စီးပွားရေးလုပ်ငန်းသုံးအတွက် ရည်ရွယ်ထားတဲ့ iSIM နည်းပညာ

0
176

ဆင်းကဒ်တွေဟာ သုံးစွဲသူတွေအတွက်တော့ အတော်လေးကောင်းမွန်ပါတယ်။ ဖုန်းတစ်လုံးကနေ တစ်လုံးကို ပြောင်းဖို့လွယ်ကူပါတယ်။ ဒါပေမယ့် လုပ်ငန်းသုံးတွေအတွက်၊ မြှုပ်နှံပစ္စည်းတွေအတွက်တော့ အဆင်မပြေတော့ပါဘူး။ network ပြောင်းလဲလိုက်ရင် နစ်နာသွားနိုင်တဲ့အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကိုဖြေရှင်းပေးမှာကတော့ ဖြုတ်တပ်လို့မရပေမယ့်လည်း ပြန်လည်ရေးသားနိုင်စွမ်းရှိတဲ့ eSIM လေး ထွက်ပေါ်လာပါပြီ။ Google ရဲ့ Pixel 2 နဲ့ Pixel 2 XL တို့ကတော့ eSIM ကိုထောက်ပံ့ပေးနိုင်တဲ့ ပထမဆုံးသောဖုန်းတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး Apple Watch 3 နဲ့ ZTE Quartz တို့မှာ အသုံးပြုနိုင်ပါတယ်။

GSMA Embedded SIM အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ‘iSIM’ ဆိုတဲ့ နည်းပညာအသစ်လေးကို ARM က ကြေညာလိုက်ပါတယ်။ သူဟာ Internet of Things (IoT) တွေအတွက် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီးတော့ လုံခြုံတဲ့အလွှာထဲမှာ SIM အချက်အလက်တွေကို သိမ်းဆည်းထားတာပါ။ လက်ရှိ eSIM စံနှုန်းနဲ့ကြည့်လိုက်ရင် ရနိုင်တဲ့အကျိုးကတော့ ကုန်ကျစရိတ်လျှော့ချနိုင်ပါတယ်။ eSIM ကို သီးသန့် chipတွေနဲ့ အသုံးပြုထားပေမယ့်လည်း iSIM ကတော့ ပစ္စည်းလေးရဲ့ ပရိုဆက်ဆာထဲမှာ တစ်ပါတည်း ထည့်သွင်းထားမှာပါ။

iSIM တွေအတွက်လုပ်ဆောင်မလားဆိုတဲ့မေးခွန်းကတော့ အတော်လေးစောနေပါသေးတယ်။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ စောင့်ရပါဦးမယ်။ အပေါ်မှာပြောခဲ့သလိုပဲ eSIM ထောက်ပံ့နိုင်တဲ့ဖုန်းကတော့ တစ်လုံးတည်းသာရှိသေးတာမို့ carrier ကလည်း တစ်ခုပဲ ရနိုင်မှာပါ။ SIM ကိုမြှုပ်နှံထားတဲ့နည်းပညာကတော့ သာမန်သုံးစွဲသူတွေအတွက် အဆင်မပြေပေမယ့်လည်း လုပ်ငန်းသုံးတွေအတွက်ကတော့ အသုံးဝင်ပါတယ်။ ဥပမာ – လုပ်ငန်းသုံးဖုန်းတွေကို ဖုန်းလိုင်းတစ်ခုကနေ နောက်တစ်ခုကိုပြောင်းတဲ့အခါမှာ သုံးစွဲသူတွေက ဘာမှလုပ်စရာမလိုတော့ပါဘူး။