လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ Volt ဒရုန်း

0
1554

လျှပ်စစ်ကားတွေထွက်ပေါ်လာတဲ့အခါ ကားမှာဖြည့်ဖို့အတွက် ဆီလောင်ကန်တွေ မလိုအပ်တော့ဘူး။ ဘတ်ထရီလေးသာ လိုအပ်ပါတော့တယ်။ ဒါကြောင့်လည်း Volt ဆိုတဲ့ ကားကိုအားသွင်းပေးနိုင်တဲ့ concept လေး ထွက်ပေါ်လာခဲ့တာပါ။ ကိုရီးယားဒီဇိုင်းနာ 92 white က ဖန်တီးခဲ့တဲ့အဲဒီ ဒီဇိုင်းလေးကတော့ အခြားသောဒရုန်းတွေနဲ့ ကားအနားကို မရောက်ခင်အထိ အတူတူပါပဲ။ ရောက်သွားရင်တော့ အဖုံးလေးကိုဖွင့်ပြီးတော့ အားသွင်းကြိုးကို ချိတ်ဆက်ပေးလိုက်ပါ။ ၀န်ဆောင်မှုကိုရယူခြင်းနဲ့ ငွေပေးချေခြင်းတွေကတော့ app လေးကနေတစ်ဆင့် လုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ဒရုန်းရနိုင်တဲ့အကွာအဝေးမှာသာ သုံးစွဲနိုင်မှာပါ။

အရွယ်အစားလေးကတော့ 1156 x 1000 x 430(mm)

အသုံးပြုပုံလေးကတော့ လျှပ်စစ်ကားတွေ ဘတ်ထရီကုန်သွားပြီဆိုရင် Volt ကို app လေးထဲကတစ်ဆင့် ခေါ်လိုက်ပါ။ သုံးစွဲသူတွေဟာ သူတို့ရဲ့ အချက်အလက်တွေ၊ အနီးနားမှာရှိတဲ့ဝန်ဆောင်မှုတွေကို တွေ့မြင်ရမှာပါ။ သုံးစွဲသူရဲ့ အချက်အလက်တွေကနေတစ်ဆင့် Volt ဟာ ဘယ်နေရာလဲဆိုတာကို သိရှိပြီးတော့ အရောက်လာပေးမှာပါ။ ဒရုန်းဟာ သုံးစွဲသူကို ဘတ်ထရီဖြည့်ပေးပြီးတော့ ပြန်သွားမှာပါ။ သုံးစွဲသူကတော့ app ကနေတစ်ဆင့် ငွေပေးချေမှုတွေ လုပ်ဆောင်ရမှာပါ။

အားသွင်းရုံတွေ အများအပြားမရှိသေးတဲ့ အခက်အခဲကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။

ဒရုန်းလေးမှာ စောင့်ကြည့်မယ့် အနောက်ကင်မရာလေး ပါဝင်ပါတယ်။

ဒါကြောင့် ပျံသန်းနေစဉ်အတွင်း အတားအဆီးတွေကို သိရှိနိုင်စေမှာပါ။ အပူကိုလည်း လျှော့ချနိုင်စေဖို့အတွက် air vent လေးကိုလည်း ထည့်သွင်းထားပါတယ်။

နှစ်ခုကို တစ်ခုတည်း ပေါင်းရေးပေးထားပါတယ်။