapdragon 820 SoC ကို အသုံးပြုထားပြီး မနှစ်တုန်းက launch လုပ်ခဲ့တာပါ။

MediaPad M5 Pro

ပုံမှန် M5 တက်ဘလက်နှစ်လုံးအပြင် Huawei ဟာ M5 Pro version တစ်လုံးလည်း launch လုပ်ထားပါတယ်။ M5 Pro ကတော့ pen နဲ့အသုံးပြုနိုင်ပြီးတော့ ၁၀.၈လက်မဗားရှင်းနဲ့ ဆင်တူပါတယ်။ သူကတော့ နောက်ဆုံးထွက်၇ှိထားတဲ့ M-Pen နည်းပညာကိုအသုံးပြုထားပါတယ်။ M-Pen ကတော့ M5 Pro ဘူးထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။ USB Type-C အသုံးပြုပြီးတော့ အရင် M-Pen ကို အဆင့်မြှင့်တင်ထားပါတယ်။ pen ဟာ pressure အဆင့် 4096 အထိထောက်ပံ့ထားပြီးတော့ တစ်ခါအားသွင်းထားရင် ရက် ၅၀ ကြာအသုံးပြုနိုင်မှာပါ။

M5 Pro မှာ keyboard case accessory လေးပါဝင်တဲ့အတွက်ကြောင့် တက်ဘလက်ကို physical keyboard လေးနဲ့အသုံးပြုချင်ရင် Huawei ရဲ့ Desktop Mode ကို ပြောင်းသုံးနိုင်ပါတယ်။ Mate 10မှာပါတဲ့ desktop mode နဲ့ ဆင်တူပြီးတော့ Windows-esque environment နဲ့ file management တွေကို လွယ်ကူစွာအသုံးပြုနိုင်မှာပါ။ ဈေးနှုန်းနဲ့ ဘယ်နိုင်ငံတွေရနိုင်မလဲဆိုတာကတော့ ပွဲနေ့မှာ သိရပါလိမ့်မယ်။