တကယ့်စာရွက်ပေါ်မှာ ရေးခြစ်နိုင်ပြီး ဒီဂျစ်တယ်အဖြစ် ပြောင်းလဲနိုင်တဲ့ ဘော့လ်ပင်

0
1598

analog writing သာမက မှတ်စုတွေနဲ့ ပုံကြမ်းတွေကို ဒီဂျစ်တယ်ပုံစံပြောင်းခြင်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ Moleskine ရဲ့ smart writing စနစ်လေးက ပြီးပြည့်စုံတဲ့ပေါင်းစပ်မှု ဖြစ်ပါတယ်။ ကမ္ဘာနှစ်ခုစလုံးမှာ အကောင်းဆုံးတွေပေးစွမ်းနိုင်မှာ ဖြစ်ပေမယ့်လည်း သင်တန်းတော့ နည်းနည်းတက်ရပါလိမ့်မယ်။ သူတို့ရဲ့ထုတ်ကုန်အသစ်လေးကတော့ standalone smart pen ဖြစ်တာမို့ လွယ်ကူရိုးရှင်းပြီး အကုန်အကျလည်း သက်သာပါတယ်။ Pen + Ellipse smart pen သာ သိရှနိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်းတွေအပြင် analog note တွေကို ချိတ်ဆက်ထားတဲ့ စမတ်ဖုန်း၊ တက်ဘလက်တွေမှာ ဒီဂျစ်တယ်ဖိုင်အဖြစ် အသုံးပြုနိုင်မှာပါ။

Pen + Ellipse ဟာ သာမန် pen တစ်ချောင်းလိုမျိုးပါပဲ။ သူ့မှာ တောက်ပနေတဲ့ အလင်းလေးဟာ ထိပ်ဖျားမှာ ရှိပြီးတော့ smart pen ဖြစ်ကြောင်း ပြသနေပါတယ်။ မင်ကိုပြန်လည်ဖြည့်နိုင်ပြီးတော့ notebook cover မှာလည်းချိတ်ထားနိုင်ပါတယ်။ သူ့မှာ USB port ရှိတဲ့အတွက် အတွင်းဘတ်ထရီကို အားသွင်းနိုင်ပါတယ်။ သူ့ကို တကယ့်မှတ်စုစာအုပ်၊ စာရွက်တွေမှာ ရေးခြစ်နိုင်ပြီးတော့ ဒီဂျစ်တယ်နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Moleskine Smart Planners နဲ့ Paper Tablets တွေကို အသုံးပြုဖို့လိုအပ်မှာပါ။

Google Play Store မှ mobile app လေးကို စမတ်ဖုန်း၊ တက်ဘလက်မှာ သွင်းထားဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ Moleskine ရဲ့ smart ပစ္စည်းလေးနဲ့ ချိတ်ဆက်လိုက်ပါ။ စာမျက်နှာတွေ၊ နေ့စွဲတွေ၊ အချိန်တွေကိုလည်း သိရှိနိုင်ပါတယ်။ ဒါကြောင့် အရာတိုင်းကို ဒီဂျစ်တယ်ပြောင်းနေဖို့ မလိုအပ်ပါဘူး။ ချိတ်ဆက်ထားတဲ့ မိုဘိုင်းလ်ပစ္စည်းတွေမှာ ချန်ထားခဲ့တဲ့နေရာကစပြီးတော့ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Pen + Ellipse smart pen ဟာ ဒေါ်လာ ၁၇၉ ကုန်ကျမှာဖြစ်ပြီးတော့ မင်ကို ပြန်လည်ဖြည့်နိုင်ပါတယ်။ Volant XS Starter Journal ၊ USB charging cable တွေလည်း ပါဝင်ပါတယ်။ အခုအချိန်မှာတော့ Moleskine online store တွေမှာ ၀ယ်ယူနိုင်ပါပြီ။