Concept ဖုန်းတွေက အတော်လေးမိုက်ပါတယ်။ နောက်ထွက်ရှိလာမယ့် feature အသစ်တွေအကြောင်းကို ထုတ်လုပ်သူတွေဆီကနေ တိုက်ရိုက်ချပြတဲ့ဖုန်းတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒီနေ့မှာလည်း Vivo ရဲ့ feature အသစ်သုံးမျိုးကို တွေ့မြင်လိုက်ရပါတယ်။
Vivo Apex ကတော့ concept ဖုန်းတစ်မျိုးဖြစ်ပြီးတော့ အနာဂတ်မှာ ဈေးကွက်ကိုယူဆောင်လာမယ့် feature သုံးမျိုး ထည့်သွင်းထားပါတယ်။ CNET ဆီကနေ ဟန်းဆက်ကိုကြည့်ရသလောက်တော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ တွေ့မြင်လိုက်ရပါတယ်။
ပထမဆုံး feature ကတော့ ဆယ်လ်ဖီကင်မရာပါ။ သူကတော့ အသုံးပြုမယ့်အချိန်မှာ အပေါ်ကပုံလိုထွက်ပေါ်လာမှာပါ။ Vivo Apex concept ဖုန်းအတွက် ဒါကလည်း လိုအပ်ချက်တစ်ခုပါ။ Vivo ဟာ အပေါ်နဲ့ ဘေးတွေကို 1.8 mm လျှော့ထားပြီးတော့ အောက်ကို 4.3mm လျှော့ထားတာဆိုတော့ ဒီလိုလုပ်မှပဲရမှာပါ။ ဒီအတွက် ဆယ်လ်ဖီကင်မရာထားဖို့ အဟိုက်လေးမလိုအပ်တော့ပါဘူး။ ကင်မရာပေါ်လာဖို့အတွက် ၀.၈စက္ကန့်ကြာပါတယ်။ ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ Vivo Apex ရဲ့ အနောက်ဘက်မှာတော့ ကင်မရာနှစ်လုံးကို အသုံးပြုထားပါတယ်။
ဒုတိယတစ်ခုကတော့ Vivo Apex ဟာ display ပေါ်က မတူညီတဲ့ လက်ဗွေရာနှစ်ခုကို ဖတ်နိုင်ခြင်းပါ။ မျက်နှာပြင်အောက်က လက်ဗွေရာစနစ်ကို Vivo X20 Plus UD မှာ ၂၀၁၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပါသေးတယ်။
fingerprint reader ကတော့ display ရဲ့ အောက်ဘက်တစ်ဝက်လောက်ကို နေရာယူထားပြီးတော့ အောက်နားက စက်ဝိုင်းပုံစံအသေးလေးသာသာ မဟုတ်တော့ပါဘူး။ ဒါကြောင့် တစ်ပြိုင်တည်း လက်ဗွေနှစ်ခုကို ဖတ်နိုင်စေပါတယ်။ ဒါ့အပြင် ဖုန်းကိုလော့ခ်ဖွင့်ချင်ရင် ဖုန်းအောက်နားလေးကို တင်လိုက်တာနဲ့ ရမှာဖြစ်ပြီး တည်နေရာအတိအကျကို လိုက်ရှာနေစရာမလိုတော့တာလည်း အားသာချက်တစ်ခုပါပဲ။
နောက်ဆုံးfeature တစ်ခုကတော့ “SoundCasting” လို့ အမည်ပေးထားပါတယ်။ ဒီအတွက် ဖုန်းဟာ audio ဖွင့်ထားတဲ့အချိန်မှာတုန်ခါပေးမှာပါ။ ဒီလိုဖြစ်တာကတော့ ဂိမ်းကစားနေတဲ့အချိန်၊ ဖုန်းဝင်တဲ့အချိန်၊ ဗွီဒီယိုကြည့်နေတဲ့အချိန်မျိုးမှာပါ။ Sony ဟာ Xperia XZ2 မှာ မိတ်ဆက်ခဲ့သလို ၊ Xiaomi ဟာ Mi Mix ဟာ ထည့်သွင်းပေးခဲ့သလိုမျိုးပါပဲ။
Vivo Apex concept ဖုန်းလေးရဲ့ အသေးစိတ်အချက်အလက်တွေကို ကြည့်လိုက်ရအောင်။
6-inch OLED display with minimal bezels
1080×2160 screen resolution
8MP front-facing camera
Dual rear cameras
In-screen fingerprint reader that supports reading two prints
Vivo ဟာ ဘယ်အချိန်ထုတ်ပေးမလဲ၊ ဈေးကွက်အခြေအနေကရော ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် ထွက်ပေါ်လာမယ့် ဆယ်လ်ဖီကင်မရာလေးကိုတော့ စောင့်ကြည့်ချင်ပါတယ်။ Vivo India ကလည်း သူနဲ့ပတ်သတ်တဲ့ ဗွီဒီယိုလေးကို မျှဝေခဲ့ပါသေးတယ်။